ဖွေး လွ သန့် စင် လို့...မွှေး မြသင်းထုံ လို့ ...ဒီစပယ် ရုံ မှာဆိုင်းမပါ ဗုံ မဆင့် ...ဒီ. စံပယ်တွေ ပွင့်ခဲ့ ကြတယ်...မပြော ပြတတ်အောင်...ထူးဆန်း ထွေလာ...အချိန် အခါ မဟုတ် .....မုန် တိုင်း
သတိ ပေးချက် တွေ ကြား က..ဟောဒီ...စပယ် တွေ ပွင့် တယ် ......မက် မက် စက် စက်...စိမ်း မြ ရွက်တွေ ကြား က သူတို့ တွေ အတင်း တိုးထွက် ပွင့် ဖတ်လေးတွေ စီရရီ နဲ့...ပွင် ခဲ့ ကြ တာ... စပယ် ဆိုတာ နာရီ တလုံး မှ မဟုတ် တာ ....ချိန်ကိုက်ဗုံးတလုံး မှ မဟုတ်တာ ....အချိန် ကိုက်စရာ မလိုဘူး.....သူ ပွင့်ဖို့  အကြောင်း သင့် လို့  ပွင့် ချင် တဲ့  အချိန်...ပွင့်  မှာ ဘဲ
.....စပယ်ဆိုတာ...အင်မတန် သန့်စင် မွန်မြတ်တဲ့ ပန်းကလေးတွေ...မညစ်ထေးဖူး...ဖွေးဖွေး လွ အောင်ဖြူ လို့  သင်းသင်းမြ အောင် မွှေးလို့ ... စပယ် တွေ ပွင့် တယ်...စပယ် တွေ ပွင့်ကြတယ်...စပယ် တွေ ပွင့်ခဲ့ တယ် ......ဒီစပယ် ရုံ မှာ ဒီစပယ် တွေ ပွင့်ခဲ့ တယ်......
ဟေ့... မခူး နဲ့ ...သွား မခူးနဲ့ ..။သူ့  အပင် မှာ သူ့ သဘာဝ ကြွေ ချင် တဲ့  အချိန် မှ ကြွေ ချင် ကြွေ ပစေ...။
တို့  ပယော ဂ နဲ့  တော့  မကြွေ စေ နဲ့  ...။တို့ လော ဘ ရမ္မက် တွေ နဲ့  တော့  မနွမ်း စေ နဲ့...။စပယ် တွေသန့်စင်ပါစေ...။စပယ် တွေ တည် မြဲ ပါစေ..။ဟိုး ရှေ့  မှာ ခူးပြီးသားပန်း တချို့  ညှိုး လျော် သွေ့  ခြောက် နေတာ... မြင်တယ်မဟုတ်လား...။အဲဒီ ပန်း တွေ လို ...ဒီ.စပယ် တွေ ကို အဖြစ် မခံ နိုင်ဘူး....။မခူး ချင် နဲ့ ...မပန် ချင် နဲ့ ...မပိုင် ဆိုင်ချင် နဲ့ ....အိုး...ဘုရား တောင် မတင်ချင် နဲ့...အိမ်ဦးခန်း မှာ ပန်း အိုး မထိုး ချင် နဲ့....သူ့ စပယ် ရုံ လေး မှာ သူ့ စပယ် ငုံလေး တွေ ဘာသာ ဖြူ လွ သန့်စင်...အညစ် အထေး ကင်းစင် နေပါစေ...သူ့ ဘာသာ မကြွေ မချင်း မွှေး မြမြသင်း နေ ပါစေ...
ပန်းကလေး တွေကို ရက်ရက်စက် စက် ကြိုး နဲ့ သီထားတာကိုမုန်းတယ် .. အထူး သဖြင့်...ဒီစပယ် တွေ က ကြိုး နဲ့  သီ စရာ မလိုတဲ့ပန်းကလေးတွေ...ကြိုး နဲ့  သီမှသူတိုချင်း ဆက်သွယ်ချိတ်ဆက်လို့ ရတာမဟုတ်ဖူး...သိလား.. ဒီ..စပယ်ရုံလေး မှာ ...ဒီစပယ်တွေ တပွင့်
ပြီး တပွင့် ဖျတ် ကနဲ ဖျတ် ကနဲ မဆုံး နိုင် မတုံး နိုင် ပွင့်နေတာ..မြင်တယ် မဟုတ်လား...အဲဒါ သူတို့  စကားသံ တွေ ...ရီမောသံသဲ့သဲ့ တွေ...အဲ့ ဒါ...သူတို့ ချင်း ချိတ်ဆက် ထားတဲ့ကွန်ယက်တွေ...ငိုသံတွေ..လွမ်းဆွတ် ကြေကွဲ မှုတွေ ကို ဒီစပယ်ရုံကစပယ်တွေ တပွင့်ပြီး တပွင့် ပွင့် ရင်း နဲ့ ဖြေ ဖျောက်ပစ်ကြတယ်...ယုံချင်ယုံ မယုံချင်နေ...
ဘယ်သူ စိုက် တဲ့ စပယ် ရုံ မို့  ...ဒီ လို ကန့် သတ် နေ ရတာ လဲ....ဟုတ်စ..။
ဒီ မှာ...ဒီစပယ် ရုံ ကို...ဟောဒီ ကမ္ဘာ မြေ ပေါ်မှာ စိုက် တာ....ငါ။
ဒါ ပေမယ့် ဘယ်အချိန် မှာ ဒီ စပယ်ရုံ ကို စစိုက် မိတာ ငါ့ ဖာ သာ တောင် မသိ လိုက် ဖူး
ဘယ် အချိန် စိုက်စိုက်..ဒီစပယ်ရုံ မှာ...ဒီစပယ်တွေ ပွင့် ခဲ့ ပြီ..
ဖြူလွလွ စပယ်တွေ အဓွန့် ရှည်ကြာ...သန့် ရှင်း မွှေးမြ ပါစေ...
No comments:
Post a Comment