Wednesday, April 28, 2010

ကောင်းကင်မှာ..


မိုးကောင်းကင်တွေကိုကြည့်ရင်း
စဉ်းစားခန်းဝင်။
ကောင်းကင်
တိမ်မျှင်
သစ်ပင်တို့အရောင်
အမှောင်အလင်း
အအေးအပူ
အသွေးမတူကွဲပြား
ခြားနားကြ။
ဂျော်ဂျီယာရဲ့ကောင်းကင်
အာဖဂန်နစ္စတန်ရဲ့ကောင်းကင်
ဘီဂျင်းအိုလံပစ်ရဲ့ကောင်းကင်
မြန်ပြည်သားတို့ကောင်းကင်
အာရှကျားတို့ကောင်းကင်
ယမ်းငွေ့ကျည်ငွေ့
ဆီငွေ့သီဝေ့
ဒေါသငွေ့ သောကငွေ့
လောဘငွေ့ မောဟငွေ့
ကောင်းကင် တော့ကောင်းကင်
ကမ္ဘာမြေပြင်တစ်ခုထဲရဲ့ ကောင်းကင်။

-------


နီဂျူလိုင်


သြဂုတ်လ ၁၂ ရက်၊ ၂၀၀၈

3 comments:

  1. This comment has been removed by the author.

    ReplyDelete
  2. ကေ့ ဆီက အိမ်ခွဲဆင်းလာတဲ့ မနီဇူလိုင်ကို လာအားပေးတာပါ...
    အရင် ကေ့ဆီမှာ ကဗျာလေးတွေ ဖတ်နေရထဲက သဘောကျနေပြီးသားပါ...
    နောက်လဲ လာလည်မယ်နော်...း))

    ReplyDelete
  3. လောဘ ဒေါသ မောဟငွေ့တွေ ကင်းစင်တဲ့၊ ယမ်းငွေ့ ကျည်ငွေ့တွေ ရှင်းလင်းတဲ့ ကောင်းကင်လေးတခု ပိုင်ဆိုင်ခွင့်ရချင်ပါတယ်။
    အမြဲလာအားပေးပါ့မယ်။ စာများများ ရေးပါနော်..

    ReplyDelete