Monday, May 9, 2011
ဒီစပယ်ရုံမှာ ဒီစပယ်တွေ ပွင့်ခဲ့တယ်
ဖွေး လွ သန့် စင် လို့...မွှေး မြသင်းထုံ လို ...ဒီစပယ် ရုံ မှာဆိုင်းမပါ ဗုံ မဆင့် ...ဒီ. စံပယ်တွေ ပွင့်ခဲ့ ကြတယ်...မပြော ပြတတ်အောင်...ထူးဆန်း ထွေလာ...အချိန် အခါ  မဟုတ်  .....မုန် တိုင်း
သတိ ပေးချက် တွေ ကြား က..ဟောဒီ...စပယ် တွေ  ပွင့် တယ် ......မက် မက် စက် စက်...စိမ်း မြ ရွက်တွေ ကြား က   သူတို့ တွေ အတင်း တိုးထွက်   ပွင့် ဖတ်လေးတွေ  စီရရီ နဲ့...ပွင် ခဲ့ ကြ တာ...  စပယ်  ဆိုတာ  နာရီ တလုံး မှ  မဟုတ် တာ ....ချိန်ကိုက်ဗုံးတလုံး မှ  မဟုတ်တာ ....အချိန် ကိုက်စရာ မလိုဘူး.....သူ ပွင့်ဖို   အကြောင်း သင့် လို ပွင့် ချင် တဲ အချိန်...ပွင် မှာ ဘဲ
.....စပယ်ဆိုတာ...အင်မတန်  သန့်စင် မွန်မြတ်တဲ့ ပန်းကလေးတွေ...မညစ်ထေးဖူး...ဖွေးဖွေး လွ အောင်ဖြူ  လို      သင်းသင်းမြ အောင်  မွှေးလို ... စပယ် တွေ ပွင့် တယ်...စပယ် တွေ  ပွင့်ကြတယ်...စပယ် တွေ ပွင့်ခဲ့ တယ် ......ဒီစပယ် ရုံ မှာ  ဒီစပယ် တွေ   ပွင့်ခဲ့ တယ်......
ဟေ့... မခူး ...သွား  မခူးနဲ ..။သူ   အပင် မှာ  သူ သဘာဝ  ကြွေ ချင် တဲ အချိန် မှ  ကြွေ ချင် ကြွေ  ပစေ...
တို ပယော နဲ တော  မကြွေ စေ နဲ ...။တို့   လော မ္မက် တွေ နဲ တော   မနွမ်း စေ နဲ့...။စပယ်  တွေသန့်စင်ပါစေ...။စပယ် တွေ   တည် မြဲ ပါစေ..။ဟိုး ရှေ မှာ    ခူးပြီးသားပန်း တချို  ညှိုး လျော် သွေ ခြောက်   နေတာ... မြင်တယ်မဟုတ်လား...။အဲဒီ ပန်း တွေ  လို  ...ဒီ.စပယ် တွေ  ကို  အဖြစ် မခံ နိုင်ဘူး....။မခူး ချင် နဲ ...မပန် ချင် နဲ ...မပိုင် ဆိုင်ချင် နဲ ....အိုး...ဘုရား တောင်  မတင်ချင် နဲ့...အိမ်ဦးခန်း မှာ  ပန်း အိုး  မထိုး ချင် နဲ့....သူ့ စပယ် ရုံ လေး မှာ   သူ စပယ် ငုံလေး တွေ   ဘာသာ  ဖြူ လွ သန့်စင်...အညစ် အထေး  ကင်းစင် နေပါစေ...သူ့ ဘာသာ  မကြွေ မချင်း  မွှေး မြမြသင်း  နေ ပါစေ...
ပြီး  တပွင့်  ဖျတ် ကနဲ ဖျတ် ကနဲ  မဆုံး နိုင် မတုံး နိုင်  ပွင့်နေတာ..မြင်တယ် မဟုတ်လား...အဲဒါ သူတို  စကားသံ တွေ   ...ရီမောသံသဲ့သဲ့ တွေ...အဲ့ ဒါ...သူတို့ ချင်း   ချိတ်ဆက် ထားတဲ့ကွန်ယက်တွေ...ငိုသံတွေ..လွမ်းဆွတ် ကြေကွဲ မှုတွေ  ကို  ဒီစပယ်ရုံကစပယ်တွေ   တပွင့်ပြီး တပွင့်  ပွင့် ရင်း နဲ့  ဖြေ ဖျောက်ပစ်ကြတယ်...ယုံချင်ယုံ မယုံချင်နေ...
                  ဘယ်သူ စိုက် တဲ့ စပယ် ရုံ မို  ...ဒီ လို ကန့် သတ် နေ ရတာ လဲ....ဟုတ်စ..
 ဒီ မှာ...ဒီစပယ် ရုံ ကို...ဟောဒီ  ကမ္ဘာ မြေ ပေါ်မှာ  စိုက် တာ....ငါ။ 
ဒါ ပေမယ့်  ဘယ်အချိန် မှာ  ဒီ စပယ်ရုံ ကို စစိုက် မိတာ ငါ့ ဖာ သာ တောင်   မသိ လိုက် ဖူး 
ဘယ် အချိန် စိုက်စိုက်..ဒီစပယ်ရုံ မှာ...ဒီစပယ်တွေ  ပွင့် ခဲ့ ပြီ..
