Saturday, March 12, 2016

ပေါင်းတည်ည

ပေါင်းတည်ည


မိုးအေးအေးထဲမှာပဲ..
ပေါင်းတည်ညကို ..ရုတ်တရက်တွေ့ လိုက်ရ
ဈေးရုံကြီးတွေကလည်း  အိနြေ္ဒရရမျက်လွှာတွေချလို့




ဘုရားကြီးရှေ့ က ဈေးတန်းလေး
ပူပူနွေးနွေး..မြေပဲလှော်
ကောက်ညှင်းကျည်တောက် မုန့်ဖက်ထုပ်.အာပုံ
ဒီမှာ..အကုန်ရတယ်..




ပေါင်းတည်ညမှာ
အာဇာနည်ကျောက်တိုင်ကလေးကလည်း..တိတ်ဆိတ်လို့
အာဇာနည်နေ့ နီးရင်..မီးတွေထွန်းမှာပေါ့တဲ့ ..
အာဇာနည်နေ့နီးရင်..ဗိုလ်ချုပ်မိန့်ခွန်းတွေဖွင့်မှာပေါ့တဲ့ 
အာဇာနည်နေ့ရောက်ရင်..ပန်းခွေတွေချမှာပေါ့တဲ့ 
အာဇာနည်ကျောက်တိုင်အနားမှာ  ထီးထီးမားမား နေရာယူပြီး
မြို့ ကို အပေါ်စီးကကြည့်နေတဲ့ ..ဟို..ဘိုင်စကုပ်မင်းသမီးလေး က
လေဆာနဲ့  သွားတွေတိုက်တိုက်ပြရင်း
ပလုံးပထွေး..ပြောလိုက်သေးတယ်..။  ။

နီဇူလိုင်
(၂၅.၆.၁၄ ပေါင်းတည်ည)

No comments:

Post a Comment