Friday, August 28, 2015

တတိယလှိုင်းထဲမှာ

တတိယလှိုင်းထဲမှာ ငါတို့ဟာ...လယ်သိမ်းခံအဖမ်းခံလယ်သမားတွေဖြစ်ရတယ် တတိယလှိုင်းထဲမှာ ငါတို့ဟဲာ့ဥပဒေလက်တလုံးခြားတဲ့ချောက်ကမ်းပါးထဲ ဆွဲဆွဲနှစ်ခံရတဲ့ ဂျာနစ်လစ်တွေဖြစ်ရတယ် တတိယလှိုင်းထဲမှာ ငါတို့ဟာ ကိုပါကြီးတွေဖြစ်ရတယ် တတိယလှိုင်းထဲမှာ ငါတို့ဟာ ပြည်တွင်းစစ်မီးလျှံထဲက စစ်ပြေးဒုက္ခသယ်တွေဖြစ်ရတယ် တတိယလှိုင်းထဲမှာ ငါတို့ဟာ စစ်ရေး..နိုင်ငံရေး..ဘာယဉ်ကျေးမှုကိုမှ မလေးစားတဲ့  စစ်ဘီလူးတပိုင်း..မုဆိုးရိုင်းတို့ရဲ့  ပစ်ကွင်းထဲက ပစ်မှတ်တွေဖြစ်ရတယ် တတိယလှိုင်းထဲမှာ ငါတို့ဟာ.. ဘယ်အချိန်မှာ...ငါဘာဖြစ်မယ်ဆိုတာ အာမမခံနိုင်တဲ့  အခါခပ်သိမ်း ဘေးမငြိမ်းတဲ့ နိုင်ငံသားတွေ ဖြစ်ရတယ်..။ ..

ဆောင်းမနက်

December 3, 2014 · ဆောင်းမနက် စိမ်းရော်ဝါနေခြည်သစ်ရွက်ညိုတို့ လဲလျောင်းနေတဲ့ ..မြေနီလမ်း။ မီးခိုးရင့်အမွေးနုတွေကို ဆန့်ခါဖွါနေတဲ့  ဖြူပြာပြာ.ငှက်ကလေးတွေ..။့ ကျဲပက်ထားတဲ့  ဆန်ကွဲစဖြူဖြူတွေကို လုယက် ဆောင်းမီးဖိုအိုအိုလေးထက်..မီးခိုးတငွေ့ ငွေ့ လူ..။ ။

ဝင်္ကဘာ

ငယ်ငယ်က ရပ်ကွက်ထဲမှာ..ဒီလိုပဲရှိတယ်..။ မရှုပ်ရှုပ်အောင်အတားအဆီးတွေလုပ်ထားတဲ့ဝင်္ကဘာ..။ လမ်းမှန်ကိုတွေ့ဖို့အသွား.. ဘွားခနဲအတားတွေ..တခုပြီးတခုတွေ့ မယ်.။ ၀င်းထရံကို ကျော်ခွသူက..ခွ..။ နောက်ပြန်လှည့်သူက...လှည့်..။ တရွေ့ရွေ့  နဲ့လမ်းတွေ့အောင်ရှာသူက....ရှာ..။ ၀င်္ကဘာထဲမှာ လမ်းတွေ့လာသူတွေအတွက် အလှူ့ လက်ဖက်နဲ့မျက်နှာလုပ်တဲ့ လက်ဖက်သုတ်တွေရှိတယ်..။ ပြီးတော့လဲ လာရာလမ်းအတိုင်း ပန်းတိုင်ကိုထားခဲ့  ရပ်ကွက်ထဲမှာ ဒီလိုပဲရှိတယ်..။ နီဇူလိုင် ၁၁.၁၂.၁၄

Tuesday, August 25, 2015

မပြီးသေးသောပန်းချီကားတချပ်

မူလတန်းတုန်းက တို့ဆရာမ ပင်စင်ယူပြီးစ နွမ်းလှလှ တိုးညှင်းညင်သာ အားပေးပါဦးတဲ့ ကျောင်းဆွဲခြင်းအဟောင်းလေးကိုချ ထီလက်မှတ်တွေကိုပြမှာလား အတွေးပွါးတုန်း ခြင်းအဖုံးလေးကို အသာဖွင့် စက္ကူဝါကျင့်ကျင့်လေးတွေအောက်မှာ ပုန်းနေတဲ့ မုန့်လုံးကြီး ခြောက်ခု နှလုံးသားကို တူနဲ့ထု ဘယ်သူ့ကို မုန်းရမှန်းမသိ ကျုံးလို့ဝယ်ပစ်လိုက်မိ တလုံးပြီး တလုံး တလုံးပြီးတလုံး မုန့်လုံးကို စက္ကူကပ် ကြာကလပ်နဲ့ ဆွမ်းတော်တင် နီဇူလိုင် ၂၉.၄.၀၇

Thursday, April 23, 2015

မိုးဖွဲသေး

ဖြိုးဖြောက်မြည်သံပေး စည်းချက်ကခုန် မိုးဖွဲသေး မြေသင်းရနံ့  မွှေး

Monday, April 20, 2015

သပိတ်လွယ်ငှက်

သပိတ်လွယ်ငှက်ကလေးများ သစ်ရွက်တွေကြား..တိုးဝင်သွားေေေ ကြာင်အိုအော်သံကြား

Monday, March 10, 2014

ရွာ့ပြင်မှာပဲ နေတော့မယ်

အုတ်အရောရော ကျောက်အရောရောထဲမှာ ဖုတ်(ဖုန်) တသောသော ဂဲ(ခဲ) တသောသော နဲ့  မနေချင်တော့ပြီ ငါ့ ဖာသာ ရွာ့ ပြင်မှာပဲ နေတော့မယ်.. ဖောက်ပြန်တဲ့  အထောက်အကန်တွေ နဲ့ လဲ မရပ်တည်ချင်တော့ပြီ ငါ့ ဖာသာ ရွာ့ပြင်မှာပဲ နေတော့မယ်... စဉ်းလဲတဲ့  အသင်းအတွဲ တွေထဲလဲ မ၀င်ဆန့် လိုတော့ပြီ ငါ့ ဖာသာ ရွာ့ပြင်မှာပဲ နေတော့မယ်... ရွာ့ပြင်မှာ မုသာဝါဒ ညှော်နံ့ ကင်းတယ် အဘအဘ နဲ့  ဦးတစောက် စောက် . ဒူးထောက်တဲ့ သူတွေလဲကင်းတယ် ပေါင်းစားတဲ့  သူတောင်စားတွေ နဲ့ လဲ မျက်စိမနောက်ဘူး လူရာဝင်ချင်လို့ စင်ပေါ်အတင်းတက်.တဲ့ .. .ငါးဖျင်းသလက်တွေလဲမရှိ ဘာဘာညာညာ လှိုင်းကြီးလေထန်. .အော့ကြောလန်တွေလဲ ဝေး အေးဆေးပဲ ငါ့ ဖာသာ ရွာ့ပြင်မှာပဲ နေတော့မယ်..။ ။