Showing posts with label ကဗျာ. Show all posts
Showing posts with label ကဗျာ. Show all posts
Tuesday, February 14, 2012
ဒီလှိုင်း
ဒီလှိုင်းဟာ
လ ..ကို ဗဟိုပြု
ဒီရေ တွေကို စုရုံး
လှိုင်းလုံးအသွင် ခုံးကြွ
အတက်အကျ နရီ မှန်မှန် နဲ့ 
ကမ်းခြေဆီ
ချီခဲ့ တယ်...။
ဒီလှိုင်းဟာ
ကမ်းခြေရဲ့  ရိုင်းခဲ့ ရတဲ့ 
အညစ်အထေး တွေကို သန့် စင်
ပင်လယ်ပြင် ရဲ့  ကြွယ်ဝမှုတွေနဲ့ 
ကမ်းခြေ ကို ကုံလုံစေ့ မယ်.....။
ဒါပေမယ့် ...ဒီလှိုင်းဟာ
.အထိန်းအကွပ် မပါရင်
တခါ တခါ.
.ဆူနာမီ လို လဲ စိတ်ရိုင်း ၀င်တတ်တယ်..။
ဒီတော့ 
ဒီလှိုင်း နဲ့  ကမ်းခြေ
သဟ ဇာတ မျှတဖို့ 
ဒီရေတော တွေ ရှိရမယ်..။ ။
(နီဇူလိုင်)
ငပုတ်ဖမ်း တဲ့  ည
ဒီညဟာ
လပြည့်  ညဖြစ်ပေမယ့် 
ငပုတ်ဖမ်းခံ နေရတဲ့ ...ည။
ငပုတ်ကလည်း
မာယာ တွေ အမျိုး မျိုးပြလို့ 
မှောင်...။
လ...ကလည်း
အားကုန်သုံးလို့ 
ရုန်း...။
ကြယ် တွေကတော့
မာယာ တောက
လ..အတွက်
ရတက်မအေး
ဓါးကို ပဲ ကြိတ်သွေးနေရတယ်..။
အန်လိုက်
ထွေးလိုက်
လင်းလိုက်
မှောင်လိုက်
အခိုက်အတန့် ကလေးတခုမှာ
မှောင်အတိကျ သွားရှာသေးတယ်..။
ဘာပဲ ဖြစ်ဖြစ်
လ..ဆိုတာ
ငပုတ်ရဲ့ မာယာ ကို
ကြာကြာ ခံရရိုးလား
အန်ကျ တဲ့  အချိန်မှာ
ဆေးပေါင်းခ ပါဦးမယ်..။ ။
လပြည့်  ညဖြစ်ပေမယ့် 
ငပုတ်ဖမ်းခံ နေရတဲ့ ...ည။
ငပုတ်ကလည်း
မာယာ တွေ အမျိုး မျိုးပြလို့ 
မှောင်...။
လ...ကလည်း
အားကုန်သုံးလို့ 
ရုန်း...။
ကြယ် တွေကတော့
မာယာ တောက
လ..အတွက်
ရတက်မအေး
ဓါးကို ပဲ ကြိတ်သွေးနေရတယ်..။
အန်လိုက်
ထွေးလိုက်
လင်းလိုက်
မှောင်လိုက်
အခိုက်အတန့် ကလေးတခုမှာ
မှောင်အတိကျ သွားရှာသေးတယ်..။
ဘာပဲ ဖြစ်ဖြစ်
လ..ဆိုတာ
ငပုတ်ရဲ့ မာယာ ကို
ကြာကြာ ခံရရိုးလား
အန်ကျ တဲ့  အချိန်မှာ
ဆေးပေါင်းခ ပါဦးမယ်..။ ။
နင်းရဲ ရင် နင်း
ကျမ နှင်းဆီခင်းကိုမှ
ချနင်းခြေချင်တယ်..တဲ့ 
