Thursday, March 3, 2011

အဲဒီညက.. ဖေဖေ ငို ခဲ့ တယ်

ဖေ ဖေဟာ..
မိသားစု ရှေ့ မှာ မားမား မတ်
စိတ် ဓါတ် ခိုင် မာ
ဖေဖေငိုတာ...တခါ မှ မတွေ့ ဖူးခဲ့ ..။

ဖုန်ထူ ထူ တော မြို့ ကလေးရဲ့ 
မီးပျက် နေတဲ့  အိမ် အို လေးထဲ မှာ
ရေ ဒီယို နားထောင်ရင်း
အဲဒီည က...ဖေ ဖေ ငို တယ်...။

ကွာ...ငါ့ ရဲဘော်ကြီး အတွက်
ဒီ တညတော့...ငါ့ မျက်ရည်တွေ...ကျ ပါရစေ တဲ့ ..။

ဖေဖေ ငို တယ်..
ဖေဖေ ငို ခဲ့ တယ်
ရှိုက်ကြီးတငင်...နာ နာ ကျင်ကျင် နဲ့
အဲဒီညက..
ဖေဖေ ငို ခဲ့ တယ်...။

အဲဒီညက
အမှောင် ကျနေတဲ့ တိုင်းပြည်ရဲ့ 
ငရဲခန်း စုတ်စုတ် ပဲ့ ပဲ့  ထဲ မှာ
သူ့ ရဲ ဘော်..ကြယ်တပွင့်
သံခြေကျင်း တန်းလန်းနဲ့ ...ကြွေ လွင့် ခဲ့  ။ ။

(နိုင်ငံရေး အကျဉ်းသမားဘ၀ နဲ့ အကျဉ်းထောင်တွင်း ကျဆုံး ခဲ့ ရတဲ့...ဦးလေးဦးညိုဝင်း..အတွက်...)

1 comment:

  1. ၀၈ မတ် ၁၉၉၁ မှာ အင်းစိန်ထောင်တွင်း ဦးညိုဝင်း ကျဆုံး

    ReplyDelete