Monday, May 17, 2010

မဟော်သဓါရေ

ကမ္ဘာမီးလောင် သားကောင်ချနင်းဖို့ဝေး
ကိုယ့်သွေးသားကို
သားသတ်ရုံမှာ အမဲပေါ်သလို
ဟိုဘက်သည်ဘက်
မလုယက်ချင်။
ရက်ရက်စက်စက်
လက်ဦးမှုယူတဲ့
ဘီလူးယုတ်ရဲ့လက်ထဲမှာ
ကိုယ့်ရင်ကဖြစ်ရတဲ့ရတနာ
အို... မြတ်စွာဂေါတမ
ဇာတ်ကြီးဆယ်ဘွဲ့ထဲလာပါရစေ
မဟော်သဓာ ဘယ်မှာနေ
မဟော်သဓာ ကယ်ပါလေ။ ။

နီဂျူလိုင် (၈. ၇. ၀၈)

No comments:

Post a Comment