Tuesday, February 14, 2012
ငပုတ်ဖမ်း တဲ့  ည
ဒီညဟာ
လပြည့်  ညဖြစ်ပေမယ့် 
ငပုတ်ဖမ်းခံ နေရတဲ့ ...ည။
ငပုတ်ကလည်း
မာယာ တွေ အမျိုး မျိုးပြလို့ 
မှောင်...။
လ...ကလည်း
အားကုန်သုံးလို့ 
ရုန်း...။
ကြယ် တွေကတော့
မာယာ တောက
လ..အတွက်
ရတက်မအေး
ဓါးကို ပဲ ကြိတ်သွေးနေရတယ်..။
အန်လိုက်
ထွေးလိုက်
လင်းလိုက်
မှောင်လိုက်
အခိုက်အတန့် ကလေးတခုမှာ
မှောင်အတိကျ သွားရှာသေးတယ်..။
ဘာပဲ ဖြစ်ဖြစ်
လ..ဆိုတာ
ကြာကြာ ခံရရိုးလား
အန်ကျ တဲ့  အချိန်မှာ
ဆေးပေါင်းခ ပါဦးမယ်..။      ။
No comments:
Post a Comment