အိမ် ရှေ့  လမ်းမပေါ်မှာ ရွက်ကြွေ တသိုက် .....။နွေဦး လေပွေရဲ့  အဝေ့ အ၀ိုက်မှာ ...ကြုံသလို..ကြိုက်သလို ....ဟို သည် လွင့်ပါးလို့...။အထိန်းအကွပ် မဲ့ သစ်ရွက် ကြွေ ..တေလေ ကလေး တွေရယ်..မင်းတို့ ဘယ်ဆီ မှာ...ခို နား ကြမှာ ပါလိမ့်...။
ဟိုး..ခပ်လှမ်း လှမ်း ဆီက .... ထူးအိမ် သင် ရဲ့  တေးသံက...လွင့် ပျံဝေ့ ၀ဲ...။
....ခေါင်း လောင်းကြီး လည်း...အိပ်ပျော် နေဆဲ...အသံ မမြည် နိုင် ရှာတယ်...
....စာ သင် ခုံ တွေ လည်း...ဖရို ဖရဲ ...ပိုးစား ခြ ကိုက် နဲ့ ...
....ဆင်းရဲ လွန်း တဲ့  ဘ၀တွေ ဟာ လည်း...နုံချာ နေရှာ တယ်...
.....စာ အံသံ တွေ ကြား ချင် ပါတယ်...ကွက် လပ် ဖြည့် လိုက် ပေါ့ ကွယ်...
ကွပ် လပ် ဖြည့် ချင် ပါတယ်..ကွယ်။ ဘယ် လို ကွက် လပ် တွေကို...ကိုယ် ဘယ်လို ဖြည့် နိုင် မယ် ဆိုတာ ကိုယ့်ဖာသာ တောင် ...မရေ ရာလှပေမယ့်...ဖြည့် ခွင့်  ရမယ့် တချိန်ချိန် တော့ ...ရှိလာ လိမ့် ဦးမယ် လို့  ...ကိုယ့်ဖာသာ...အားတင်းရင်း...။ကိုယ့် ကိုယ် ကို...အားမွေးရင်း...။
+++ +++
စိတ်ကူးယဉ်လွန်းသူ လို့ မကြာခဏ စွပ်စွဲချက် တင် ခံ ရသူမို့...မထူးဆန်းတော့..။လက်တွေ့  မလုပ်နိုင်
သေး သမျှ စိတ်ကူးယဉ် သမား ဘ၀ က လွတ်မြောက်နိုင်မှာ မဟုတ် ..ဆိုတာ ကိုနားလည် ရင်း...ရုန်းထွက်ဖို့ ကြိုးစားရင်း...စိတ်ကူးတွေ ဆက်ယဉ်နေမိတာ...။လုပ်ချင်တာတွေက...အများကြီး....။လမ်းမပေါ်က...လေလွင့် ကလေးငယ်လေးတွေ ကိုမြင်ရင်လည်း...အနာဂတ်မဲ့ နေတဲ့ သူတို့ဘ၀လေးတွေ အတွက် ကိုယ်ဘာလုပ်ပေး နိုင်မလဲ တွေးရင်း...စိတ်ကူးတွေထပ်ယဉ်ပြန်ရော...။ပြောသာပြောရ..ကိုယ့် အနာဂတ် တောင်ကိုယ် မသေချာ.....။ဘာဘဲဖြစ်ဖြစ်.... ကျောင်းမနေနိုင်ရှာတဲ့ သူတို့လေးတွေ...စာရေးစာဖတ် ကလေး မှ မတတ်ရင်...ဘ၀ရှေ့ ခရီး မှာ ဘယ်လိုအလင်းရောင် နဲ့ လမ်းဆက်လျှောက်ကြ မှာ ပါလိမ့်....လို့တွေးပူမိတာ...လောက် တော့ ကိုယ် လုပ်ခွင့် ရှိ ပါသေးတယ်...။
