Saturday, March 12, 2016

ဒေါင်းတဲ့ကွယ်

တောအုပ်ထဲမှာ
တိရိစ္ဆာန်အချင်းချင်း..အမျိုးသားရင်ကြားစေ့ဖို့တဲ့
ဒေါင်းက ..ကျီးကို မိတ်ဆွေသွားဖွဲ့တယ်..။
ဒေါင်းက...ခွေးအကို မိတ်ဆွေသွားဖွဲ့တယ်..။
ဒေါင်းက...ခြင်္သေ့ ကို မိတ်ဆွေသွားဖွဲ့တယ်..။
ဒေါင်းက...မြေခွေးကို မိတ်ဆွေသွားဖွဲ့တယ်..။
ဒေါင်းအချင်းချင်းကတော့...နောက်မှ...နောက်မှပေါ့လေ..။

လဒတွေကတော့ အခြေအနေကို ရစ်ဝဲ...ရစ်ဝဲနဲ့ကြည့်လို့.။
ဒေါင်းကတွေးတယ်..။
ခွေးအတွေ..ကျီးတွေ...ခြင်္သေ့ တွေ..မြေခွေးတွေဟာ..ဒေါင်းမူဒေါင်းကျင့်တွေ ရလာရင်...။
.ဒေါင်းစိတ်ဒေါင်းအတွေးတွေနဲ့..အမျိုးသားရင်ကြားစေ့ရေးဘုန်းတော်ဖွဲ့နိုင်မယ်ပေါ့...။
အခုတော့..
ကျီးတွေ
ခွေးအတွေ
ခြင်္သေ့တွေ
မြေခွေးတွေဟာ
ကျီးကျင့်
ခွေးအကျင့်
ခြင်္သေ့ကျင့်
မြေခွေးကျင့်မဖျောက်ပဲတောင်
ဒေါင်းယောင်ဆောင်တတ်လာပြီ..။
အမျိုးသားရင်ကြားစေ့ရေး ဘုန်းတော်ဖွဲ့မှာ..
ဒေါင်းအတုတွေ...ကလို့
လဒတွေဟာလဲ..
ကောင်းကင်တယံလုံး..ပျံဝဲလို့..။
                 
 နီဇူလိုင်
၂၁.၉.၁၅

No comments:

Post a Comment