Tuesday, February 14, 2012
ဒီလှိုင်း
ဒီလှိုင်းဟာ
လ ..ကို ဗဟိုပြု
ဒီရေ တွေကို စုရုံး
လှိုင်းလုံးအသွင် ခုံးကြွ
အတက်အကျ နရီ မှန်မှန် နဲ့ 
ကမ်းခြေဆီ
ချီခဲ့ တယ်...။
ဒီလှိုင်းဟာ
ကမ်းခြေရဲ့  ရိုင်းခဲ့ ရတဲ့ 
အညစ်အထေး တွေကို သန့် စင်
ပင်လယ်ပြင် ရဲ့  ကြွယ်ဝမှုတွေနဲ့ 
ကမ်းခြေ ကို ကုံလုံစေ့ မယ်.....။
ဒါပေမယ့် ...ဒီလှိုင်းဟာ
.အထိန်းအကွပ် မပါရင်
တခါ တခါ.
.ဆူနာမီ လို လဲ စိတ်ရိုင်း ၀င်တတ်တယ်..။
ဒီတော့ 
ဒီလှိုင်း နဲ့  ကမ်းခြေ
သဟ ဇာတ မျှတဖို့ 
ဒီရေတော တွေ ရှိရမယ်..။ ။
(နီဇူလိုင်)
ငပုတ်ဖမ်း တဲ့  ည
ဒီညဟာ
လပြည့်  ညဖြစ်ပေမယ့် 
ငပုတ်ဖမ်းခံ နေရတဲ့ ...ည။
ငပုတ်ကလည်း
မာယာ တွေ အမျိုး မျိုးပြလို့ 
မှောင်...။
လ...ကလည်း
အားကုန်သုံးလို့ 
ရုန်း...။
ကြယ် တွေကတော့
မာယာ တောက
လ..အတွက်
ရတက်မအေး
ဓါးကို ပဲ ကြိတ်သွေးနေရတယ်..။
အန်လိုက်
ထွေးလိုက်
လင်းလိုက်
မှောင်လိုက်
အခိုက်အတန့် ကလေးတခုမှာ
မှောင်အတိကျ သွားရှာသေးတယ်..။
ဘာပဲ ဖြစ်ဖြစ်
လ..ဆိုတာ
ငပုတ်ရဲ့ မာယာ ကို
ကြာကြာ ခံရရိုးလား
အန်ကျ တဲ့  အချိန်မှာ
ဆေးပေါင်းခ ပါဦးမယ်..။ ။
လပြည့်  ညဖြစ်ပေမယ့် 
ငပုတ်ဖမ်းခံ နေရတဲ့ ...ည။
ငပုတ်ကလည်း
မာယာ တွေ အမျိုး မျိုးပြလို့ 
မှောင်...။
လ...ကလည်း
အားကုန်သုံးလို့ 
ရုန်း...။
ကြယ် တွေကတော့
မာယာ တောက
လ..အတွက်
ရတက်မအေး
ဓါးကို ပဲ ကြိတ်သွေးနေရတယ်..။
အန်လိုက်
ထွေးလိုက်
လင်းလိုက်
မှောင်လိုက်
အခိုက်အတန့် ကလေးတခုမှာ
မှောင်အတိကျ သွားရှာသေးတယ်..။
ဘာပဲ ဖြစ်ဖြစ်
လ..ဆိုတာ
ငပုတ်ရဲ့ မာယာ ကို
ကြာကြာ ခံရရိုးလား
အန်ကျ တဲ့  အချိန်မှာ
ဆေးပေါင်းခ ပါဦးမယ်..။ ။
နင်းရဲ ရင် နင်း
ကျမ နှင်းဆီခင်းကိုမှ
ချနင်းခြေချင်တယ်..တဲ့ 
ဆူးတွေ နဲ့  ..ရှင်
ချနင်းခြေချင်တယ်..တဲ့ 
ဆူးတွေ နဲ့  ..ရှင်
Subscribe to:
Posts (Atom)