ဆူးတွေ နဲ့  ..ရှင်
ချနင်းခြေချင်တယ်..တဲ့ 
ဆူးတွေ နဲ့  ..ရှင်
Thursday, June 3, 2010
မုန်တိုင်းထဲမှာ ပွင့်တဲ့ပိတောက်

မုန်တိုင်းမိုးတွေ
စွေသထက်စွေ။
ပွင့်တချို့ ..ကြွေတချို့ 
ကြွေဆဲ..ဝေမြဲ
ပိတောက်တွေခဲခဲလှုပ်။
လေကြမ်းတချက်အသုတ်
တဖြုတ်ဖြုတ်ကြွေလဲ
မွှေးမြဲမွှေးလျက်
အသည်းထဲမှာပိတောက်ခက်တွေ
ဒဏ်ရာဒဏ်ချက်တွေနဲ့ပဲ
ဝေ.....။ ။
Monday, May 17, 2010
မဟော်သဓါရေ
ကမ္ဘာမီးလောင် သားကောင်ချနင်းဖို့ဝေး
ကိုယ့်သွေးသားကို
သားသတ်ရုံမှာ အမဲပေါ်သလို
ဟိုဘက်သည်ဘက်
မလုယက်ချင်။
ရက်ရက်စက်စက်
လက်ဦးမှုယူတဲ့
ဘီလူးယုတ်ရဲ့လက်ထဲမှာ
ကိုယ့်ရင်ကဖြစ်ရတဲ့ရတနာ
အို... မြတ်စွာဂေါတမ
ဇာတ်ကြီးဆယ်ဘွဲ့ထဲလာပါရစေ
မဟော်သဓာ ဘယ်မှာနေ
မဟော်သဓာ ကယ်ပါလေ။ ။
နီဂျူလိုင် (၈. ၇. ၀၈)
ကိုယ့်သွေးသားကို
သားသတ်ရုံမှာ အမဲပေါ်သလို
ဟိုဘက်သည်ဘက်
မလုယက်ချင်။
ရက်ရက်စက်စက်
လက်ဦးမှုယူတဲ့
ဘီလူးယုတ်ရဲ့လက်ထဲမှာ
ကိုယ့်ရင်ကဖြစ်ရတဲ့ရတနာ
အို... မြတ်စွာဂေါတမ
ဇာတ်ကြီးဆယ်ဘွဲ့ထဲလာပါရစေ
မဟော်သဓာ ဘယ်မှာနေ
မဟော်သဓာ ကယ်ပါလေ။ ။
နီဂျူလိုင် (၈. ၇. ၀၈)
Wednesday, May 5, 2010
မျက်လှည့်

မျက်လှည့်ပါဆိုမှ
ကြည့်ချင်သေးသပဆို
ကြွခဲ့
မျက်စိတွေကိုလှည့်ပစ်မယ်
မျက်လှည့်။
ယမ်းငွေ့တွေကြားထဲ
ဂျိုးဖြူလေးတွေလဲ
မျက်လှည့်။
ဓားပေါက်သူကလဲ
မျက်လှည့်။
ဓားပေါက်ခံသူကလဲ
မျက်လှည့်။
ပေါက်ဓားတွေကလဲ
မျက်လှည့်။
ရှေ့ ပိုင်း
နောက်ပိုင်း
အလယ်ပိုင်း
တယောက်ထဲတကိုယ်တော်ကြဲသွားတဲ့
မျက်လှည့်ဆရာကြီးကလဲ
မျက်လှည့်။
ပွဲမပြဖြစ်လဲ
ငွေပြန်အမ်းချင်မှအမ်းမယ်
ခင်ဗျားတို့ရုံဝင်ခတွေ
လေထဲမှာပြာမှုန်လေးတွေဖြစ်သွားပြီ
ယုံချင်ယုံမယုံချင်နေ
မျက်လှည့်။
ကိုယ့်ပိုက်ဆံနဲ့ကိုယ်
အလိမ်ခံချင်ရင်
ကြွခဲ့....မျက်လှည့်။ ။
Wednesday, April 28, 2010
ကောင်းကင်မှာ..