ဟော....ပြောရင်းဆိုရင်း... ပီ နံ အိတ် စုတ်ကလေးကို ကျောမှာမနိုင် မနင်းပိုးလို့...။ထိပ်ဖျားမှာ သံချွန် တပ်ထားတဲ့ တုတ်တချောင်းကို ကိုင်ထားတဲ့ ကလေးငယ် တယောက်...။ကိုယ့် ဆိုင်ရှေ့ သောက်ရေ အိုးစင် လေးမှာ...ရေ လာသောက် တယ်..။ပေပွ ညစ် ပတ် နေတဲ့ မျက်နှာ...နီကြောင် ဆံပင် ဘုတ်သိုက် ကလေးနဲ့ ...။အ၀တ်အစား တွေက ဘာအရောင်လို့ အမြည် တပ်ရခက် အောင် ကို မွဲခြောက် ပေကျံ လို့...။သောက်ရေ အိုးက ရေကို သုံးလေးခွက် ဆင့် သောက် နေရှာတဲ့ သူကလေး.ကို ကြည့်ရတာ...အလွန် ဆာလောင် မွတ်သိပ် နေပုံ....။တကယ်ဆို...သူ့ အရွယ် ကလေးငယ်တယောက် ရဲ့  ကျော ပေါ်မှာ ကျောင်းလွယ်အိတ်ကလေး တလုံး...ဒါမှမဟုတ်...ကျောင်းကျောပိုးအိတ် ကလေး တလုံးဘဲ ရှိနေသင့် တာပေါ့ နော်...။
``ကလေး...မင်း..ထမင်း မစားရသေးဘူး ထင် တယ်´´ ဆိုတော့ဘာမှ ပြန်မဖြေ...မှုန်တေတေ မျက်နှာပေးလေး နဲ့...။သူ့ ဘ၀ပေးအသိအရ...ပတ်ဝန်းကျင် မှာ သူ ကောက် ယူ ရမယ့် ပစ္စည်း ...ဘာရှိနိုင်မလဲ
ဆိုတာ ကိုသာ မျက်ခြေ မပြတ်...အကဲခတ်ရင်း..။
``နေဦး...ခဏ။ အန်တီ..ထမင်းသွား ယူ လိုက်ဦးမယ် ..ဆိုတော့ အံ့သြတကြီးမော့ကြည့် ရင်း...ခေါင်း
ကလေး ကို သွက် နေအောင် ညိမ့် လိုက်တယ်..။
ထမင်း တဇလုံ ကို မြိန် ရည် ရှက်ရည် စား နေရှာသူ ...ကလေးငယ်ရယ်..။မင်းရဲ့  ၀မ်းတထွာ ပြသနာ
ကို တနပ်စာ လောက် ဖြည့် ပေး လိုက် နိုင် ပေမယ့်...တကယ် ဖြည့်ဆည်း ပေးရမယ့် ကွက် လပ် အကြီး ကြီး
ကို တော့...ဘယ်လို ဖြည့် ဆည်း ပေး ရ ပါ့မလဲ ကွယ်.....။ဒီလို စားစရာလေး တခုခု ကျွေး လိုက် ရုံ နဲ့ ဒီပြသနာ က ပြီးသွားမှာမှမဟုတ်ဘဲ.....။ကိုယ့် ဘ၀မှာ.... ပေါ့ စေ လို လို့ ကြောင် ရုပ်ထိုးကာမှ ...ဆေး အတွက် လေး ခဲ့ ရလို့...ကြေကွဲ နာကျင် ယူကြုံးမရ ဖြစ်စရာတွေ ကြုံ ခဲ့  ရ သလို...ခုလဲ..လွယ်လွယ်ကူကူ စေတနာ တခု
ကြောင့်...မင်း.ကလေး ရဲ့  ..စိတ် ထဲမှာ...သူများ အပေါ် မှီ ခို အားထားလို တဲ့...စိတ်ပျော့ စိတ်ညံ့  တွေ များ..၀င်သွား ခဲ့ ရင်.....လို့လည်း..တွေးပူပင် မိသေးတယ်..။
+++ ++++ +++++
ကိုယ့် ဆိုင် မှာ...အမြဲ တမ်း ဈေး ၀ယ် လာတဲ့ (၉) နှစ် အရွယ်ကလေး ငယ်လေး...။ သူ့ ကို မေးကြည့် တော့ လည်း....ကျောင်း မနေ ဖူး ခဲ့ ပါ...တဲ့။ဈေး ၀ယ် လာရင်း...အိမ်က သားရဲ့ ကာတွန်း စာ အုပ် ကလေး တွေ
တွေ့  ရင် ကောက် ပြီး အရုပ် ကြည့် တတ် တဲ့ သူလေးကို....``သား...ကျောင်းနေချင်လား ´´လို့ မေးကြည့် တော့.... မ၀ံ့  မရဲ လေး ပြုံး ရင်း....
