Sunday, February 20, 2011

မိနှောင်းရေးတဲ့ နှောင်းသစ္စာ

က ဗျာ တွေ ကို ချစ်တယ်...။

ရိုး ရိုးသား သား ခံစားပြီး ရေးထားတဲ့ ကဗျာ တွေ ကို ဖတ်ရတာ..

စိတ်ချမ်းသာ တယ်...။

ဘယ်လို ကဗျာ တွေ ကို ကြိုက် သလဲ..ဆိုရင်..

ကဗျာ ဓါတ် ပါတဲ့ကဗျာ တွေ ဆို အကုန်ကြိုက်တယ်..။

ကဗျာ ဓါတ် ..ဆိုတာ ဘာ လဲ..။

လာ မမေးကြပါနဲ့..။

ရင်မှ အလိုလို ခံစားထိသိပြီး..

ပြန်လည် ရှင်းပြဖွင့်ဆို ..ခွဲ ခြမ်း စိတ်ဖြာရန်...မစွမ်း..။မကျွမ်း..

ဖတ်မိသ မျှ လေးတွေ ထဲမှ ရင်မှာလာထိ သမျှ ကိုလည်း...

မျှဝေချင် ပါတယ်..။


ကဗျာ ဆရာ မ မိနှောင်း ကို ကြားဖူးနေတာ ကြာပေမယ့်....

သူကဗျာ တွေ ကို မဖတ်ဖူး ခဲ့ ..။

ကျမ ပထမ ဆုံး ဖတ်ဖူးသော သူ့  ကဗျာ မှာ...

ရှု မ၀ မဂ္ဂဇင်း မှာ ပါလာတဲ့...``အိမ်သစ်´´ ဆိုတဲ့ ကဗျာ...။


ပြီးခဲ့တဲ့ ရက်ပိုင်းလောက်က စာအုပ် အညွှန်းတခုမှာ သူ့ကဗျာစာအုပ်..

``မိနှောင်းရေးတဲ့ နှောင်းသစ္စာ ´´ ထွက် သတဲ့...။

ရန်ကုန် ကို လူ ကြုံ လှမ်းမှာပြီး..

သူ့ ကဗျာတွေ ကို ထိတွေ့ ခံစား ကြည့်တော့

``အိမ်သစ်´´ အပါ အ၀င် ကဗျာ (၅၉) ပုဒ် ကို ခံစား ခွင့် ရခဲ့တယ်..။

တချို့ ကဗျာ လေး တွေ ကလည်း...

ဘ၀ ကို.... ခေတ် ကို သရော် လှောင်ပြောင် ထားဟန်....ခပ် ထေ့ ထေ့..။

စာအုပ် အဖွင့် မှာ ကဗျာ ဆရာ မောင်စိမ်း နီ က..

``ပန်းတပွင့် ဧ။် ပွင့် ချပ် လွှာ များ...ဖျတ် ကနဲ...ဖျတ် ကနဲ...ပွင့် လာ သည် ဟု..

ကျွန် တော်..ယုံကြည် ပါ သည်..´´ တဲ့ ။

ကဗျာ ဆရာ မောင် အောင်ပွင့် ကတော့...

``နယ် နမိတ် မဲ့ ကုန်းမြေ( သို့  မဟုတ်) ရေ လျှံမြစ်တစင်း(သို့ မဟုတ်)မွှေး တို့ မြို့  က မိနှောင်း´´ တဲ့..။

သူတို့ ခေတ်ရဲ့ ကြည်အေး...တဲ့။

ခု...သူ့ ရဲ့  `` အိမ်သစ် ´´ ကဗျာ လေး ကို ကဗျာချစ်သူ များအတွက် မျှ ဝေ လိုက်ပါတယ်။
(
သူ့ စာအုပ် ပါ ..စာလုံးပေါင်း များ အတိုင်း ကူးပေးလိုက်တာပါ)

``
အိမ် သစ်´´

ဂူပျက်အစွန်း၊

ညောင်ကိုင်း ပွန်းကြိတ်၊အိပ်ဖန်စောင့်ငါ

ကြေးစည်သားမြူး၊ ကြည်နူးတစ်ပုံ၊

ရူးတစ်ပုံနှင့်၊ ၀ိုင်းအုံနက်ဖန်

သိချင်ပြန်လျက်၊ နိုးထခက်မိ။

မြက်ခြောက်ပင်ထက်၊ ပက်လက်အိပ်ပျော်

အဆိပ်အချိန်၊ ဘာသာလိမ်ခက်

ပဉ္စလက်မာယာ ကကွက်ဆန်းတည်း။


ဖယောင်းရည်လား၊ ရွှံ့နွံလားလေ

ဆွဲအား သိန်းသန်း၊ ငါ့ကိုဖမ်း၏။

ဝမ်းမှ မဆာ၊ ရင်မှ လာကျင်

ရှေ့တွင်တစ်ယောက်၊ နောက်တစ်ယောက်နှင့်

သောက်သောက်လဲလဲ၊ ငါ့လိုပဲလဲ

မိတ်ပွဲနွဲ့ဖူး

ကမ္ဘာဦးမှ မူးမေ့သူများ။


အိမ်ပြန်ချင်တယ်

လေဟာကိုဖြတ်၊ မောင့်ရှေ့ရပ်ပြုံး

ချစ်ထုံးကွယ်ပျက်၊ နှုတ်မဆက်သာ

လာလမ်းပြန်ပြေး၊ ဂူဘေး ပြန်အိပ်

တိတ်တဆိတ်လေ။


သံသရာကို

ဖီလာလွန်ကျူး၊ သည်မှာမြူးချင်

အရူးစကြာ၊ ရင်ခွင်မှာအပ်

ပျားပန်းခတ်နေ

ဘယ်သူတွေလဲ၊ ငါ့ကိုဆွဲခေါ်

မိုးပေါ်အရောက်၊ အောက်ကိုပစ်ချ

ဘ၀အသစ်၊ ဓာတုဖြစ်၏။

မျက်စိဖွင့်လျက်၊ အိပ်မက် မက်ပြန်။




No comments:

Post a Comment