Wednesday, March 2, 2016

လက်ချောင်းများပုံပြင်

"လက်ချောင်းများပုံပြင်"
လက်သန်းလေးတွေက သက်ပြင်းတွေ အခါခါချလို့...။
တကယ်ဆို...လက်ညှိုးငေါက်ငေါက်ထိုးလိုက်ချင်တာပါ..။
ဒါနဲ့
လက်မထောင်ချင်လို့
ဒီလက်သီးဆုပ်ကို ဖြေခဲ့တာလား.။
အဆီယစ်နေတဲ့လက်သူကြွယ်အတွက်
စဖြုတ်ခဲ့တဲ့ လက်သီးဆုပ်လား..။
မဇ္စျိ မပဋိပဒါ..
အလယ်ကောင်မှာ ရပ်..
လူရည်နပ်တဲ့ လက်ခလယ်ကများ
ဒီ..လက်သီးဆုပ်ကို ပြေစေခဲ့တာလား..။
ခုတော့...တို့မှာ
ဖြေလျှော့ထားရတဲ့ လက်ဖ၀ါးကို
မှောက်ချည်..လှန်ချည်ကြည့်ရင်း
ဘာမှ..ပါမလာတာကိုပဲ.. တွေ့လိုက်ရ..။
နီဇူလိုင်
၁.၃.၁၆

No comments:

Post a Comment