Tuesday, September 8, 2015

ပုဆိန်ရိုးဇာတ်လမ်း

"ပုဆိန်ရိုး ဇာတ်လမ်း" ၂၂.၁.၁၃ ည ပေါင်းတည်မှာ ၈၈မျိုးဆက်ကျောင်းသားအဖွဲ့ ရဲ့  စာပေဟောပြောပွဲမှာ ကိုမင်းကိုနိုင် ဟောပြောသွားတဲ့  ခေါင်းစဉ်က "ပုဆိန်ရိုး နဲ့  ဖေ့စ်ဘွတ်" တဲ့ ..။ သူပြောသွားတာတွေထဲမှာ ပုဆိန်ရိုးနဲ့ ပတ်သက်တဲ့ ကဗျာ ရှည်တပုဒ်ကို လည်း ရွတ်ပြသွားပါတယ်..။ကဗျာကရှည်တာ ကတကြောင်း..။ လက်တန်းနားထောင်လိုက်ရတာမို့  အကုန်လုံးစေ့ ပတ်စေ့  ပြန်မပြောနိုင်ပါဘူး..။မှတ်တမ်း ဗီစီဒီ ခွေကလေး ဘာလေးလဲ ကိုယ့်ဆီမှာ မရှိတော့ ပြန်မရှယ်ပေးနိုင်ပါဘူး..။ကိုမင်းကိုနိုင်ကလည်း သူဟောပြောချက်ရဲ့  အဆုံးသတ်မှာ သူပြောချင်တဲ့  သတင်းစကားကို ပရိသတ်တွေ ဆီ မရောက်မှာကို စိုးရိမ်ကြောင်း ပြောသွားသေးတယ်..။ဖေ့ စ်ဘွတ်နဲ့  ပုဆိန်ရိုးကို ဘယ်လို ဆက်စပ်တွဲသုံးသွားလဲ ဆိုတာ ကိုတော့ ကိုယ်နားမလည်လိုက်ဘူး..။ဘာလို့ လဲ ဆိုတော့ အဲဒီအချိန်မှာ စကားပြောစင်နဲ့  နဲနဲ လှမ်းနေလို့  ဖြစ်မယ်ထင်ပါတယ်..။ ပုဆိန်ရိုးနဲ့ ပတ်သက်ပြီး.. ကိုယ်နားလည်လိုက်တာကတော့ အမှောင်လွှမ်းတဲ့ ခေတ် တခေတ်လုံးမှာ စစ်အာဏာရှင်အုပ်စိုးသူတွေက ဒီမိုကရေစီ တောင်းဆိုသူတွေကို ပြည်ပအားကိုး ပုဆိန်ရိုးတွေ လို့  တချိန်လုံး အပုပ်ချစွပ်စွဲခဲ့ တယ်..။ဒါပေမယ့်  တတိုင်းပြည်လုံး ကို သစ်တောကြီးတွေ ပြောင်တလင်းခါသွားအောင် ခုတ်သလိုမျိုး ခုတ်ထစ်ဖျက်ဆီး ခဲ့ တာက ပုဆိန်ရိုးတွေမဟုတ်ပါဘူး..။အိမ်နီးချင်း နိုင်ငံတွေက လွှစက်တွေ နဲ့ အချိန်တို အတွင်း ၀င်ရောက် ခုတ်ယူဖျက်ဆီးသွားခဲ့ တယ်..ဆိုတဲ့ သဘောလေး တင်စားသွားပါတယ်..။ပုဆိန်ရိုးလို့  စွပ်စွဲခံခဲ့ ရသူတွေ ကြောင့်  တိုင်းပြည် ပျက်ဆီးခဲ့ တာ မဟုတ်ဘူး လို့  ချေပလိုက်တာပါ...။ တတိုင်းပြည်လုံးပြောင်သလင်းခါ သွားအောင် တိုင်းပြည့် သယံဇာတတွေကို အိတ်ထဲ ထဲ့ သွားခဲ့ သူတွေဟာ စစ်အာဏာရှင်တွေက ပုဆိန်ရိုးလို့  စွပ်စွဲခဲ့ သူတွေ မဟုတ်ဘူး..။နောင်မွေးလာမယ့်  ကလေးတွေ သာမက ခုလက်ရှိ ကလေးတွေပါ ပညာကောင်းကောင်းမသင်နိုင် အစာရေစာ၀၀လင်လင် မစားနိုင်အောင် မရှိနွမ်းပါးတဲ့  သက်ကြီးရွယ်အို တွေ ကို ကျန်းမာရေးစောင့်ရှောက်မှု တွေ မပေးနိုင်အောင်..အမျိုးကောင်းသမီးလေးတွေဟာ သူတပါးနိုင်ငံမှာ သူတို့ သမီး အဖြစ် ရောင်းအစားခံရအောင် တိုင်းပြည်ကို ဖျက်ဆီးခဲ့ သူတွေဟာ ဒီမိုကရေစီ အင်အားစုတွေကို ပြည်ပအားကိုး ပုဆိန်ရိုးလို့  စွပ်စွဲံခဲ့ သူ စစ်အာဏာရှင်တွေ သာဖြစ်တယ်..။အဆုံးသတ်မှာ ပုဆိန်ရိုးလို့  စွပ်စွဲခံခဲ့ ရသူတွေ နဲ့  လက်တွဲသွားမယ် လို့  ဖိတ်ခေါ်တဲ့  သဘောမျိုးပါတဲ့  ကဗျာ ရှည်ကို လည်း ရွတ်ပြသွားပါတယ်..။သူပြောတာတွေ ကို အကုန်လုံး မခြုံငုံမိရင် ခွင့်လွှတ်ပါ..။ဘာဖြစ်လို့ လဲ ဆိုတော့ အဲဒီစာပေဟောပြောပွဲ ထက်... ပုဆိန်ရိုးဆိုတဲ့ ဝေါဟာရက ကိုယ့်ကို လွှမ်းမိုးသွားလို့ ပါ..။ အဲဒီဟောပြောပွဲ အပြီး နောက်တနေ့  မနက် မိသားစုရေနွေးကြမ်းဝိုင်းမှာ အိမ်မှာ..မလိုက်နိုင်ပဲ ကျန်ခဲ့ တဲ့  ဖေဖေ့ကို ဟောပြောပွဲကအကြောင်းတွေ ပြန် ဖောက်သည်ချရင်း..ပု ဆိန်ရိုး ဆိုတဲ့  ဝေါဟာရကို ဘယ်သူများထွင်ခဲ့ ပါလိမ့် လို့ ကိုယ်က မေးမိတယ်..။ကိုယ့်အမျိုးသားကတော့ ဗကပတွေ တီထွင်သွားတဲ့  ဝေါဟာရ ထင်တယ်ပေါ့ ..။ပုဆိန်ဆိုတာ အသွားနဲ့ တင် ခုတ်လို့ မရဘူး..။ ပုဆိန်အ ရိုး ရှိမှ ခုတ်လို့  ရတယ်..။ဒီတော့ သူတို့  ဆိုလိုချင်တဲ့  ပုဆိန်ရိုးဆိုတာ ပုဆိန်နဲ့ ခုတ်ထစ်နိုင် ဖို့  အခရာကျတဲ့  လက်ကိုင်တုတ်သဘောမျိုး သုံးတာလို့သူထင်တာကိုပြောတယ်..။ ကိုယ်ကလည်းနားထောင်ရင်း..အင်းးးဖြစ်နိုင်တယ်ပေါ့ ..။ ဖေဖေကတော့..သူသိသလောက် ဒီဝေါဟာရကို တွင်တွင် သုံးခဲ့ တာ သွားလေသူ အာဏာရှင်ကြီး ဦးနေ၀င်း ထင်တယ်တဲ့ ..။သူကဒီလို ဝေါဟာရ အသစ်အဆန်းတွေ ထွင် ချင်သူကြီးကိုး..။ ဖေဖေ သဘောပေါက်ထားတဲ့  ပုဆိန်ရိုး ဆိုတာကတော့သစ်သားကို သံသွားနဲ့  ခုတ်ဖို့  မျိုးတူ သစ်သားကိုပဲ လက်ကိုင်တုတ် လုပ်ထားတဲ့  အရာ..။ဆိုလိုချင်တာကတော့ ကိုယ့်အမျိုးတူချင်းကို ခုတ်ဖို့  အမျိုးချင်း သစ္စာဖောက်သူ တွေလို့  ထင်ဟပ်သုံးတာ ဖြစ်မယ်ပေါ့ ..။ကိုယ်တို့ မိသားစု စကားဝိုင်းမှာက ဒီလိုပဲ ကိုယ့် အမြင် သူ့ အမြင် ရောက်တတ်ရာရာ ဖလှယ်နေကျ ဆိုတော့ ပုဆိန်ရိုးနဲ့  ပတ်သက်ပြီးလဲ ..သူ့ အမြင် ကိုယ့် အမြင် တွေ ပြောမိကြတယ် ..။ ကိုယ်ကတော့ သူတို့  နှစ်ယောက် ပြောနေတဲ့  ပုဆိန်ရိုး ဇာတ်လမ်းကနေ..လွန်ခဲ့ တဲ့  (၁၄....၅)နှစ်တုံးက ပြည်ပအားကိုး ပုဆိန်ရိုး ဆိုတဲ့ စကား နဲ့  ပတ်သက်ပြီး စိတ်ထိခိုက် ခဲ့ ရတာကလေး တခုကို သွားသတိရမိတယ်..။အဲဒီတုံးက ကိုယ့်သားလေးက စကားတတ်ကာစ အရွယ်..။သူချစ်တဲ့  သူ့ ဘဘကြီးကို ခဏခဏ စစ်ထောက်လှမ်းရေးတွေက ခေါ်ခေါ်သွားတာ သူတွေ့ နေရတာ..ကိုး။ . .သူ့ ဘဘကြီးကို ဘာလို့ ဒီလို ခဏခဏ အိမ်က ခေါ်သွားရတာလဲ..လို့ ကိုယ့်ကို မေးတယ်..။ကလေးကငယ်သေးတော့ သူလက်ခံနိုင်လောက်အောင် လွယ်လွယ်ကူကူ အဖြေတခုခု ပြောပြရတာပေါ့ ..။ ဘဘကြီးက စစ်တပ်ထဲကို သွားသွားနေရတာ ဒီမိုကရေစီ ရအောင် သွားတောင်းဆိုပေးနေတာလို့ ..။ အဲဒီကတည်းက အိမ်နားနီးချင်းတွေက "သားဘဘကြီး ဘယ်သွားလဲ " လို့  မေးတိုင်း " ဒီမိုကရေစီ သွားတောင်းတယ် " လို့  ခပ်တင်းတင်းဖြေတော့တာပဲ..။အိမ်နားနီးချင်းတွေကလည်း မပီကလာ ပီကလာ ဖြေတဲ့  ကလေးစကားကို သဘောကျကြ တယ် ထင်ပါရဲ့ ..။သားကို တွေ့ တိုင်း ဒီမေးခွန်းကိုပဲ မေးနေတော့တာပဲ...။နောက်ပိုင်း သူ့ ဘဘကြီး အိမ်ပြန်ရောက်လာတော့ ဘဘကြီး ဒီမိုကရေစီ ရခဲ့ လားလို့  ..သတိတရ နဲ့  မေးတော့ သူ့ ဘဘကြီးက လွမ်းနေတဲ့  သူ့မြေးကြီးကို ကောက်ချီပြီး.." အေးတောင်းခဲ့ ပါတယ်ကွာ..။သားတို့ခေတ်မှာ ရရ မှာပေါ့ " လို့  သူ့ မြေးကျေနပ်အောင် ဖြေလိုက်သေးတယ်...။ဘာပဲ ဖြစ်ဖြစ် ကလေးလေးတွေ ရဲ့  စိတ်ထဲမှာ တစုံတခုဟာ စွဲစွဲလန်းလန်း ရှိတတ်တာကိုး..။သူ့ ဘဘကြီးဟာ သူ့ အတွက် သူရဲကောင်းကြီး တယောက်ပေါ့ လေ...။ကိုယ်တို့  မိသားစုတွေ ကတော့ အမှောင်လွှမ်းတဲ့  ရက်တွေမှာ ဒီလိုပဲ ကြံဖန် အားတင်းနေရတတ်တာ .နေသားကျနေပါပြီ.