                    ဖြူလွလွ စပယ်တွေ အဓွန့် ရှည်ကြာ...သန့် ရှင်း မွှေြး ပါစေ...
cleardot.gif
Thursday, April 28, 2011
နှုတ် ခွန်း ဆက်
ဘာ ရယ် မဟုတ် ....။စိတ် ညစ်ညစ်နဲ့ ...ငေး မိ ငေး ရာ  ငေး မိရင်း...ပုရွက် ဆိတ် လမ်း ကြောင်း တခု ကို   တလှုပ် လှုပ် တရွ တရွ   နဲ့  မြင် လိုက် ရတယ်..။ပုရွက် ဆိတ်လေးတွေ  ကိုယ်စီ  အစာလေး တွေ   ချီ ပိုး လို့   ...ရေး ကြီး သုတ် ပြာ နဲ့    ဘယ်ကနေ ဘယ်ကို  ရွှေ့ ပြောင်း ကြ မှာ ပါ လိမ့်....။ပုရွက် ဆိတ် ဒုက္ခ သည် တွေ များလား...။ ကြည့်စမ်း...လမ်းကြောင်း တခု ထဲ  မှာကို..တချို့ ပရွက် ဆိတ် ကလေးတွေ  က...အရှေ့  ကို ဦးတည် လို့ ...။တချို့  ပုရွက် ဆိတ် ကလေးတွေ က  နောက်ကြောင်း ပြန် လှည့် လို့..။ဒီကြားထဲ ...မျက် နှာချင်း ဆိုင်  ဆုံ မိကြတဲ့  အခါ...တကောင် နဲ့ တကောင်..ခေါင်းချင်းလေးတွေ  ဆိုင် လို့...ဦးမှင် လေးတွေ  တလှုပ် လှုပ် ...လက်ကလေးတွေ..ခြေ ထောက် ကလေးတွေ    တလှုပ်လှုပ် ...နဲ့    ။ဘာတွေ များ ပြောနေကြ ပါ လိမ့်...။
``ရှေ့  နား မှာ  အစာရေ စာ တွေ  ပေါ တယ် ကွ´´ ...။ဒါမှ မဟုတ်..``ဟေး...သတိ  ..။ရှေ့ မှာ  အန္တရာယ်
ရှိ တယ် ...´´  လို့ များ..သတင်း စကား  ပါး နေ ကြ တာ လား...။
 ဒါ မှ မဟုတ်...သူ တို့  ဘာ သာ စကား နဲ့ များ...တကောင် နဲ့ တကောင်...နေထိုင် ကောင်းလား..ရာသီ ဥတု သာ ယာ လား.. ဘာညာ....့  နှုတ် ခွန်း ဆက် စကား  ဆို နေလေ သလား....အင်း..အမျိုး မျိုး ဖြစ် နိုင် တာပေါ့လေ.....။
    တို့  လူ တွေ လို ပေါ့.....။တို့  လူ တွေ လဲ...တယောက် နဲ့ တယောက် တွေ့ ကြ ဆုံ ကြ တဲ့  အခါ... အခြေ အနေ အချိန် အခါ..နေရာ ဒေသ တွေ  ကို လိုက် ပြီး....ဘာသာ စကား အမျိုး မျိုး   ဓလေ့ ထုံးစံ အမျိုး မျိုး နဲ့
နှုတ်ခွန်း ဆက် ကြ တာ...မဟုတ် လား...။  မတွေ့  တာ ကြာ နေတဲ့   လူ ချင်း တွေ့ ရင်..``ဟေး..မတွေ့  တာ
ကြာပြီ...။နေကောင်း လား..။အလုပ် အကိုင် အဆင် ပြေလား...´´  လို့  အားရ ပါးရ  နှုတ် ဆက် တတ် ကြ သလို...။တွေ့  နေ မြင် နေ ကျ  လူချင်း  တွေ့  တော့ လည်း...တခါ တလေ...ပြုံးပြ ရုံ......အသိ အမှတ် ပြု တဲ့  အကြည့် တချက် နဲ့ ကြည့် ရင်း...ခေါင်း လေး ဆတ် ပြ ရုံ...နဲ့ နှုတ် ဆက် ခြင်း  အမှု က ပြီး မြောက် သွား ပြန် ရော...။တကယ် တော့....လူ မှု ဆက် ဆံ ရေး  နယ် ပယ် မှာ   တယောက် နဲ့ တယောက် တွေ့ ကြရင်သူ့ လူ မျိုး  သူ့ ဘာသာ စကား..သူ့ ဓလေ့  ထုံးစံ နဲ့ သူ...နှုတ် ခွန်းဆက် ကြ တဲ့  ပုံ သဏ္ဍန်  အသီး သီး  ရှိကြ မှာပေါ့..။
ရာသီ ဥတု  ဆိုးဝါး တဲ့  နိုင် ငံ တွေ မှာ  နေ တဲ့ သူတွေ ကတော့....တယောက်  နဲ့ တယောက် တွေ့  ရင်...
`` ကောင်း သော  နံ နက် ခင်း ပါ..´´ ``ကောင်း သော...ည နေခင်းပါ..´´ စသဖြင့်  ရာသီ ဥတု  ကောင်း မွန် တဲ့  အခြေ အနေ ကို  စုံစမ်း ရင်း  နှုတ် ခွန်း ဆက် ကြ တဲ့  ဓလေ့ ရှိ ကြ သတဲ့...။
တို့ မြန် မာ နိုင် ငံ ကတော့   အရင်က ရာ သီ ဥတု သိပ် ဆိုး ၀ါး တဲ့ နိုင် ငံ မဟုတ် လေ တော့  ရာသီဥတု အကြောင်း နဲ့   နှုတ် ဆက် ကြ တာ   နဲ မယ်  ထင် ပါရဲ့ ..။
   မြန် မာ တွေ ရဲ့  နှုတ် ခွန်းဆက် ဓလေ့ တွေ ထဲ က   ထူးထူး ခြား ခြား တခု က တော့...တွေ့ နေမြင် နေကြ
လူတွေ  အချင်းချင်း  နှုတ် ဆက် ကြ ရင်...`` စား ပြီး ပြီလား´´  `` ဒီနေ့ ...ဘာ ဟင်း ချက် လဲ´´ ဆိုတဲ့  နှုတ်ဆက် ဓလေ့ ပါဘဲ...။တချို့  နိုင် ငံ တွေ က  လူမျိုးခြား တွေ က...ဒီ လို နှုတ် ခွန်းဆက် စကား မျိုး ကို   မယဉ် ကျေးဘူး..ရိုင်း ပျ တယ် လို့  ထင် ချင် ထင် ကြ မယ်..။ပျော်ပျော် ရွှင်ရွှင် နေတတ် ကြ.တဲ့....တို့  မြန် မာတွေ ကတော့ ဒီ ဓလေ့  ကို...ရိုင်းတယ်  မထင် ကြ ပါ ဘူး...။ဒါ  အစဉ် အလာ  နှုတ် ခွန်းဆက်  စကားပါ ဘဲ....။ဘယ်သူ မှ...ဒီလို နှုတ် ဆက် လို့   စိတ် မဆိုး ခဲ့  ကြ ဖူး ဘူး...။