မိုးကောင်းကင်တွေကိုကြည့်ရင်း
စဉ်းစားခန်းဝင်။
ကောင်းကင်
တိမ်မျှင်
သစ်ပင်တို့အရောင်
အမှောင်အလင်း
အအေးအပူ
အသွေးမတူကွဲပြား
ခြားနားကြ။
ဂျော်ဂျီယာရဲ့ကောင်းကင်
အာဖဂန်နစ္စတန်ရဲ့ကောင်းကင်
ဘီဂျင်းအိုလံပစ်ရဲ့ကောင်းကင်
မြန်ပြည်သားတို့ကောင်းကင်
အာရှကျားတို့ကောင်းကင်
ယမ်းငွေ့ကျည်ငွေ့
ဆီငွေ့သီဝေ့
ဒေါသငွေ့ သောကငွေ့
လောဘငွေ့ မောဟငွေ့
ကောင်းကင် တော့ကောင်းကင်
ကမ္ဘာမြေပြင်တစ်ခုထဲရဲ့ ကောင်းကင်။
စဉ်းစားခန်းဝင်။
ကောင်းကင်
တိမ်မျှင်
သစ်ပင်တို့အရောင်
အမှောင်အလင်း
အအေးအပူ
အသွေးမတူကွဲပြား
ခြားနားကြ။
ဂျော်ဂျီယာရဲ့ကောင်းကင်
အာဖဂန်နစ္စတန်ရဲ့ကောင်းကင်
ဘီဂျင်းအိုလံပစ်ရဲ့ကောင်းကင်
မြန်ပြည်သားတို့ကောင်းကင်
အာရှကျားတို့ကောင်းကင်
ယမ်းငွေ့ကျည်ငွေ့
ဆီငွေ့သီဝေ့
ဒေါသငွေ့ သောကငွေ့
လောဘငွေ့ မောဟငွေ့
ကောင်းကင် တော့ကောင်းကင်
ကမ္ဘာမြေပြင်တစ်ခုထဲရဲ့ ကောင်းကင်။
-------
နီဂျူလိုင်
သြဂုတ်လ ၁၂ ရက်၊ ၂၀၀၈
Friday, April 23, 2010
ငု
အ၀ါ နဲ့ အစိမ်း
ယိမ်းသူမ
ယိမ်းသူမ
နောက်ခံက ပြာစင်စင်
ဝါယဉ်ယဉ် မြသွေး
မွှေးခွင့် မရလဲ မွှေး
တိမ်ကလေးကို ဆေးရောင်ခြယ်။ ။
(နီဇူလိုင်)
Tuesday, April 20, 2010
အားနာတယ်
ပြည်တော်ပြန် သီဟာသန
အမျိုးသား ပြတိုက်မှာ တင့်တယ် နေတော့
မဟာမြတ်မုနိကို
အားနာတယ်။
-
ရတနာဂီရိက
သီပေါဘုရင်ရဲ့ နှလုံးသားကို တူးဆွရင်း
ဘ၀ရဲ့ နေညိုညိုဆည်းဆာအိုမှာ
ဇာတိမြေကိုလွမ်းဆွတ်ရှာမဲ့
မနူဟာကို
အားနာတယ်။
-
ကမ္ဘောဇသာဒီနန်းတော်ရာကြီး
ခေါင်းဖီးပန်းပန်၊သနပ်ခါးလိမ်းကျံပြီး
ဝတ်လဲတော်သစ်နဲ့ရှုမငြီးတော့
နသားပါရ မုဒိန်းကျင့်ခံရတဲ့
သူ့ ညီအမ
ကမ္ဘောဇက ဟော်နန်းအိုရေ
အားနာတယ်။
-
စစ်ဘီလူးတွေရဲ့ ပန်းဦးချွေ ပွဲထဲ
ကျေမွ ညိုးနွမ်းရခြင်း အတူတူ
ကျောရင်မတူ ကွဲပြား
ဒါတွေကို အားနာတယ်။
-
အားနာစရာတွေများလွန်းတော့
အားနာရမှာတောင်
အားနာမိတော့ တယ်။ ။
(နီဇူလိုင်)
မျိုချ
မျိုချ
မှန်ချပ်ကိုမျက်နှာလွှဲ
ပွဲလန့်တုံးဖျာခင်းသူတွေကိုလဲ
မျိုချ။
သိုးရေခြုံထားတဲ့ ၀ံပုလွေတွေကိုလဲ
မျိုချ။
နောက်ကျောက ဓားနဲ့ထိုးသူတွေကိုလဲ
မျိုချ။
ကိုယ့်ကိုယ်ကိုဖော် မသူတော်တွေကို လဲ
မျိုချ။
ဆောင်းထားတဲ့ ဦးထုပ်အောက်က
လျှာနှစ်ခွနဲ့ မြွေဟောက်တွေ ကိုလဲ
မျိုချ။
ထုံအနေတဲ့ နှလုံးသားကို
ကိုယ်ပိုင်မာနနဲ့ ပြန်ထုပ်ပိုး
