Friday, July 8, 2011

Red 7 July 2


``တပ်ဦးကြွေးကြော်သံ´´
ရဲဘော်..အပေါင်းတို့ ရေ...ဟေ့..ခွပ်ဒေါင်း  ရဲဘော် ..အပေါင်း တို့ရေ...
ရာဇ၀င် ကဏ္ဍ သစ်..အသစ် တည်ဆောက်ကြ လေ...
ဒီမို ကရေစီ  ပညာရေးစနစ်...အုတ်မြစ် ချရစ် မလေ........ဇစ် မြစ် ပင်စည် ရှည်.....................
အဲဒါ...ကျောင်းသား ကျောင်းသူများရဲ့ ....ရာဇ၀င်  တာဝန် တရပ် ပေ...။

(ဟေ့ ...ရဲဘော်..ရဲဘော်..ရဲဘော် အတွက်....(တပ်ဦး) ၂  ..လာပြီ..) ၎
အမျိုးသား  ပညာရေးတွေ  ပြုပြင်ဖို့   ...စုဆင်လို့ ...ဒို့ ..တိုက်ပွဲ ၀င်မည်...
ဒီမိုကရေစီ  ရရှိရေး...အသက်စတေး ပါမည်...ယုတ်မာတဲ့ စနစ်ကို ...အမြစ်ပါ လှန်မည်
(အောင်ပြီ) ၂..အောင်ပြီ မုချ...တို့ သာအောင် ပြီ..

သွေးတွေ..ချွေးတွေ  ....စတေးခဲ့ သည်..စတေးခဲ့ ပြီ.....
သမဂ္ဂ တံတိုင်း..သွေးပြိုင်းပြိုင်း နီ
အာဏာ ရူး  အရိုင်းတို့ ဒဏ် ...ဒို့ ..ခံရသည်.....
ညီညွတ်စွာ....သိုင်းဝိုင်း လို့ ...ဒို့ ..တော်လှန်မည်...
အဲဒါသာ..မဟာ..ရလဒ်ကြီး ...အတည်....တပ်ဦး...တပ်ဦးတဲ့ ...အမည်

(ဟေ့ ...ရဲဘော်...ရဲဘော်..ရဲဘော် အတွက်..(တပ်ဦး)၂  လာပြီ)၎
အမျိုးသား  ပညာရေးတွေ  ....ပြုပြင် ဖို့ ...စုဆင်လို့ ..ဒို့   တိုက်ပွဲဝင်မည်...
ဒီမိုကရေစီ  ရရှိရေး...အသက်စတေး ပါမည်....ယုတ်မာတဲ့ စနစ်ကို....အမြစ်ပါ လှန်မည်
(အောင်ပြီ) ၂..အောင်ပြီ မုချ...တို့ သာ အောင်ပြီ

အဓိဌာန် တူညီ...ကျောင်းသား ကျောင်းသူတို့ သည်...
ဘယ်တော့ မှ  ...အနိုင်မခံ...အလံဖြူမလွှင့် လိုပြီ...
တပ်ဦး ကြီး အောင်လံ အောက်မှာ...စုဝေး...လို့ အတည်....
ညီရင်းအကို လိုမောင်ရင်း နှမ တွေ  ..စုံစုံ ညီ...
အပြုံးချင်းယှက်...လက်ချင်းဆက်ကာ...ညီညွတ်ဖို့ ..သစ္စာပြုသည်
(အရေးတော် ပုံ..အောင်ပါစီ) ၂...
ပန်း တိုင်း ပွင့်   ကြမည်...ကျောင်းတိုင်း ဖွင့်ရမည်....
တပ်ဦးကြီး...အောင်လံ လွှင့် ကာ ချီ...
အရေးတော် ပုံ...အရေးတော်ပုံ.....အောင်ပါစေ(စီ)......
 
(၁၉၅၇  ခုနှစ်  ရန်ကုန် တက္ကသိုလ်  အောက်တိုဘာ  ရွေးကောက်ပွဲတွင်...စပ်ဆိုသော...`တပ်ဦးကြွေးကြော်သံ´...သီချင်း..မူရင်းကို
..၁၉၈၈  အရေးအခင်း ကာလ အတွင်းတွင်......၁၉၅၇ ရန်ကုန်တက္ကသိုလ်...တပ်ဦးကျောင်းသားဟောင်း  တဦးက...
စာသား အနဲငယ် ဖြည့်စွက် ပြင်ဆင်ပြီး အသံသွင်း ခဲ့ သော...သီချင်း)
 
နောက်ရက် မှ...မူရင်းသီချင်း နှင့် ...အခြားသော  ၁၉၆၀ ခုနှစ်ခန့်က..ရန်ကုန်တက္ကသိုလ်ကျောင်းသား သမဂ္ဂ၀န်းကျင်မှ...သီချင်းများ...အမှတ်တရ...လက်လှမ်းမီသမျှ...တင်ပါဦးမယ်။ အသံနှင့်  မတင် နိုင်တာ ၀မ်းနည်းပါတယ်...။

No comments:

Post a Comment