ခုတော့    ခေတ် တွေ ပြောင်းလာ လို့ လား   ...မြန်မာ ပြည် သူ ပြည်သား  အများ စု ရဲ့   လက်ရှိ အခြေ အနေကြောင့် လား....နှုတ် ခွန်း ဆက် စကား တွေ ပြောင်း လာ တာ သတိထား မိတယ်...။ဆင်းရဲ ကျပ် တည်း သူတွေ တနေ့ ထက် တနေ့ များ လာ တဲ့    ဒီ နေ့ မြန်မာ ပြည်သူ အများစု ထဲ မှာ...ထမင်းနပ် မှန်အောင် မစားရသူ တွေ...ထမင်း ရည် ကို  ဝေမျှ သောက် နေ ရတဲ့ သူ တွေ (စားစရာ မရှိ တဲ့ လူတန်းစားတွေ)  ...ဒင်းကြမ်း ပြည့် လာတော့...တယောက် နဲ့တယောက် တွေ့ လို့.မှ....``စား ပြီး ပြီ လား  ´´  လို့  နှုတ် ခွန်း ဆက် ဖို့  အရင်ကလို ပါးစပ် မရဲ ကြ တော့ ဘူး...။ဝမ်း ရေး အတွက်...တအိမ်သား လုံး...မိုး လင်းက  မိုးချုပ် ..ကြက် ယက် သလို  ရှာ ဖွေရုန်းကန် နေကြ ရတော့  ...အိမ် မှာ မိသားစု  ထမင်းဝိုင်းအတွက်  ဆီကာဆိုင် ကာ ၀ယ်ခြမ်း  ချက်ပြုတ် စားသောက် မနေ နိုင် ကြတော့ဘူး...။လူအများ စုက...ညမှောင် မှ  ...အလုပ် ကအပြန်  လမ်းဘေး ထမင်း ဆိုင် လေးတွေက..ဈေးသက်သာတဲ့  ငပိရည်ကျိုတို့စရာ..အထုပ် ကလေး တွေ  ...အသုတ်စုံ လေးတွေ ၀ယ်လာကြပြီး...တအိမ် သားလုံး  မျှ တ စားနေကြတာခေတ် သစ်  ယဉ် ကျေး မှု တရပ် ဖြစ် နေပြီ လေ....။
   ဒီ လို  အခြေ အနေ မျိုး မှာ...``ဒီနေ့ ဘာဟင်း ချက် လဲ  ´´ လို့  သွား နှုတ် ခွန်း ဆက် လို့ ကတော့....အဲဒီ
လူ လောက်  ကိုယ်ချင်းစာ တရား  ခေါင်း ပါးသူ ရှိ မယ် မထင်...။အကြောင်း ပေါင်း မသင့် ရင်...အမေး ခံ ရသူ ရဲ့ ပစ္စည်း မဲ့  ဒေါသ နဲ့ ထိပ် တိုက် ရင် ဆိုင်တွေ့  ပြီး....ရိုက် အလွှတ် မခံ ရ ရင်  ကံကောင်း ပေါ့..။
 ခုတော့    မြန်မာ ပြည်သား  အများစု (  ထားစရာ မရှိ တဲ့  လူတန်းစားမပါ)  ရဲ့   နှုတ် ခွန်းဆက် စကား
တွေ  ကို နားထောင် ကြည့် ရင်...တယောက် နဲ့ တယောက်  သိသိ   မသိ သိ...
`` ခုမနက်...ထိပ် စီးဂဏန်း  ဘာရ လဲ´´ တို့...
`` ဘယ်နှစ် ကွက် ပတ် လိုက်သလဲ ´´ တို့..
``စလောင်းဂဏန်း  ဘာ ကြား´´ လဲ တို့ ဆိုတဲ့    မျှော် လင့်ချက် မဲ့  ကမ္ဘာ ထဲက...ကောက် ရိုးတမျှင်  ကို ဆွဲ ဆုပ် တဲ့နှုတ် ခွန်း ဆက် စကားတွေ ဘဲ...ခေတ် စား လို့...။ဒါတွေ နဲ့ဘဲ...စီးပွါးရေး ဘ၀...လူမှုရေးဘ၀တွေ  ပျက် လို့....။
နောက် ဆို...တနေ့ ထက် တနေ့  ဆိုးဝါး လာတဲ့   သဘာဝပတ် ၀န်းကျင် အခြေ အနေ နဲ့  ရာသီ ဥတု အခြေ အနေ တွေ ကြောင့်   `` ကောင်း သော နံနက် ခင်းပါ´´ တို့  ဘာ တို့  လည်း  ပြောင်းနှုတ်ဆက် လာ နိုင် တာပေါ့...။
အင်း...ပရွက် ဆိတ် ကလေးတွေ ကနေ...ဆက်သွားလိုက် တဲ့ အတွေးဟာလဲ...စိတ် ညစ် စရာ..ပါဘဲလား..။
နေစမ်းပါဦး..    ..ပရွတ် ဆိတ်  လိုမျိုး  တချို့ တိရစ္ဆာန် တွေ ဟာ...ရေ ကြီးမယ်...မိုး ရွာမယ် ..မြေငလျင် 
လှု ပ်မယ်...ဆိုတဲ့သဘာဝ ဘေး အန္တရာယ် တွေ ကို  ကြို သိတတ် သတဲ့...။ဘု ရား...ဘုရား...သူတို့  ဘာလို့  နေရာ တွေ  ပြောင်း  ရွေ့ နေပါ လိမ့်....။
Thursday, April 21, 2011
နေနှင့် ဦး....သင်္ကြန်
နီညို ရောင် အုတ်ရိုး ရင့် ရင့် ကြီး ကို
ကျော် လွင့်လာတဲ့  တေးသံ
အော်...သင်္ကြန်
အော်...သင်္ကြန်
အပြင်မှာ
အပျော်သံတွေ  ဆူညံပွက်ထ
ငါတို့ ရဲ  ... သင်္ကြန် အလှပြ ကားတွေကတော့
အေးစက် စက် တမံသလင်းနဲ့
မာကျောကျော  သံတိုင် တွေဘဲ လား....
