Wednesday, May 18, 2011
မြို့ဝင်လမ်းက လွမ်းတဲ့ကဗျာ
အဲဒီ....မြို့ စွန်က  .... စာသင် ကျောင်း လေးရဲ့  ၀င်းထရံအပြင်ဖက်   မြို့ အ၀င် ပေတရာ လမ်းမကြီး ပေါ်မှာ မြို့ကလေးရဲ့  ကြို ဆို နှုတ်ခွန်းဆက်တဲ့..  အုတ်ခုံ ဆိုင်းဘုတ်ကလေး.တခုရှိတယ်.။ ဒီနေရာလေး.ကို ....မြို့ သူမြို့ သား တချို့   စက်ဘီးကလေးတွေ  ကိုယ်စီ နဲ့   ညနေရီရီ မှာ   လေညင်းခံထွက်  လေ့ရှိကြ...ပေမယ့်  ဒီပုံထဲမှာတော့....တစုံတယောက်ကို မှ  ရိုးတိုး ရိပ်တိပ်..မမြင် ...။ လူသံသူ သံ မကြား...။
ငြိမ်ငြိမ် သက်သက်...သက်ငြိမ်ကဗျာ....။
      မြို့ဝင် လမ်းမကြီး ရဲ့  နံဘေးချင်း ကပ်ရက်မှာ   ရထားသံလမ်း တခု ဟာ .....အမေ့အိမ်ကို  လွမ်းဆွတ်လို့  ပြန်လာရှာတဲ့   သားသမီးတွေနဲ့ ခရီးသွားတွေကို ထွေး ပွေ့ ချီပိုးလာမယ့်  ရထားကြီး တွေ အတွက်  သူ့ ကျောပြင် ကို ရက်ရက်ရော ရောကြီးကို...  ဖြန့် ခင်း လို့ ..။
ရထားသံလမ်း ရဲ့ ဟိုတဖက် မှာတော့    စိမ်းလဲ့လဲ့ လယ်ကွင်း တွေက ဒီဒေသ ရဲ့ အသည်းနှလုံး ကောက်နှံ စပါးတွေ နဲ့   ပြည့် စုံကုံလုံ နေပုံ...။ လေ အနွဲ့  မှာ ကောက်ပင် စိမ်း လဲ့  ကလေးတွေ   ယိမ်းနွဲ့ ကခုန် လို့ ...၀င်း မှည့် ရွှေစင် အိမယ့်   အချိန် ကို  မှန်းမျှော် နေလေသလာ့း...။
        စိမ်း လဲ့ လဲ့   လယ်ကွင်း တွေ  ရဲ့ နှုတ်ခမ်း သပ် မှာ ကုန်းတန်းညို့ ညို့   ရွာ မို့ မို့  ကလေးတွေက ညို့  ညို့  ပြာရီ ရီ.... ချိတ်ဆွဲသီ လို့ ...။
သူ့ ရင်ခွင် ထဲကချွေးစက်တွေ...သွေးကွက်တွေ..ယမ်း နံ့ တွေ ....မြ၀ါးရုံတော ထဲမှာ  ကြွေလွင့် ခဲ့ တဲ့  ကြယ်ပွင့် နီနီ တွေ ကို...ဘယ်မှာ သိမ်းဆည်း သိုဝှက်.. အိနြေ္ဒမပျက်  နေနိုင် ရက်ပါလိမ့်...။ ကုန်းတန်း ညို့ ညို့   ရွာမို့ မို့ ကလေးတွေက တော့ သူတို့ ကြုံတွေ့  ယဉ်ပါးခဲ့ ဖူးတဲ့    ရင်နာ တေး တွေ ကို     ထပ်မသီ စေချင် တော့ သလို မသိရိုးယောင်ပြုနေပုံများ..ကြေကြေကွဲကွဲ.....ငြိမ်ငြိမ်သက်သက်.....။
        ရထား သံလမ်း နဲ့   စိမ်းလဲ့  လယ်ကွင်း တွေကြား မှာတော့..တိတ်တိတ် ဆိတ်ဆိတ်....မီးရထားသံလမ်း  ကင်းစောင့် တဲကလေး တလုံး.....။ သူကကော.. ဘာသတင်းစကားများ ကြိုတင်  ပါးနိုင်မှာ တဲ့လဲ....။ တဲကလေး နားတ၀ိုက်မှာ.. လျှပ်စစ် မီး  ဓါတ် တိုင် လေး တွေ ကလည်း ခပ် ယိုင်ယိုင်....။ တတိုင်နဲ့  တတိုင်ကို     မီးကြိုးလေးတွေ နဲ့   ချိတ်ဆက် သွယ်တန်း..လို့ ..။
    မြို့ ဝင် လမ်းမနဲ့   ရထားသံလမ်းကြား က  မြောင်းထဲမှာ တော့ .. အနှစ်နှစ်အလ လ  အရိပ် အာဝါသ ပေးလာ တဲ့  လမ်းဘေး ကုက္ကိုလ် ပင်အိုကြီး တွေ.... အမြစ်က လှန်ခံရတဲ့  ဇာတ်ကြောင်းကို...မရှုမလှ ....အပိုင်းပိုင်းဖြတ် ခံထားရရှာတဲ့   ....ကုက္ကိုတုံး အိုကြီး တတုံးက ..လွမ်းဆွေးဖွယ်တေး တပုဒ်ကို ..ဆိုညည်းပြနေလေရဲ့ ....။
...ဒီဖက်လှည့်  နှုတ်ဆက် လိုက် နဲ့  မုန်းစရာကောင်းလောက်အောင်.. ဧည့် ဝတ်ကျေပွန် လို့ ...။
             အုတ်ခုံဆိုင်းဘုတ်ကလေး ကတော့.....   နှုတ်ဆက်လက်ပြ ခွဲခွာ ရတာကို သိပ် မကြိုက်ဘူး....ထင်ရဲ့  ...။ဒါပေမယ့် ...ကြိုဆိုပါဧ။်....ဆိုတာရှိရင်....နှုတ်ဆက်လက်ပြ ခွဲခွါတာ လဲ  ...ရှိမှာ ပေါ့လေ...။
     စာသင်ကျောင်းကလေး ရဲ့   ၀င်းထရံ တိုင်နားမှာတော့    အနာဂတ် ငှက်ကလေးတွေ ရဲ့ အမြဲစိမ်းတောအုပ်
တွေ ကို  .တစမကျန်....လုယက်ဖျက်ဆီး  ပစ်လိုက်ကြပြီး မှ...ကမန်းကတန်း...အစားပြန်စိုက်ပေးထားတဲ့  ကျွန်းပင်ပေါက် ကလေးက  တပင် တည်း ငေါင်စင်းစင်းလေးရပ်လို့..။
 စာသင် ကျောင်း ကလေးထဲ မှာတော့...ခပ်ပိန်ပိန်  ဆရာမလေး တယောက် အလင်းရောင်ခပ်မှိန်မှိန် နဲ့  ဒီပန်းချီကားလေးကို ဆွဲ နေခဲ့လေ ရဲ့ ...။ လွန်ခဲ့ တဲ့   နှစ်(၂၀)ကျော် က...ပေါ့ ။
    ပန်းချီ ဆွဲခဲ့ တဲ့   ဆရာမလေး လဲ  ပိုးကိုက်ခြစား  လို့ ..။
    စာသင်ကျောင်း လေးလဲ  ပိုးကိုက် ခြစားလို့ ..။   ။
ပန်းချီ-နီဇူလိုင်
No comments:
Post a Comment