မျိုချ။
သခွပ်ပင်ကမီးတကျည်ကျည် မလုပ်ချင်လို့
မျိုချ။
ညီညွတ်ရေး၊ မပြိုကွဲရေးအတွက်
မျိုချ။
သူများကိုလမ်းခင်းပေးနိုင်ဖို့
မျိုချ။
သိုးရေခြုံထားတဲ့ ၀ံပုလွေတွေကိုလဲ
မျိုချ။
နောက်ကျောက ဓားနဲ့ထိုးသူတွေကိုလဲမျိုချ။
ကိုယ့်ကိုယ်ကိုဖော် မသူတော်တွေကို လဲ
မျိုချ။
ဆောင်းထားတဲ့ ဦးထုပ်အောက်က
လျှာနှစ်ခွနဲ့ မြွေဟောက်တွေ ကိုလဲ
မျိုချ။
ထုံအနေတဲ့ နှလုံးသားကို
ကိုယ်ပိုင်မာနနဲ့ ပြန်ထုပ်ပိုး
မျိုချ။
သခွပ်ပင်ကမီးတကျည်ကျည် မလုပ်ချင်လို့
မျိုချ။
ညီညွတ်ရေး၊ မပြိုကွဲရေးအတွက်
မျိုချ။
သူများကိုလမ်းခင်းပေးနိုင်ဖို့
သူတို့ဘ၀ကိုချနင်းခံနေတဲ့ ကြယ်အစင်းစင်းကိုဦးညွှတ်ရင်း
မျိုချ
အချိန်ကျရင်
အစာအိမ်ကစစ်ထုပ်သွားလိမ့်မယ်လို့ တွေးရင်း
မျိုချ။
အချိန်မကျခင်
မဆန့်မပြဲအစာအိမ်ကွဲသွားလဲ မတတ်နိုင်
မျိုချ.....မျိုချ။ ။
အစာအိမ်ကစစ်ထုပ်သွားလိမ့်မယ်လို့ တွေးရင်း
မျိုချ။
အချိန်မကျခင်
မဆန့်မပြဲအစာအိမ်ကွဲသွားလဲ မတတ်နိုင်
မျိုချ.....မျိုချ။ ။
(နီဇူလိုင်)
ဆူး
- 7 ဇူလိုင်ဆိုတာ
အဖေတို့ ရင်ထဲကဆူး။
- ၈၈-၉၆
၂၀၀၇-၂၀၀၈
အရိုင်းခေတ်ရဲ့
သမိုင်းညစ်တဲ့ ဆူး။
- ငါတို့ ရင်ထဲ
နစ်ဝင်နေဆဲ ဆူးတွေ။
- သားတို့ခေတ်မှာ
ဆူးကြားက ဘူး မဖြစ်စေချင်
ထွင်ကို ထွင်ရမယ်
ဆူးပင်းထက်နေတဲ့ အနာဆွေး
ရဲဆေးတင်ပြီး ထွင်ကြစို့။ ။
(နီဇူလိုင်)
ဆရာကြီးတင်မိုး ကွယ်လွန်ခြင်း ၂ နှစ် ပြည့်
လွန်ခဲ့တဲ့ (၂)နှစ်က ခရီးရှည်ရွက် လွှင့်သွားခဲ့တဲ့ ကဗျာ ကြယ်ကြီး တလုံးကို လွမ်းဆွတ် တသစိတ်နဲ့ မိုးကောင်းကင်ကို မော့ကြည့်မိ....။
ဟိုး--- အရှေ့ဖက် မိုးကောင်းကင်မှာ အရောင်ဖြာ တောက်ပ နေတဲ့ ကျမတို့ရဲ့ ကဗျာကြယ်ကြီး...
ကြည့်စမ်း---သူ့ထံမှ လှိုက်လှဲ နွေးထွေးတဲ့ အပြုံးဓာတ်တွေဟာ ကူးစက်ခံစားကျမကို လွှမ်းခြုံသွားပေါ့။
ဒါဆို-- သူ ကျမတို့ကို ပြုံးကြည့် နေတာပေါ့။ ပြုံးပြီး အားပေးနေတာပေါ့ ။
ခုတလော---မြင်ရကြားရ နားဝ မချမ်းသာမူ များကြောင့် ၊ကျမတို့ နွမ်းလျ ခံပြင်း အားမာန် တင်းနေရပုံများကို သူလဲသိရော့ထင်။
ကျမ ၀မ်းနဲနာကျည်း၊ လက်သီးကို ကျစ်ကျစ်ဆုပ်ရင်းရင်ထဲမှ စီးဆင်းလာသော ကဗျာကလေး တပုဒ်ကို တိုးတိုး ညှင်းညှင်း ရွတ်ဆိုပြီး သူ့ကို တိုင်တည်မိပေါ့။
ဟိုး--- အရှေ့ဖက် မိုးကောင်းကင်မှာ အရောင်ဖြာ တောက်ပ နေတဲ့ ကျမတို့ရဲ့ ကဗျာကြယ်ကြီး...