ဟား....
လေအဝေ့မှာ
သင်းဖြာပိတောက်ဟာ
မွှေးအီ ကြိုင် လှောက်စွာ
ငါတို့ဆီ  အရောက်လာတယ်...
နေနှင့် ဦး....သင်္ကြန်
လွတ်မြောက် လာမယ့်  မနက် ဖြန် တွေ မှာ
ပိတောက် တွေ...ဝေဖြာ နေအောင်ကို
ငါတို့...ပန်ဦးမှာ...    
Thursday, April 14, 2011
ပလူတွေလို ပျံ လို့...
နွေဦးလား
မိုးဦး..လား
ရာသီ တွေ  ..မှားလို့ 
အခါ မဲ့ မိုးတွေ  ရွာသွန်းလို့
အက်ကြောင်း ကြီးတွေ  ထင် အောင်
ငလျင် တွေ လှုပ် လို့ 
ပလူတွေဟာ
အမှား မှား အယွင်း ယွင်း
တွင်း ထဲက ထွက်လာ ကြ
ပလူ ပျံသလို  ဆိုတာ
အဲ့ ဒါ ..ဘဲ။
ပြီးတော့
မီးရောင်ထဲ
အလင်းရောင်ထဲ
အတောက်ပ ဆုံးအပူ ရောင်ထဲ ကို ဘဲ
တ၀ဲလည်လည်
ထဲထဲ  ၀င်ဝင်
တိုး ..တိုး ပြီး  ၀င် ကြ...
လောင်ကျွမ်း..ကြ။
ပြီး တော့ မှ
တဖြုတ် ဖြုတ် ကြွေ ကျ
မြေပေါ်မှာ  သစ် ရွက် ဆွေး တွေ လို
လဲ လျောင်း လို့  ပ...။      ။
Friday, April 1, 2011
ပို့အသစ်တင်ပြီးတိုင်း.. အဟောင်းတခု တ၀က်တပြတ်ကပ် ကပ် ပါနေ တာ.. ရီဒါ နဲ့ဖတ်သူများ စိတ်အနှောင့်အယှက်ဖြစ်ရင်.. တောင်းပန်ပါတယ်။ ပြန်စစ် ကြည့်လိုက်အုံးမယ်။
Thursday, March 31, 2011
မြေပေါ်ကြွေတဲ့ ခရေ
ဒီ မြေ ပေါ် မှာ...ဒီ ခရေ ..လေး တွေ ...အကြောင်း အမျိုးမျိုးနဲ့ ...ကြွေ....။တချို့ ကတော့ ..နင်းခြေခံ ကြ ရလွန်း လို့.... မွမွ ကြေ....။သူတို့ လည်း...မွှေးရ နံ့ သင်း တဲ့ပန်းကလေးတွေဆိုတာ....တခါတလေ...လူတွေ မေ့လျော့ နေကြပေါ...။ခရေ..ဆိုတာ...ကြွေ မှာဘဲလေ..လို့ မထူးဆန်းသလို...ပြောသူကလည်း...ပြောရဲ့ .....။
ဒါပေမယ့်....ကြွေနေတဲ့...ခရေပွင့် ကလေး တွေလည်း...ရနံမပြယ်ခင်.မှာ.....လောက ကို ...တတ်စွမ်းသမျှ ....အလှဆင်လို့..ရပါသေးတယ်..။ကြွေနေတဲ့...ခရေ လေး တွေ ကို...ကြင်ကြင်နာ နာ ကောက်ယူလို့ ဖြစ်ဖြစ် ....ကြိုးကလေး နဲ့ သီလို့ ရရင် သီလို့.ဖြစ်ဖြစ်ပေါ့လေ....။ဒီ လို မလုပ်ပေး နိုင် ရင်တောင်မှ... တမင်တကာ ဘဲ
ဖြစ်ဖြစ်...ဖာသိဖာ သာဘဲ ဖြစ်ဖြစ် တော့...မနင်း ခြေကြ ပါ နဲ့ နော်.. ..။
ဓါတ်ပုံ- သက်ဝေ ( ဖေ့ဘွတ်မှတဆင့်)
+++ +++ ++++
မြို့ ကလေး ရဲ့  ဈေး ကလေး က...ခါတိုင်း လို ဈေး ၀ယ်ဈေးသည် တွေ နဲ့ စည်ကား မနေ တာ ကြာလှပေါ့ ...။ဈေး သည် တွေ ကလည်းအေးစက် နေတဲ့ ဈေးကွက် တွေ ကြောင့်  ညည်း ညည်း တွားတွား...။တနေ့ထက် တနေ့ ၀ယ်လိုအား ကျဆင်းလာတဲ့....ဈေး ၀ယ်တွေကလည်း...သူတို့ ရဲ့ ..၀င်ငွေနဲ့ 
ထိန်းချုပ် နေ တဲ့ ကြားက ပို များ နေတဲ့...ထွက် ငွေ ကို.... သဟဇာတ မျှတအောင်.. ကြံ ရင်း ဖန်ရင်း...။ ကိုယ့် အာရုံ နဲ့ကိုယ်...တလည်လည်..။ကိုယ် လဲ ဘာဝယ် ရမလဲလို့  တောင် တောင်အီ အီ ကြည့်နေတုံး....ခပ်လှမ်းလှမ်းမှာ.....မြင်ဖူးတယ်လို့.့....့ထင်တဲ့မျက်နှာလေးတခုက.ို...မြင်လိုက်တယ်...။အသက်(၁၈)နှစ်အရွယ်..နှုတ်ခမ်းနီရဲရဲ...မိတ်ကပ်ခပ်ပြာပြာနဲ့ကောင်မလေး..တယောက်...။ဘယ်သူလေးပါ
လိမ့်  လို့  ပြန်စဉ်းစား နေတုံး... သူကလေး ကခပ်လှမ်း လှမ်း ရောက် သွားပြီ.....။သူကလေး ဘေး မှာ....အသက်ကြီး ကြီး မိန်း မကြီး တယောက် က...ဟောင်ဖွာ..ဟောင်ဖွာ..ဘာတွေ ပြောနေတာ လဲ မသိ..။ ကြည့်  နေရင်း မှာပင်... မှတ် ဥာဏ်ထဲ မှာ နံမယ် တခုက ဖျတ် ကနဲ ပေါ်လာတယ်..။
`` ခရေ...ခရေ..´´ ...ဟုတ်တယ်..။
ခရေ.... ဆိုတဲ့ ကောင်မလေး.ပါလား...။ပိန်သွား လိုက် တာ ...လို့ ရေ ရွတ်ရင်း....ကိုယ့်ခြေလှမ်း တွေ က သူတို့ ရှိရာ ဖက် ကို ခပ်သွက် သွက် လှမ်းနေမိတယ်...။သူ့ နံဘေးက..မိန်းမကြီးက...သူပြောဖူးတဲ့..သူတို့ကိုခိုင်းစားနေတဲ့အဒေါ်ကြီးများလား...။ဒီ..ကောင်မလေး....အဲဒီမိန်းမကြီး
ရဲ့  အိမ်ကို ပြန်ရောက်နေပြန်ဘီလား...။ဒါဆို...အရင်လိုဘဲ...ဘ၀ ဟောင်းထဲ တ၀ဲလည် လည် နဲ့ ....ကျင်လည် နေရပြန် ပြီပေါ့...။သူတို့ နှစ်ယောက်..လမ်း ချိုး ကလေးတခု ထဲ ကို ကွေ့ ဝင် ပျောက်ကွယ် သွားတာမြင် လိုက်မှ...ကိုယ့်ဖာ သာ ဈေးဝယ်ဖို့ ကိုတောင်... မေ့လျော့ပြီးသူတို့နောက်ကိုအမှီလိုက်နေမိတာကို သတိရ မိတယ်..။မှီသွားရင်...ကိုယ်ဘာဆက် လုပ် မှာ ..လဲ လို့ တွေး ကြည့်တော့.လည်း....ဘာ လုပ်ရ မှန်း တော့ မသိ..။သူကလေး..ဒီဘ၀ထဲ မှာ တ၀ဲလည် လည် နစ်မွန်း နေရတာ ကို မကြည့် ရက် တဲ့  စိတ် ကတော့ သေချာတယ်..။ ...ဟို ..မိန်းမကြီး လက်ထဲက နေရုန်းထွက် နိုင် ဖို့ ..ကိုယ်က.ဘယ်လို ကူ ညီ ပေး နိုင် မလဲ...။သူကလေး အနားက မိန်းမကြီးက...ဟို့ ..မိန်းမကြီး...ဟုတ်ချင်မှ ဟုတ်မှာ ပါလေ...လို့ အကောင်း မြင် စိတ်လို့ ပြောရမလား...အချောင်ခို တာဝန်မဲ့ စိတ်နဲ့ လား...ခပ်ဖော့ .ဖော့ တွေးရင်း...ကိုယ့် ကိုယ်ကို စိတ်သက်သာ ရာ ရှာ မိလိုက်တယ်...။
တနေ့ လုံး...သူ ကလေးအကြောင်း ဘဲ...ခေါင်းထဲ မှာ တရစ်ဝဲ၀ဲ....။လွန် ခဲ့ တဲ့  (၃)နှစ် က...သူက
လေးနဲ့ တွေ့  ခဲ့  အတူ နေခဲ့  ရတဲ့ ...ရက်ပိုင်း ကလေး ကို...သွားသတိ ရ မိတယ်..။အဲ ဒီနေ့ က...အဲဒီနေရာ ကို ကိုယ် ရောက်ပြီး...နာရီ ၀က် လောက် အကြာ မှာ ရောက် လာခဲ့ သူလေး...။ကိုယ် နဲ့ အသားမကျ လှတဲ့ နေရာ သစ် မှာ...သတိ ကြီးကြီး ထား ပြီး...အကဲခတ်နေတုံး...သူကလေး ကတော့...ပေါ့ ပေါ့ ပါး ပါး...ယဉ်ပါး နေကျ နေရာ တခုကို ရောက် လာရသလို...။နွမ်းကြေ နေတဲ့ အ၀တ်တထည် ကိုယ်တခုကလွဲလို့....လက်ထဲ မှာ...ဘာပစ္စည်း မှ မပါ..။အထဲ မှာ...ရောက်နှင့်ပြီးသား အမျိုး သမီး တွေထဲက..တချို့ ကသူကလေး..၀င်လာ တာ
မြင်တာ နဲ့...
`` ဟေး..ပြန် လာ ပြန်ပြီ လား´´ လို့  တရင်းတနှီး နှုတ် ဆက် လို့...။ဒီလို နေရာ မျိုး ရောက် လာတာ များ ကိုယ့် အိမ် ကိုယ့် ယာ ပြန်လာ သူတယောက် ...လိုလို..။`` ဒီတခါ...နံမယ် ဘယ်သူလဲ ဟေ့´´ လို့  လှမ်း မေး သူ ကလည်း ရှိသေး...။ သူကလေး နောက် မှာ..ကပ် ပါ လာတဲ့..တာဝန်ကျ အမျိုး သမီး ၀န်ထမ်းက..နှုတ်ခမ်း
ကို ပြုံးမဲ့  မဲ့ လုပ်ရင်း...
`` ခရေ ...တဲ့  လေ..။ခရေ.. ..တဲ့´´ လို့...ခပ်ကျယ် ကျယ် လေး ကြေ ညာ လိုက် တယ်...။
သူကလေး ကလည်း...မျောက် ကလေးတကောင် နဲ့တူ တဲ့ မျက်နှာ လေး ကို မချို မချဉ် ပြုံး ရင်း...ဆွံ့ တွန့်တွန့်
အသံ လေး နဲ့...`` ဂရေ...ဂရေ´´ လို့  သံ ယောင် လိုက် နေသေးတယ်...။
အမျိုး သမီး တသိုက် က...၀ါး..ကနဲ ရီ လိုက် ရင်း...`` အဲဒါကော...ဘယ်သူပေး လိုက် တဲ့ နံမယ် လဲ လုပ်ပါ ဦး ´´ လို့ ဆက်မေးတော့
`` ဟို..တမီး ကို ဖမ်းတဲ့...လူ ဂျီး တွေ...ပေးလိုက်တာ..ဟိ´´
တ၀ါးဝါး တဟား ဟားနဲ့ ရီသံတွေ အမေး အဖြေ တွေ ကို...ကိုယ် နားမလည် ပါးမလည် ဖြစ် နေတုံး...ကိုယ့်
ဘေး နား က အမျိုး သမီး က...တိုးတိုး ပြောပြ လာတယ်...။
`` အဲဒီ ကောင် မလေးက...ညငှက် မလေး လေ..။မှောင် ရိပ် ခို မှုနဲ့ ဒီ အထဲ ကို ၀င် လိုက် ထွက်လိုက်ဘဲ..။
တခါ လာ ရင် နံမယ်က တမျိုး...ထက် ထက်ဖြစ်လိုက်...သူဇာ ဖြစ်လိုက်...ဒီတခါ တော့ ..ခရေ.. တဲ့ လေ။´´
မျက်နှာလေးက နွမ်းနေတဲ့ ခရေ ပွင့် ကလေး လို ဖြစ်နေပေမယ့်....ရွှေ ရင်သိမ်းသစ် ကိုယ်လုံး တစ်တစ်
ရစ် ရစ် ကလေး ကတော့.... ချစ်ခြင်စရာ...။ပွင့် အာစ ပန်းဖူးကလေး တဖူး ခမျာ...မပွင့် အာ ရသေး ခင်..ဘယ်သူတွေ ကများ...ခြွေ ခဲ့ ပါလိမ့်...။
ဟိုးဘက် ထောင့် က မိန်းမ ပိန်ပိန် တယောက်က...အကြောင်းသိ ပုံစံ နဲ့..`` ကဲ..ပြောပါဦး..။ဒီတခါ
ဘယ်လို ဖမ်း ခံ ထိလာ သတုံး´´ လို့ စပ်ဖြဲဖြဲ နဲ့ မေးတော့..ခရေ..က..သူ့ ရဲ့ ဆွံ့ တွန့် တွန့်  မပီမသ အသံ လေးနဲ့
`` တမီး ဖာ သာ ....မဂျီး ပင် အောက်မှာ ရပ် နေတာ ကို..အဲ ..လူဂျီး တွေ လာဖမ်း တာ ´´ တဲ့..။
`` ဟဲ့ ..နင် က ညကြီး မင်း ကြီး...မကျီး ပင် အောက် ဘာသွား လုပ်သတုံး´´
`
` ဟို...မဂျီး ရွက် ခူး ...ခူး မလို့..ဟိ..ဟိ´´
လက် သည်း တွေ ကို ပါးစပ် ထဲ အကြောင်းမဲ့  ထဲ့ ကိုက် ရင်း....ဘာ ကို မှ အလေး အနက် ခံစား ချက် မရှိ သလို...။ဝမ်း နဲ ကြေကွဲ နေ ပုံ လည်း မရ...။ ရှေ့ ရေး နောက် ရေး လဲ တွေး တော ပူ ပင် နေပုံ မပေါ်...။ဘ၀ ခါးခါး ရဲ့  ဒဏ်ရာ ဒဏ်ချက် တွေ ကို ကြုံ သလိုဘဲ ဖြတ် သန်း နေပုံ နဲ့....ခရေမလေး။
`` အဲ ဒါ နဲ့ ..သူတို့ က....ညည်းကို ...ဘယ်ခေါ်သွားလည်း...´´ မိန်းမ တသိုက်က တယောက် တပေါက် ပေါက် ပေါက် ဖောက်သလို...မေးတုံး...။သူ ကလေး ကလည်း... ရောက် တတ် ရာရာ...မခြွင်း မချန်... ဖောက်သည်ချလို့...။
`` ဟိ...အရင် နေရာ ဘဲ...ခေါ် တွား တာ ဘဲလေ..။တော် ဘီ...နောက် တခါ တူ တို့  နဲ့ တွေ့  ရင်...မဂျီး
ပင် ပေါ် တက် ပုန်း နေတော့ မယ်...´´
``ဟား...ဟား....အဲဒါ နဲ့ ..ခါတိုင်း လိုဘဲ...ဒီ ကို ပို့ လိုက် ရောလား...ဟား..ဟား..ဟား´´
`` အမယ်..ဒီတခါ...တမီး ကို ဖမ်းတဲ့ လူဂျီးတွေ က ပိုက်ဆံ ငါးရာ ..ပေးလိုက် တယ်......မုန့်ဖိုးတဲ့´´
ဆက် မကြားရက် တော့ ပေမယ့် ရှောင်ပြေးလို့ မရ တဲ့ အခန်း ကျဉ်းလေးထဲ မှာ အတိုင်းသားကြား နေရတာ တွေ က တစက် မှ စိတ် ချမ်းသာစရာ မရှိ...။တ၀ါးဝါး တဟား ဟား ရီပွဲ ဖွဲ့  နေသူ တွေကို မိန်းမသား ခြင်း ကိုယ်ချင်း မစာ ရက် လေခြင်း ရယ်လို့... ခါးခါး သက် သက် ဖြစ်နေတုံး...ရေချိုး ချိန် ရောက် လာလို့...စကား ၀ိုင်း ရပ်သွားတယ်..။
+++ ++++
နောက် နေ့ မနက် တွေ မှာ တော့ ည ဖက် အိပ် ဆောင် ထဲ မှာ လူတကာ စွန့် ပစ် ထားတဲ့ အညစ်အကြေး အိုးကြီး တွေ ကို...မရွံ မရှာ ..သူကလေးကဘဲ ဒိုင်ခံ သွန် နေတာ တွေ့  တယ်..။နောက်မှ သိရတာ က အဲဒီ အညစ် အကြေး အိုးကြီး တွေ ကို .........ခရေ တို့ လို...အိမ်က ထောက် ပံ့ မယ့်သူ မရှိ တဲ့ မျက်နှာမွဲလေးတွေ
ဘဲ အမြဲ သွန်ကြ ရတာ ကိုး....။
ည ဖက် ကျလည်း...ချဲမှု တို့ ဘာတို့ နဲ့ ရောက် လာတဲ့ ငွေ စရွှင် တဲ့ အမျိုး သမီး ကြီးတွေကို နင်း နှိပ် ပေး ရင်း...သူတို့ ပေးစာ ကမ်းစာ လေးတွေ နဲ့ ရပ်တည် နေရှာ တယ်..။ သူ့ မှာက...သူများတကာ လို...ပါဆယ် တွေ ဘာတွေ ပို့ မယ့်သူ မရှိ ...။ထောင်ဝင်စာ...လာ တွေ မယ့်သူ မရှိ...။
`` ဟဲ့ ...နင်တို့  အဒေါ် ကြီး က...ပါဆယ် လေး ဘာ လေး လာ မပို ဘူးလား...။နင်တို့ လုပ်ကျွေး တာ နဲ့
စီးပွါး ဖြစ် နေတာ များ...။တခါ မှ လာ တွေ့  ဖော် မရ ဖူး´´.. လို့..တယောက်က မေး တော့...သူ့ ထုံးစံ အတိုင်း ခေါင်း ကလေး ကို ကုပ်ရင်း...ရီ ကျဲ ကျဲ။..သူ တို့ ကို လက်ခံ ပြီး...စီး ပွားရှာစား နေသူ...မိန်း မကြီးကိုလည်း ..ထူးထူးခြားခြား စိတ်နာ နေပုံ မရ.။သူကလေး ကလည်း...ထောင်က ထွက် တိုင်း...ဘယ်မှ သွား
စရာမရှိ...ဆွေမရှိမျိုး မရှိ...လက်ခံသူ မရှိ ရှာ .....။အဲဒီ မိန်းမ ကြီး အိမ် ကို ဘဲ...တ၀ဲလည် လည် ပြန် ရောက် နေရရှာ တော့ ဒီ ဘ၀ ဆိုး ကြီး ထဲ မှာ ဘဲ...ရုန်း မထွက် နိုင် တာ လား...ရုန်း မထွက် ချင် တော့ တာ လား...တွေး ရင်း ရင် လေး ပါ ဘိ တော့ တယ်....။ဒီ လို ...ဘ၀ ဆိုးကြီး တွေ ထဲ မှာ..ပိုးဖလံ လေး တွေ ...မီးကို တိုး သလို ..တိုး နေ ရင်း....အလျှံညီးညီး ဒီ မီးတောက် တွေ ကြားမှာ..တဖြုတ်ဖြုတ် နဲ.လောင်မြိုက်ပြာကျ နေကြရတာ...။ဘယ်သူတွေ မှာ တာ ၀န် ရှိ နေ ပါ သလဲ...။သူ တို့ လေး တွေ အတွက်...လွတ် မြောက်ရာ လမ်းစ လေး တခု တလေ တောင် မရှိ နိုင် ..မပေး နိုင် ကြ တော့ ဖူးလား။ ဒီထက် ... ဆိုးဝါး ရက် စက်
ပုံက...အကာကွယ် မဲ့ နေသူလေး တွေ အပေါ် မှာ မညှာမတာ အမြတ်ထုပ် သွေးစုပ် နင်းခြေရက်သူ တွေ ပါဘဲ...။
ကိုယ်ကသာ အတွေး သံ သရာထဲ မှာ တ၀ဲလည်လည် နဲ့ စိတ်ဆင်းရဲ နေ ပေမယ့်...သူက လေး ကတော့....မနက်စာ ထမင်း တောင်းကြီး ရောက်လာ ရင် လည်း...သူများတကာရဲ့  ရှေ့ ဆုံး က အပြေးသွား ရင်း သွက် သွက် လက် လက် ခေါင်း ပေါ် ရွက် သယ်မြဲ...။ဘယ်သူ မှ အလု အယက် မယူ...အဖက် မလုပ် တဲ့ ..ပလတ်စတစ် ဘူး မဲ မဲ ညစ် ညစ်ကြီး ထဲ က အပေါ် ရေကြည် တွေ ကို သူ့ ထမင်း ဇလုံ လေး ထဲကထမင်း နီကျင်ကျင် တွေ ပေါ် ကို ဆမ်း ရင်း အားရ ပါးရ စား မြဲ...။ ဘာ ရည်တွေ မို့  သူ ဒီလောက် မက်မက် စက် စက် ဆမ်း စား နေတာ ပါလိမ့် လို့ မေးကြည့် တော့...အဲဒီ ဘူးမဲမဲ ထဲက...ငါးပိ အစိမ်း တွေ ...။ငါးပိ မှ...၀က်စား ငါး ပိ တွေ မို့ ဘယ်သူမှ မစားကြပါ တဲ့...။အဲဒါ တွေ ...ကြာရှည် စားရင် သွေး တက် ပြီး...မျက် နှာ ကြီး တွေ ဖော ယောင် လာ ပါ သတဲ့...။ ခရေကတော့....လာထား.....။ဖောကာမှ ...ဖောပစေ ဆိုတဲ့ပုံစံ နဲ့ ...။
နောက် ရက် တွေ ကျ တော့ ကိုယ့် အိမ်က ပို့ တဲ့ ပါဆယ် ထဲက...ဟင်း နဲနဲ ခွဲပေးတော့
