Monday, September 19, 2011
ဖွ..လွဲ..ဖယ်
လာပြန်ပြီ..
ကြေကွဲစရာ..မမေ့နိုင်စရာ..မမေ့သင့်စရာ...နှစ်ပတ်လည်တွေ..တခုပြီးတခု...
ပြက္ခဒိန်တခုလုံး..ရဲဘလောင်းခတ်လို့ ...နဂါး ခေါင်း..ဘယ်လို..စောင်းစောင်း...
ဖြာနေတုံးပဲ ..
ရက်ရာဇာ ပြသဒါးမရွေး....အမိမြေဟာ  ..နာကျင်တေး ကို  ဆိုနေရသေးဆဲ
တနှစ်မှာ ၃၆၅ရက် ပဲ.. ရှိတဲ့ အထဲ....မစဲသေးတဲ့ .ပြသနာပေါင်းက  သောင်းခြောက်ထောင်
ကဲ..အကျဉ်းထောင်တွေထဲက ... နိုင်ငံရေးအကျဉ်းသားခေါ်ခေါ်...ယုံကြည်ချက်အကျဉ်းသားခေါ်ခေါ်
လူဆိုးသူခိုး ဂျပိုးမဟုတ်တာသေချာတဲ့ ....  လူနှစ်ထောင်ကျော်ဟာ
အပြု သဘော ဆောင် ဖို့ အတွက် ... အကောင်းဆုံး သက်သေ  မဟုတ်ဖူးလား
အဝေးရောက်သားတွေ  အတွက်..တဲ့ ..ကမ်းလက် မှာ သပြေခက်တွေ  ထိုးထားသလိုလိုနဲ့ 
ခြေတုလက်တု စက်ရုံထွက်  ..သစ်သားလက်ကြီးတဖက်က...သွေးတစက်စက်နဲ့..
.နောက်ကျောမှာ ဖွက်လို့ ..
ရင်ကြားစေ့ ဖို့ ...ဆွဲ..ဆွဲ ..စိနေရတဲ့ .. ဇစ်..ကလည်း..
လမ်းတ၀က်မှာ.. ဘာဖြစ်လို့ ...ခဏခဏ တစ်နေရတာပါလိမ့် 
မစေ့ နိုင်သေးတဲ့   ..ရင်ကြားဟာ...ဇစ်..ကြားမှာ ..နာကျင်စွာ.. ညပ်..ညပ်ပါနေတုံး
တကယ်လား..အတည်လား
မီဒီယာကို ..မီဒီယာနဲ့ တိုက်တာလား...ကူလီကူမာ နဲ့ တိုက်တာလား
ဒီကြားထဲ...
ကွဲကြပြဲကြ...ကလန့် ကြ..ခြေထိုးကြ..ကိုယ်ကျိုးရှာကြ..အသံကောင်းဟစ်ကြ..ဖောက်ပြန်ကြ
လူယုတ်မာတွေ  ၀မ်းသာအောင်  လေလည်ပြနေသေး သမျှ
စာမကြေတဲ့ ..ကလေးတယောက်ရဲ့  ..မင်နီတွေ..ရဲဘလောင်းခတ်နေတဲ့ ..အဖြေလွှာလို
.နောက်ထပ်ကြေကွဲစရာ  နေ့ တွေနဲ့ သာ..
ရဲဘလောင်း ခတ်နေဦးမှာ..
---
1 comment: