Wednesday, November 18, 2015

ချောင်းကော



ချောင်းကောလေး က တိုးတိုးလေး တေးသီ တယ်..

ငါ ဟာ...မြစ် ဆီကို မစီးနိုင်

ငါ ဟာ..ပင်လယ် ဆီ မစီးနိုင်

ငါ ဟာ..တောင်တွေကို ဖြတ်ကျော် လာနိုင်ပေမဲ့ ....

ငါ ဟာ...ရွာကလေး နံဘေးမှာ ခွေခွေလေး လဲလျောင်း လို့

ငါ ဟာ..ရွာကလေး ကိုတော့ ပန်းတွေနဲ့ မွှေး စေချင်တယ်..

ချောင်းကော လေး ရဲ့  လေချွန်သံ တိုးတိုး လေးမှာ...

တောပန်း ကလေးတွေ က ယိမ်းကလို့ ...။



-နီဇူလိုင်-

No comments:

Post a Comment