`` အန်တီ...နင်းပေးရ မလား ...နှိပ် ပေးရ မလား ´´ လာ လုပ်ရှာတယ်..။
ကိုယ်က `မလိုပါဘူးဟယ်...။သမီး ..ဒီက ပြန် ထွက်ရင်...အဲ မိန်းမကြီး အိမ်ဘဲ ပြန်သွား ဦးမှာလား...။အမျိုးသမီး စောင့် ရှောက် ရေးဂေ ဟာ တွေ ရှိတယ် သိလား...။အဲ ဒီ မှာ...စက်ချုပ် တို့ ဘာတို့ အသက် မွေးဝမ်းကျောင်း ပညာ တခုခု သင်ပေးတယ် လေ..။အဲဒီက နေ..... သမီး ဘ၀ အသစ် စ ပါ ဟာ´´ လို့..... ကိုယ်က ပြော မိတော့...သူကလေး က ထုံးစံ အတိုင်း...ရီကျဲကျဲ။
ရန်ကုန်က ကိုယ့် အဒေါ် အိမ်ရှေ့  မှာ လူမှု ၀န်ထမ်း ဌာ နက ဖွင့် ထားတဲ့ အမျိုးသ မီး စောင့် ရှောက်ရေး ဂေ ဟာ တခုကို မျက်စိထဲ မြင်ယောင်ရင်း တိုက်တွန်း မိပေမယ့်...အဲဒီ အချိန်မှာ ကိုယ်ကိုယ်တိုင် ဘယ်အချိန် မှ လွတ် မယ် ဆိုတာ တောင် မခန့် မှန်း နိုင် တဲ့ ဘ၀ မို့....အားက ခပ်လျော့ လျော့..။ နောက်ပြီး ကိုယ့် အဒေါ်
ပြောပြ လို့ ...အဲဒီ အမျိုး သမီး ဂေဟာ က...အမျိုး သမီး တွေ လည်း ...မကြာခဏ ...ဂေဟာ ကထွက် ပြေး ကြသတဲ့...။ ဘာ ကြောင့် မှန်း တော့ မသိ...အကြောင်း တခု ခုတော့ ရှိ ရမယ်...။တကယ် သိချင် ရင် အဖြေတခုခု လဲ ..ရှိရမယ် ပေါ့..။
ခု တော့... ခရေတို့ အဖြစ်က...ဖမ်းလိုက်.... ထောင်ထဲ ထဲ့  လိုက်...နောက်င်္ဒီ လောက ထဲ ဘဲ ပြန်ရောက် လိုက် နဲ့ ...သံ သရာမဆုံးဖြစ်နေရတာ...ဘယ်သူတွေမှာတာဝန် ရှိပါသလဲ...။ဘယ်သူ တွေ က ဘယ်လို ကယ်တင် ကူ ညီ ပေး နိုင် မှာ လည်း ဆိုတာ ကိုယ့် အတွေး ထဲ မှာ ထွင် မရ သေးတဲ့ ဆူးကလေး တချောင်း လို ခုထိ ... ညိတွယ် နေဆဲ...။
`` အဲ ဒီ ...မိန်းမ ကြီး အိမ်က...ဘယ်နေရာမှာ လဲ။ညည်း တို့ လို...အရွယ်မရောက် သေးတဲ့ မိန်းမငယ်လေး တွေကို...ဒီလို ခိုင်းစားနေတာ...လူကုန်ကူး မှု နဲ့ အရေးယူ လို့ ရတယ် ´´ လို့ ကိုယ်က ဂရုဏာ ဒေါ သော နဲ့
ပြော မိတော့...ဝေ့လည် ကြောင် ပတ် လုပ်ရင်း... ဘာမှ သိပ်မထူး ဆန်းသလို...လက် ချောင်း လေးတွေ ကို...တဖျောက် ဖျောက် ချိုးရင်း..ပြောရှာတယ်။
`` အမလေး...အန် တီ ..ရယ်.။တူ..ဒီ အလုပ် လုပ်စား နေတာ...လူတိုင်းတိပါတယ်..။တမီး တို့ကို ဖမ်း တဲ့
လူဂျီး တွေ တောင် တူ့ ဖောက်သည်တွေ ဘဲဟာ...။တူက ပိုက်ဆံ တွေ လဲ ...အများကြီး ပေးထား တာ တဲံ့..။
စီ မံ ချက်ဆိုလား .. ရှိ ရင် တော့...ဒီလို ပါဘဲ..အန် တီ ရယ်..။တမီး တို့လို ကောင် မလေး တွေ ထဲ က...အလှည့်ကျအဖမ်း ပြ ခံရ တာ ပေါ့ ..။ ခဏပါ ဘဲ..အန်တီ ရယ်....´´ တဲ့။
သူ့ အပြော ကို ကြားတော့...ကိုယ့် ရင်ဘတ်ကို ကိုယ် လက်နဲ့ ဖိထားရင်း....။ဒီ လော ကကြီးထဲ မှာ.... လူ အချင်းချင်း....လူ ညွန့်ခူးစား နေကြ သူ တွေ နဲ့ ......ကိုယ်ချင်း စာ တရား ဆိုတာ ...ဂျို နဲ့ လား...ဆိုတဲ့ စိတ် ဓါတ် တွေ ....ဘာကြောင့် ...ဒီလောက်... အမြစ် တွယ် စိမ့် ၀င် ဖျက်ဆီး နေ နိုင်ကြ ပါ လိမ့်...။
ဒါ မှ မဟုတ်...သူ ကလေးကဘဲ ဒီ အမှောင် ၀ဲ ဂယက်ကို စွဲ မက်ငြိတွယ် နေလေ သလား..လို့  ရင်နာ နာ နဲ့ တွေး မိရဲ့ ..။
+++ +++ ++++
ခရေ ပင်ကြီး ရဲ့  အောက်မှာ.....ခရေ ပွင့် လေး တွေ ကြွေ လို့...။တချို့  ခရေလေးတွေ ကတော့...တမြတ်တနိုးကောက်ယူ ခံ ရပေမယ့်...တချို့  ခရေ ပွင့် လေး တွေ ကတော့....နင်းခြေ ခံ ရလွန်းလို့...မွမွ ကြေကြေ....။ ။