Monday, March 7, 2016

ကင်ဆာ


ကင်ဆာ
ရှင်ဟာ..ကျမကို သတ်နိုင်မယ်လို့ ထင်လား..။
ဟား..ဟား..ဟား..
အားရအောင်..ရယ်လိုက်မယ်...ကင်ဆာ..။
ကင်ဆာ..
ရှင်ဟာ..လက်တံမွှာတွေဖြန့်
ကျမခန္ဓာကိုယ်အနှံ့ ကုပ်တွယ်ချုပ်ခြယ်ဖို့ကြံလား..။
ဟား...ဟား..ဟား
အားရအောင် ..ရယ်လိုက်မယ်..ကင်ဆာ..။
ကင်ဆာ
ရှင်ဟာ..အကျိတ်အခဲတွေပေးပြီး
ကျမသွေးလည်ပတ်မှုတွေကို ရပ်တန့်စေမယ်တဲ့လား..။
ဟား..ဟား..ဟား
အားရအောင် ရယ်လိုက်မယ်..ကင်ဆာ..။
ကင်ဆာ
ရှင်ဘယ်လောက် အမိန့််တွေချ..
အာဏာရှင်ဆန်ပြနေပါစေ..
ကျမ..ရှင်သန်ဖို့ရှိသလောက်ကတော့ ရှင်သန်နေဦးမှာ..။
ဒါဟာ..ကံကြမ္မာနဲ့လဲ ဆိုင်တယ်..။
ဒါဟာ...ကျမရဲ့ စိတ်ဇောအဟုန်နဲ့လဲ ဆိုင်တယ်.။
ကင်ဆာ..
ရှင်ဟာ...ကင်ဆာအစစ် ဆိုခဲ့ရင်တောင်
ကျမ..လွယ်လွယ်နဲ့ထွက်မသွားဘူး..။
ကျမ..အားရအောင်..ကုတ်ဖဲ့တွန်းလှန်ပစ်ခဲ့မယ်..။
အော်..
စိတ်မပူကြပါနဲ့..
ဒါဟာ..
အာဏာရှင်ကင်ဆာကို
တခါတရံ

ကဗျာဆန်ဆန်..
အာခံသရော်ကြည့်တဲ့.. 

ကဗျာတပုဒ်ပါ..။ ။

No comments:

Post a Comment