ကြည့်စမ်း---သူ့ထံမှ လှိုက်လှဲ နွေးထွေးတဲ့ အပြုံးဓာတ်တွေဟာ ကူးစက်ခံစားကျမကို လွှမ်းခြုံသွားပေါ့။
ဒါဆို-- သူ ကျမတို့ကို ပြုံးကြည့် နေတာပေါ့။ ပြုံးပြီး အားပေးနေတာပေါ့ ။
ခုတလော---မြင်ရကြားရ နားဝ မချမ်းသာမူ များကြောင့် ၊ကျမတို့ နွမ်းလျ ခံပြင်း အားမာန် တင်းနေရပုံများကို သူလဲသိရော့ထင်။
ကျမ ၀မ်းနဲနာကျည်း၊ လက်သီးကို ကျစ်ကျစ်ဆုပ်ရင်းရင်ထဲမှ စီးဆင်းလာသော ကဗျာကလေး တပုဒ်ကို တိုးတိုး ညှင်းညှင်း ရွတ်ဆိုပြီး သူ့ကို တိုင်တည်မိပေါ့။
ကမ္ဘာမြေရဲ့ ကောင်းကင်ထက်မှာ
လင်းလက် တာရာ ကြယ် များစွာ
တခါတခါ တောက်ပ
တခါတခါ မိွန္ပ်
မရေတွက်နိုင်အောင် များပြားစွ
ပန်းအလှကမ္ဘာကို လိပ်ပြာလေးတွေဝဲသလိုပ။
မည်းနက် မိုးတိမ် ဖုံးတဲ့အခါ
ကြယ်မီးအိမ်များ ပုန်းရရှာ
ကမ္ဘာမြေရဲ့ မြစ်များစွာ
တိတ်ဆိတ် နာကျင်စီးဆင်း
မဲမဲမှောင်မိုက်တွင်း
ရှိုက်သံတိုးတိုး ညှင်း။
တိတ်ဆိတ် နာကျင်စီးဆင်း
မဲမဲမှောင်မိုက်တွင်း
ရှိုက်သံတိုးတိုး ညှင်း။
ဒါပေမဲ့
ကမ္ဘာမြေအတွက်
စကြာဝဠာ တနေရာမှာ
အသေအချာကို ရှိနေကြလေရဲ့
လင်းလက် ကြယ်တာရာ..
များစွာ... များစွာကွဲ့။
များစွာ... များစွာကွဲ့။
ဒီလို ကဗျာလေးတွေ ယိုစီး ဖိတ်အန်ကျတတ်ဖို့ ကဗျာမျိုးစေ့တွေ စေ့ဆော် ကြဲပက်ခဲ့သူ ကဗျာကြယ်ကြီးဟာ ကြင်ကြင်နာနာနဲ့ ငုံ့ကြည့်ရင်း ကျမတို့ ငယ်ငယ်က စွဲစွဲလန်းလန်း ရွတ်ဆိုခဲ့ရတဲ့ - ကြယ်ကလေးတွေ-ဆိုတဲ့ ကဗျာကလေးကို သူ့အသံ လေးလေး သြသြကြီးနဲ့ စတင် ရွတ်ဆိုပါတော့တယ်။
လေမုန်တိုင်း ဘယ်လိုဝှေ့ဝှေ့
ကြယ်ကလေးတွေ နေရာမရွေ့
မိုးငွေ့တွေ ဘယ်လိုလိမ်လိမ်
ကြယ်ကလေးတွေ အရောင်မမှိန်
အချိန်တွေ ဘယ်လိုသွားသွား
ကြယ်ကလေးတွေ ပျောက်မသွား
ယောက်ျားဘသား ကြယ်ကလေးများ
အမြဲ တောက်ကြွားကြွား။ ။
