Friday, August 20, 2010

မတွေးရဲပေါင်..


တနေ့က ဦး ရဲ ``ငါးနှစ် ရာ သီ ဗမာ ပြည်´´စာအုပ် ကို ပြန် ဖတ် မိ တယ်။ ၁၉၄၁ ခု နှစ်မြန်မာ ပြည်ထဲက နေအင်္ဂလိပ်တွေ အပြေး ၊ဂျပန် တွေ အ၀င် ကာလ။ဦး တို့ နိုင် ငံ ရေး အကျဉ်းသား တသိုက် ကို မန္တ လေး ထောင် ထဲ မှာ အင်္ဂလိပ် အစိုး က ထားပြစ် ခဲ့ ချိန် က ထောင်တွင်း အခြေ အနေ လေး တွေ နဲ့ စာအုပ်ကို စထားပြီး...
၁၉၄၅ ခု ဂျ ပန် တွေ ဗမာ ပြည် ထဲက ပြန် အပြေး မှာ ဦးနုက ဂျပန် ခေတ် အစိုး ၀န် ကြီး ဘ၀..။ဂျပန် နဲ့ အတူတူ လိုက် ပြေး ရင်း မု ဒုံမြို မှာ သောင် တင်နေတုန်း...။ဂျ ပန် တွေ လက် နက်ချ လို့ စစ်ကြီး ပြီး သွားတာနဲ့ အဆုံးသတ် ထားပါ တယ်...

စာ အုပ် ရဲ အလယ် ပိုင်း မှာ တော့ ဂျ ပန်ခေတ် ရွှေ ရည် စိမ် လွတ် လပ် ရေး တဲ့ အချိန်... အဓိပတိ ကြီး ဒေါက် တာဘ မော်။ စစ် သေနာပတိ ဗိုလ် ချုပ် အောင် ဆန်း..။လယ်ယာ စိုက် ပျိုး ရေးဝန် ကြီး သခင် သန်းထွန်း တို့ နဲ့ အတူ...ဦး က နိုင်ငံ ခြား ရေး ၀န်ကြီး အဖြစ် (မလုပ်ချင်ပေမဲ့ အားလုံး ရဲ တာဝန် ပေး မှ အရ လို့ ဦး နု က ဆိုပါတယ်) တာ ၀န်ထမ်း ဆောင်ခဲ့ တဲ့ အချိန် ကအဖြစ် တွေကို ရေးထား ပါတယ်..။အား လုံး ဖတ် ဖူးသိဖူး ကြ မယ့် စာအုပ် တအုပ် မို့ အကျယ်ပြောမနေ တော့ပါ..


ဂျပန် ခေတ် မှာ ဖက် ဆစ် ဂျပန် စစ် အာ ဏာ ရှင် တွေ ရဲ ``အရှေ့အာ ရှ သာတူ ညီ မျှ ကောင်း စားရေး´´၀ါဒ ကို အသံ ကောင်းဟစ် ပြီး ဗမာ ပြည်သူ တွေ ကို စစ် ဖိနပ် နဲ့ နင်းခြေ ခံ ရတဲ့ အချိန်.....။အုပ်ချုပ်ခံဗ မာ ပြည်သူ တွေသာ မက ဦးန ၊ဒေါက်တာ ဘမော်၊ဗိုလ် ချုပ် အောင် ဆန်း တို့ လို အစိုးရ အဖွဲ့ ၀င် ခေါင်းဆောင် တွေပါ ဖက်ဆစ်တွေရဲ အနိုင့်အထက် လူ ပါးဝ စော်ကားခံ ရတာတွေကို အောင့် အီးသီးခံ ခဲ့ ရပုံ တွေထဲ က မချိပြုံး ပြုံး စရာ အဖြစ် ကလေး တခု ကို မျှဝေ လိုက်ဦးမယ်..


ဂျပန် ခေတ် လွတ် လပ် သော မြန် မာ အစိုးရ အဖွဲ့ သစ် ရဲ နိုင် ငံခြား ရေးဝန် ကြီး ဦးန မှာ ၀န် ကြီး အဆောင် အယောင် ထားတဲ့ မော်တော်ကား တွေ ဘာ တွေ နဲ့ ပေါ့.. အဲဒီ ကားမှာ တပ် ဖို့ အလံ တခု ထား ပေမယ့် ဦး နု က တပ် မထားသေးဘူး။ အကြောင်း ကတော့ ကို ရွှေ ဂျပန် တို့က စိတ်မထင် ရင် မထင်သလို အနှောင့် အယှက် ပေး တတ် တာကိုး။ဒါကို သိထားတဲ့ ဦးနုက မဟာ အရှက် ကွဲ မှာ စိုး လို့ ပါ...။အစိုးရ အဖွဲ့ ၀င် ခေါင်း ဆောင် တယောက် ကို တိုင်းတပါးသား ဖက် ဆစ ၀ါဒီ တွေ က မထီမဲ့ မြင် အလုပ် ခံ ရရင် သူများထက် ပိုသိက္ခာ ကျ မှာကိုး..။ဒါပေ မယ့် သူ့
ဒရိုင် ဘာက လည်း ၀န်ကြီးကား မောင်းရတယ်ဆိုတော့ ခြောက်စထောင်ချင် တယ်နဲ့ တူပါ ရဲ ..