``နေတော့ နေချင် ပါတယ်...အန်တီ ရယ်..။ဒါပေမယ့် ...အမေ့ကို...ကလေးကူထိန်းရတယ်...ဈေးဝယ်
ပေးရတယ်...။ထမင်းချက်ပေးရ တယ်´´ ..တဲ့ ။
အော်...သူ့ အရွယ် နဲ့ မလိုက် မိဘကူနေရသူလေး...။သူ့ အမေကအိမ်တကာလှည့် လည် အ၀တ်
လျှော် ဖွတ် နေရသူ ...အဖေက ကြုံ ရာ ကျပန်း လုပ်သား..အရက်သမား.......။ကိုယ်က အားမလျော့ ဘဲ...
``သား...ဒီ ကာတွန်း လေးတွေ ကိုယ့်ဖာသာ ဖတ် မကြည့် ချင်ဘူး လား´´
ဆိုတော့...သူကလေးကခေါင်းကလေး ကို ခပ်သွက် သွက် ညိတ်ပြရှာတယ်။
`` ကောင်းပြီ...နောက် နေ့ ကျရင်...သားကို စာဖတ်တတ်အောင်သင်ပေးမယ်..။အန်တီ ဆိုင် ဈေးမ၀ယ် ဖြစ် လည်း သား အားတဲ့ တချိန်....ခဏလေး ဖြစ်ဖြစ် လာခဲ့ နော်။ အန် တီ ...စာအုပ်ကလေးတွေ ၀ယ်ထားမယ်..´´
ဒီ လို နဲ့ ကိုယ့် ရဲ့  တနိုင် တပိုင် စာရေး စာဖတ်သင်တန်းလေး...စခဲ့ တယ်..။သင် ပုန်းကြီး ဖတ်စာ အုပ်အသစ် ကလေး ရယ်...ပါဝါ ရိန်း ဂျား ရောင်စုံ ပုံ လေးတွေ ပါတဲ့ လက်ရေး လှ စာအုပ်ကလေး ရယ်...ခဲတံ..ခဲဖျက်..ခဲချွန် လှလှလေး တွေ ...ကို ပေးလိုက် တော့ သူ့ မျက်နှာ လေးဝင်းလက် တောက် ပသွား လိုက်တာ....။အနဲ ဆုံး...သူ..စာရေး စာဖတ် တတ် သွားမယ်...။ဒါ ဆို ကောင်းတဲ့ အသိအမြင်လေးတွေ ပို ပွင့် လာ နိုင်မယ်..။လို့ ...မျှော်လင့် ချက်ထားရင်း...ကိုယ်လည်း ကြည်နူး အားတက် မိလို့...။
`` ကဲ ...ဒီနေ့ `ကကြီး´ စသင် မယ်..။´´ သူ့ လက်ကလေး ကို ကိုင်ပြီးကကြီး ရေးပုံ ရေးနည်း လေးကို
အဆွဲ အသတ် မှန် အောင် ပြရင်း...ပါးစပ်ကလည်း...``ဆိုကြည့်ပါဦး...ကကြီး´´
သူကလေးက ရှက်ရွံ့  စိတ်လှုပ်ရှား တဲ့ အသံ တိမ် တိမ် ကလေး နဲ့
``က..ကြီး ´´ တဲ့..။
ဆရာတပည့်အတိုင် အဖောက် ညီ စွာ...။အပေး အယူ မျှ စွာ...။ သူကလေး ကလည်း...နေ့ စဉ်
မှန် မှန် စာရေး စာဖတ် လို့။သူကလေး ရဲ့  အမေကလည်း...သူ့ သား လေးကို စာသင် ပေးတာ ကို ၀မ်းပမ်း တသာဖြစ်လို့...။
သိပ် မကြာ လိုက် ပါဘူး ....သူကလေး ပေါ် မလာ...။
တရက်...နှစ်ရက်...။
ကလေး..နေများ မကောင်းလေ သလား ကွယ်...။နောက်ဆုံး မနေ နိုင်....။လမ်းကြား လေးထဲ က....တဲ အိမ်စု
ကလေး တွေ ထဲက...သူလေး တို့ အိမ်ကို....လိုက်သွား မိတော့.....။မူး နေတဲ့...သူ့ အဖေ နဲ့သွား တွေ့ တယ်...။သူ ကလေးကိုလက်ဘက်ရည် ဆိုင် မှာ...အလုပ်သွင်း ထား လိုက်ပြီ တဲ့.....။မူး နေသူ နဲ့စကားကြာ ကြာ ရပ် ပြော မနေချင်တာ နဲ့...ကိုယ် လည်း ပြန်လှည့် လိုက်တော့...... အိမ်ရှေ့  မြောင်းနံဘေးမှာ..သင်ပုန်းကြီး ဖတ်စာအုပ်