ကဗျာရွတ်သံဟာ တိုးတိုး ဖွဖွမှတစထက် တစ ကျယ်လောင် မြည်ဟီး ကမ္ဘာတခွင်ကို ပျံ့နှံ့ စီးဝင်သွား စေပါတယ်။ သူ့ရဲ့ ရင်သွေး ကြယ်ကလေးများဟာ တိမ်ပုတ် တိမ်မဲတွေအောက်မှာ ရောက်နေတာတောင် ဘာမထီဘဲ သံပြိုင် ဟစ်ကြွေး အချင်းချင်း အားပေးကြ။ ကောက်ကျစ် ယုတ်မာတဲ့ မုန်တိုင်း မိုးတိမ်တို့ သဘာဝ သဘောက၊ လောကကို သိမ်းကျုံး ဖျက်ဆီး မိုက်မဲခြင်း အတိ ပြီးနေတာပါလား။ လောက-က ကြာရှည် လက်မခံ ကျွမ်းသန္တာလန်အောင် ခါချပါလိမ့်မယ်။ လောကကို အလင်းပေးနေဆဲ သတ္တိခဲ ကြယ်ကလေးတွေဟာ ဘယ်တော့မှ ပျောက်မသွား မှိန်မသွား တောက်ကြွားမြဲ တောက်ကြွားလျှက် ကဗျာကြယ်ကြီးရဲ့ ပိုက်ထွေးယုယမှုဖြင့် ကြီးပြင်းလာကြသော ကြယ်ကလေးများဟာ ကိုယ်ကျိုးစွန့်ကာ တိုင်းပြည်ချစ်စိတ်ဖြင့် တရားမျှတမှုအတွက် တိုက်ပွဲဝင်လျှက်။
အရောင် နဲ့ အလှ
အရောင်နဲ့ အလှ
လူကလေးရေ
ကြည့်လေ......။
တော၊ တောင် ၊ရေ၊ မြေ။
တောဆိုလည်း၊ တောအရောင်
တောင်ဆိုလည်း၊ တောင်အရောင်နဲ့။
ပင်လယ်ပြာ မြစ်ပြင်ပြာ
ဝဲဂယက်ဖြာ ရောင်စုံတောက်ပ
လှမှလှပဲလေ။
မြေပြင် အလုံးစုံမက
သဘာဝနေရောင်ဝယ်
ခုနစ်သွယ်ရောင်စဉ်ရှိတယ်။
လူလေးရင်ထဲက နှလုံးသား
လှပစွာအရောင်များခြယ်
လွတ်လပ်စွာ ခြယ်စမ်းကွယ်။
အရောင်အသွေးကင်းပျောက်
မွဲခြောက်ခြောက်ဖြူလျော်လျော်
ခပ်လျှော်လျှော် ဘ၀ထက်စာရင်
နီချင်နီ၊ စိမ်းချင်စိမ်း။
နုချင်နု၊ ရင့်ချင်ရင့်။
အရောင်တိုင်းလှ
အလှတိုင်းမှာ အရောင်ရှိတယ်။
လူကလေးရေ
ကြည့်လေ......။
တော၊ တောင် ၊ရေ၊ မြေ။

တောဆိုလည်း၊ တောအရောင်
တောင်ဆိုလည်း၊ တောင်အရောင်နဲ့။
ပင်လယ်ပြာ မြစ်ပြင်ပြာ
ဝဲဂယက်ဖြာ ရောင်စုံတောက်ပ
လှမှလှပဲလေ။
မြေပြင် အလုံးစုံမက
သဘာဝနေရောင်ဝယ်
ခုနစ်သွယ်ရောင်စဉ်ရှိတယ်။
လူလေးရင်ထဲက နှလုံးသား
လှပစွာအရောင်များခြယ်
လွတ်လပ်စွာ ခြယ်စမ်းကွယ်။
အရောင်အသွေးကင်းပျောက်
မွဲခြောက်ခြောက်ဖြူလျော်လျော်
ခပ်လျှော်လျှော် ဘ၀ထက်စာရင်
နီချင်နီ၊ စိမ်းချင်စိမ်း။
နုချင်နု၊ ရင့်ချင်ရင့်။
အရောင်တိုင်းလှ
အလှတိုင်းမှာ အရောင်ရှိတယ်။
Subscribe to:
Posts (Atom)

