Friday, May 20, 2016

ဒီလိုပါပဲ ..၁

သဘာဝက
သူ့အရောင်နဲ့သူ ပြဌာန်းပြီးသား။
သစ်ရွက်နုတွေ ဆို..အစိမ်း
ကောင်းကင်ဆို အပြာ
ပင်လယ်ဆို..အပြာ
ဒီလိုပဲ
မြေသားဆို မြေသား
တောင်ဆိုတောင်
တောဆိုတော
သူ့ပြဌာန်းချက်နဲ့သူ..။

ဒါပေမယ့်
သဘာဝရဲ့ အလင်းကပဲ
သူ့ပြဌာန်းချက်တွေကို
တခါတခါ
ထင်ယောင်မှားဖြစ်စေတယ်..။
ပြဌာန်းချက်တွေကတော့
ပြဌာန်းပြီးသားပဲ
ပြဌာန်းချက်တွေအတိုင်းပေါ့..။

No comments:

Post a Comment