``ဆရာ ရယ် အလံ မရှိ ရင် မျက် နှာ ငယ် ပါတယ်..တပ် ပရ စေ ´´ လို့ ပူဆာ လွန်းတာနဲ့ တနေ့တော့ အလံ တပ် ခွင့် ပေးလိုက် ပါသတဲ့..။ အစိုးရ အဖွဲ့ဝင် ၀န်ကြီးတွေမှ တပ်ခွင့် ရတဲ့ အလံလေး တလူလူ နဲ့...ရုံးတက် လာတဲ့ နိုင် ငံ ခြား ရေး ၀န် ကြီး ရဲ ကား ကို လမ်း မှာ ဗမာ ပု လိပ် တွေက ဆလံ ပေးပြီး တလေးတစား လုပ် တော့ ..ဦး နုက ``မင့် အလံ က တန် ခိုးကြီး သားကွ´´လို့တောင် ပြောလိုက်သေးသတဲ့ ..။သိပ်ကြာကြာ မသွားရ ပါ ဘူး...ပြည် လမ်း ကမာရွတ် ဂတ် တဲ ရှေ လည်း ရောက် ရော...ကို ရွှေ ဖက်ဆစ် တို့ နဲ့ တွေ့ ပါဘီ.. အလံ တလူ လူနဲ့ နိုင် ငံ ခြား ရေး ၀န် ကြီး ကား ကို တားပြီး.. ဂျပန် စစ် ဗိုလ် ကြီး တယောက် လာ မှာဖြစ်လို့ လမ်း ဘေးမှာ ကားကိုရပ်ခိုင်း ထားရော... လမ်း ရှင်း ထား တာ ပေါ့ လေ...

ကား ပေါ် ပါ လာ တဲ့ သခင် ဟိန်းကလည်း တတ်သမျှ မှတ်သ မျှ ဂျပန် စကားနဲ့ ``ဒါ..နိုင်ငံ ခြား ရေးဝန် ကြီး ပါ။နိုင်ငံခြား ရေး ရုံး ကို ရုံး တက် သွားမှာ ပါ လို့´´ ပြောပေမယ့် မရပါ..။ရပ် မြဲ တိုင်း ရပ် ခိုင်းထားတာမို့ သခင် ဟိန်း နဲ့ ဦးနု တို့ နှစ်ယောက်သား ရှက် လွန်း လို့ ချွေး များတောင် ပြန် လာ ပါသတဲ့...။ ကားရပ်ထား ခံ ရတာကလည်း ကမာ ရွတ် ဂတ် တဲ ရှေ ဆိုတော့ ရဲ စခန်းထဲက ရဲသားတွေကများ သူ တို့ ကို လှောင် ပြောင်နေမလား...။ကြိတ် ရီ နေကြမလား...။တွေးလေ...ရှက်လေ...ချွေးပြန်လေ ပေါ့။ ဒီကြားထဲ ကားရှေ မှာ တပ်ထားတဲ့ အလံ ကလေးက လေတိုက် တိုင်း တဖျပ်ဖျပ် လွင့် နေတာကို တောင်...သူ တို့ကို လှောင် နေသလား ထင် လာရသတဲ့..

``ဒီ..ခွေးမသား...ဒရိုင် ဘာ ဆတ် ဆော့ ချင် တာနဲ့..ဒီ လိုဖြစ် ရတာလို့´´ လဲ ဒရိုင်ဘာ ကို မဲ သဲ
စိတ် တို မိသေးသတဲ့...နောက် ဆုံး တော့..အိမ် ပြန် မောင်း ခိုင်းလိုက်ပြီး...အိမ် ရောက် တာနဲ့...ဒေါသတကြီး အလံ ကို ဆွဲဖြုတ် ပစ် လိုက်သတဲ့..``ထို နေ့ အဖို့ ကားမစီး တော့ ဘဲ အင်းလျားကန် ကို လှေ နှင့် ဖြတ် ပြီး ရုံး တက် ရလေ ဧ။် ´´ လို့ ဦး နု က ရေးထား ပါတယ်..

အင်း..အကြောင်းကြောင်းကြောင့်ဆိုပေမယ့်.....ဖက်ဆစ် စစ်ဖိနပ် အောက် မှာ အစိုးရ အဖွဲ့ ဝင် သွား လုပ် မိတာကိုး..။ဦး တို့ က ရှက်တတ်..နာတတ် လို့ ပါ။

မနာ တတ် ..မရှက်တတ် သူ တွေ ကတော့ ငယ် ထိပ် ကိုတံ တွေး နဲ့ ဆွတ်..နံပြား ရိုက်သလို တဖတ် ဖတ် ရိုက် နေတာ တောင် ... ခွင့် အရေး လေးတမျှင် တလေ လောက် မလား လို့ ...ပါးကလေး ထိုးပေး ပြီး...အလို တော် ရိ လုပ် နေသေးသကိုး... တော် ကြာ ..ဦးနုက မှ အင်းလျားကို လှေ နဲ့ဖြတ် ရုံ ဖြတ်ရတာ....ငရဲ ပို့ မယ့်
ရီး ကို...ခြေလျင် လျောက်ပြီး......တလမ်း လုံး ပါးရိုက် ခံ နေ ရင်ဖြင့်.....

တွေး ရဲ ပေါင်...

No comments:

Post a Comment