အဖုံးအပြုတ်ကလေးကို...ပိုင်ရှင်မဲ့စွာတွေ့လိုက်ရတယ်..။.အိမ်ဝမှာအ၀တ်လျှော်ရာကပြန်လာတဲ့...သူကလေးအမေ
နဲ့  တွေ့ တယ်...။
`` ဟုတ် တယ်...အမရယ်။ တလကို တသောင်း ပေးတယ်လေ..ကျမ တို့ သုံးရတာပေါ့..။သူလည်း လက်ဘက် ရည် ဆိုင် ဆိုတော့ မုန့် တို့လက်ဘက်ရည် တို့အပိုအလျှံတွေကို အလျှံ အပယ် စားရတာပေါ့ ...´´တဲ့ ။
လက်ဘက် ရည် ဆိုင် တွေ ရှေ့  ကဖြတ် တိုင်း...၀မ်းတီးတူးကော်..အော်နေရှာတဲ့ ကလေး စားပွဲထိုး
လေး တွေ အသံ ကြားရင်...ကိုယ့် ရင်ထဲမှာ စူးစူးနင့်နင့်...။အော်...ဆင်းရဲနာ ..ဆင်းရဲနာ...ဘယ်တော့ မှ
ဆင်းရဲနာ ပျောက် ပါ့တော့မလဲ လို့...တွေးရင်း...သူကလေး ကို သတိရမိ..။
နောက် တလ လောက်ကြာတော့...သူကလေး ဘီယာ ဆိုင် မှာ စားပွဲထိုး ပြောင်းလုပ်နေတယ်
လို့...ကြားရပြန် တယ်.....။ဘီယာ အပို အလျှံ တွေ...အမြည်း အပို အလျှံတွေလည်း...သောက်သုံး မြည်းစမ်း
တတ် နေလေပြီလား...။နောက် ဆို...သူ့ အဖေ လို အရက်သမား ကြီး များဖြစ်သွား လေ မလား....။
.။ဒီ လို နဲ့ ဘဲ...အချိန် တန် အရွယ်ရောက် လို့...အိမ်ထောင် ရက်သားတွေဘာတွေ ကျ....။သူ့  လို...ကလေးငယ် လေးတွေ...ထပ် မွေး....။လမ်းမတွေ ပေါ် မှာဘဲ....ဘ၀တွေ ဖြတ် သန်း.....။
ဆင်းရဲ ပေမယ့် ကောင်း ကောင်းမွန် မွန် ရိုး ရိုးသားသား ဖြတ် သန်းနိုင် ရင် တော် ရဲ့ ...။အကျင့် စာရိတ္တ
တွေ...ပျက်စီး ပြီး...လောက ရဲ့  အမှိုက် စ လေး တွေ အဖြစ်...သံ သရာလည် မဆုံး ဖြစ် နေရင်...။တမျှင်
တတန်း...တန်း လာတဲ့ အတွေး စတွေ က...အမယ် ဘုတ်ကယ် ...သူ့ ချည်ခင်....ဘယ်သူ ထွင် မှ ...သည်
ရှု ပ် ထွေး ... ရှင်း နိုင် ပါ့ လေး....ဆို သလို..။
ဟို တွေး သည်တွေး နဲ့...ဖြည့် စရာ ကွက် လပ် တွေ...ကွက်လပ်တွေ....။ဘယ်နေရာက ဘယ်လိုစပြီး....ကိုယ် ဖြည့် ပေးနိုင် မလဲ လို့....နွေဦး ရဲ့  လေရူး တွေ နဲ့အပြိုင် အတွေး တွေ က ယောက်ရက်ခတ် လို့...။
နွေ ဦး ရဲ့  လေရူး တချက် အမွှေ့  မှာ....နွေ ဦး ရွက် ကြွေတသိုက်....၀ိုက် ၀ိုက် ၀ဲ ၀ဲ...ရုပ် ရုပ် သည်းသည်း....လမ်း မပေါ် မှာ ပြန့် ကျဲ လို့...။

အဲဒီ သီချင်းနာမည်နဲ့ ဘယ်ခွေထဲကလည်း
ReplyDeleteသိချင်ပါတယ်ခင်ဗျာ