Tuesday, April 20, 2010

အားနာတယ်

ပြည်တော်ပြန် သီဟာသန
အမျိုးသား ပြတိုက်မှာ တင့်တယ် နေတော့
မဟာမြတ်မုနိကို
အားနာတယ်။
-
ရတနာဂီရိက
သီပေါဘုရင်ရဲ့ နှလုံးသားကို တူးဆွရင်း

ဘ၀ရဲ့ နေညိုညိုဆည်းဆာအိုမှာ
ဇာတိမြေကိုလွမ်းဆွတ်ရှာမဲ့
မနူဟာကို
အားနာတယ်။

-
ကမ္ဘောဇသာဒီနန်းတော်ရာကြီး
ခေါင်းဖီးပန်းပန်၊သနပ်ခါးလိမ်းကျံပြီး
ဝတ်လဲတော်သစ်နဲ့ရှုမငြီးတော့
နသားပါရ မုဒိန်းကျင့်ခံရတဲ့
သူ့ ညီအမ
ကမ္ဘောဇက ဟော်နန်းအိုရေ
အားနာတယ်။

-
စစ်ဘီလူးတွေရဲ့ ပန်းဦးချွေ ပွဲထဲ

ကျေမွ ညိုးနွမ်းရခြင်း အတူတူ
ကျောရင်မတူ ကွဲပြား
ဒါတွေကို အားနာတယ်။

-
အားနာစရာတွေများလွန်းတော့
အားနာရမှာတောင်

အားနာမိတော့ တယ်။ ။

(နီဇူလိုင်)


1 comment:

  1. ကဗျာလေးရဲ့ အဓိပ္မါယ်ရှိလွန်းပါတယ် မနီ ရေ... အဲဒီလို လူတိုင်း စိတ်ထားနိုင်ရင် သိတ်ကောင်းမှာဘဲ...

    ReplyDelete