။ ဒီလိုနဲ့  မြေးအဖိုးနှစ်ယောက် တပြုံးပြုံးနဲ့  အလွမ်းသယ်နေတဲ့  တနေ့ မှာတယ်လီဗီးရှင်း ထဲက ငှက်ဆိုးထိုးတဲ့  အသံမျိုးကြီး နဲ့  "ပြည်ပ အားကိုး ပုဆိန်ရိုး အဆိုးမြင်ဝါဒီများအား ရှုံ့ ချကြ" ဆိုတဲ့  အသံကြီးကို ကြားလိုက်တဲ့  သားကလေးက ထုံးစံအတိုင်း အမေးအမြန်းထူပါတော့တယ်..။ပြည်ပ အားကိုး ပုဆိန်ရိုး ဆိုတာ ဘယ်သူ တွေကို ပြောတာလဲ မေမေ " တဲ့ ..။အရာရာ အရွဲ့ တိုက် သရော်ချင်တတ်တဲ့  ကိုယ့်ပါးစပ်က လွှတ်ခနဲ ထွက်သွားလိုက်မိတယ်..။"ဘဘ တို့ကို ပြောတာ" လို စိတ်ပေါက်ပေါက် နဲ့ ဖြေလိုက်မိတယ်.့။ကိုယ့် အဖြေကို ကြားလိုက်တဲ့  သားကလေးက သူ့ ဘဘကို ဖျပ်ခနဲ လှမ်းကြည့် လိုက်တယ်..။ ကိုယ်လဲ လွှတ်ခနဲ ထွက်သွားပြီး လျှာချောင်လိုက်မိတဲ့  ကိုယ့် စကားကို ဘယ်လိုမှ ရုပ်သိမ်းချိန်မရလိုက်တော့ပါ..။ချက်ခြင်းပဲ ကိုယ်တွေ အပေါ် အင်မတန် စိတ်ရှည်တဲ့  ဖေဖေ ရဲ့  စိတ်ခံစား ပေါက်ကွဲမှု ကို စိတ်မကောင်းခြင်းကြီးစွာ မြင်လိုက်ရတယ်..။တုန်ရီနေတဲ့  အသံနဲ့  ဖေဖေ ဘာတွေ ပြောနေတယ် ဆိုတာ မသဲကွဲအောင်ကို ကိုယ့်မှာနောင်တတွေ ယူကျုံးမရ ရနေပါတယ်..။ "တခြားသူတွေ ဖေဖေ့ ကို ဘယ်လိုသဘောထားထား ဖေဖေ မမှုဘူး..။ဒါပေမယ့်  ဖေဖေ့ ကို သမီးကကော အဲလို သဘောထားနေလား..။အထူးသဖြင့်  ဖေဖေ့ မြေးကလေးက ဖေဖေ့ ကို အဲလို အထင်လွဲသွားမှာ ဖေဖေ မခံစားနိုင်ဘူး..။သမီးရယ် ရှုပ်သလို နောက်သလိုနဲ့ တောင် နောက်ကို ဒီစကားမျိုးမပြောပါနဲ့ " တကယ်တော့ ပြည်ပအားကိုး ပုဆိန်ရိုးလို့  စွပ်စွဲခံရသူတွေကို စွပ်စွဲသူစစ်အာဏာရှင်တွေနဲ့  စစ်ဝါဒီတွေက ပုဆိန်ရိုးတွေ သုံးပြီး အခုတ်အထစ်ခံခဲ့ ရသေးတဲ့  ပုဆိန်ရိုးဇာတ်လမ်းတွေလည်း အများ ကြီး ကြုံ ခဲ့ ရကြတယ်..။တနည်းပြောရရင် ကိုယ့် အရိုးနဲ့  ကိုယ့်ပြန်ထိုးခံရတာတွေပေါ့ လေ..။ဖေဖေကတော့ သူ့ သမီးတွေ ဖတ်ဖို့ နဲ့  သူချစ်တဲ့ မြေးတွေ ကြီးလာရင် သူ့ကို နားလည်ဖို့  မှတ်တမ်းတချို့ တ၀က် ရေးဖြစ်ခဲ့ တယ်..။ အဲဒီအချိန်က ဖေဖေ ထိရှ ခံစားခဲ့ ရတာတွေကို ခုချိန်မှာ ပြန်ဖတ်ပြီး စာနာနားလည်ရင်း ပုဆိန်ရိုးလို့  လက်လွတ်စပါယ်ပြောခဲ့ မိတာကို နောင်တတွေ ရနေပါတယ်..။ခွင့် လွှတ်ပါ ..ဖေဖေ။

No comments:

Post a Comment