Friday, March 11, 2011

ငှက် ကလေး တွေ..တေးဆို ချိန်


မျက်ရည် တွေ က.ို... သုတ်လိုက်ကွယ်
မျက်ရည် တွေ ကို...သုတ်လိုက်မယ်..။

ဒီ နေ့  ရဲ့ 
.နာ ကျင် ကြေကွဲ မှု တွေကို
ကဗျာ တေး တွေ အဖြစ်
ထု ဆစ် ကြမယ်..။

နှ လုံး သွေးစက် တွေ ကို
သမိုင်း ကျောက် ထက် တင်ခဲ့  မယ်...။

ရှင် သန် နေသမျှ.....နက်ဖန် တိုင်း မှာ
ဝင်း ပတဲ့ အနာ ဂတ် တွေ ရှိတယ်..
အနာ ဂတ် ..မမဲ့  ပါဘူး ကွယ်..။

တို့ လက်သီး ဆုပ် တွေ ကို...မဖြေ နဲ့
အဲ့  ဒီ အထဲ မှာ
တို့..အနာ ဂတ် တွေ သေသေချာချာ ရှိတယ်..။

ကေသာ မှာ ငွေ ဇာ လွှမ်းပစေ
ဆည်းဆာ ပျို့  ညနေခင်း တွေ ဖြစ်ပစေ
နှလုံးသား ဆိုတာ
အရာ ရာ ကို
မြင်နိုင် ကြား နိုင် ခံစား နိုင် တယ်..။

အဲဒီ အချိန် မှာ
ငှက် ကလေး တွေ တေး ဆို နေ လိမ့် မယ်..။

မျက် ရည် တွေ ကို...သုတ် လိုက် မယ်..။
မျက်ရည် တွေ ကို...သုတ် လိုက် ကွယ်...။ ။

No comments:

Post a Comment