“ပေါက်ပင် ဘာကြောင့်  ကိုင်းရတယ်”
လယ်သမား ဆိုတာ တိုင်းပြည်ရဲ့ ကျေးဇူးရှင်လို့  ငယ်ငယ် ထဲက သိခဲ့  မှတ်ခဲ့ ရတာ..။တတိုင်းပြည်လုံး ထမင်းစားနိုင်ဖို့  သူတို့  တွေ ကျွဲတွေနွားတွေ နဲ့  အတူတူ ရုန်းကန်ရတာတွေ..ကိုယ့် လက်တကမ်းမှာ ကို မြင်နေရ..သိနေရ.တယ်..။ပြီးတော့  အဲဒီ အခြေခံ လယ်သမားလူတန်းစားတွေဟာ..ခေတ်တိုင်းစနစ်တိုင်းမှာ နည်းအမျိုးမျိုးနဲ့  ဂုတ်သွေးစုပ်ခံကြရတယ်..။ဖိနှိပ်ခံကြရတယ်..။အခုတလောဆိုရင်.. တတိုင်းပြည်လုံးမှာ လယ်သမားတွေ ရဲ့ လယ်မြေတွေ မတရားအသိမ်းခံနေရတာတွေဟာ မကြားချင့်  အဆုံး..။တကယ်တော့….လယ်သမားတွေ ရဲ့  ဒုက္ခအဖုံဖုံက ခေတ်တိုင်းမှာ ပြောလို့ မကုန်တဲ့  တထောင့် တည ပုံပြင် တွေလိုပါပဲ..။ခုနှစ်ဆို တောင်သူလယ်သမားတွေ သီးနှံတွေ ဈေးမကောင်းလို့ ..။အထွက်မကောင်းလို့  ခြူသံပါအောင် ညည်းကြတယ်..။အင်း..ဒီအတိုင်း သာဆိုရင်..တောင်သူ လယ်သမားတွေ အလုပ်အကိုင် တွေ ပြောင်းကုန်ကြလေမလား..။ဒါဆိုရင်.. တနိုင်ငံလုံးက လူတွေ ရဲ့  စားနပ်ရိက္ခာဖူလုံ ရေး အတွက်…ဘယ်လို စခန်းသွားကြရပါ့ မလဲ ..လို့  အတွေးတွေ ဆက်မိတယ်..။ပေါက်ပင် ဘာကြောင့်  ကိုင်းရတယ်..ဗျိုင်းနားလို့  ကိုင်းရတယ်..။ဗျိုင်း ဘာကြောင့် နားရတယ်..ဆိုသလိုပါပဲ..။
တနေ့ က လယ်သူမကြီးတယောက် ဆန်လာဝယ်ရင်း စကားစမြီပြောဖြစ်ကြတော့..လယ်ဧက နဲနဲ ပဲ..ပိုင်တဲ့  သူ့ ခမျာ.. စပါးစိုက်ပြီး ဆန်ဝယ်စားနေရတဲ့  သူ့ ဘ၀ကို ပြောပြရင်ဖွင့် ပါတယ်..။လယ်သမား တော်တော်များများ (အများစု)ဟာ မပြေလည်ကြရှာပါဘူးတဲ့ ..။တနှစ်တနှစ် စိုက်ချိန်ပျိုးချိန် ရောက်ရင်..စိုက်ပျိုးစရိတ်တွေ ကြီးလွန်းလို့  ချေးရငှားရပါတယ်..။စိုက်ချိန် ပျိုးချိန် မှာ စိုက်ပျိုးစရိတ် ချေးငွေ ထုပ်ချေး တဲ့  ပုဂလိက ကုမ္ပဏီတွေ အများကြီး ရှိတယ်..။တချို့ ..ဓါတ်မြေသြဇာကုမ္ပဏီတွေက သူတို့ ဓါတ်မြေသြဇာကို ရောင်းရင်း ..စိုက်စရိတ် ချေးငွေကို အတိုးနှုန်းသက်သက် သာသာ နဲ့  ထုပ်ချေးတာတွေရှိပါတယ်..တဲ့။ ကုမ္ပဏီက ချေးငွေက အတိုးနှုန်း သက်သာပေမယ့် ..သူ့ ဓါတ်မြေသြဇာတွေက အရည်အသွေး ညံ့ လို့  ချေးငွေ ယူတဲ့ လယ်သမားတွေ မှာ သီးနှံအထွက် ဆုံးရှုံးရတာ တွေ များပါတယ်..တဲ့ ။အဲဒီလို ကုမ္ပဏီ ချေးငွေတွေ ရှိသလို ဘာ..အသင်းညာအသင်း လိုလို..နိုင်ငံရေး ပါတီလိုလို တွေကလည်း တောင်သူလယ်သမားပြည်သူ လူထုရဲ့  အသည်းကြားက ပတ္တမြားကို နှိုက်ယူချင်လို့  မက်လုံးပေး ငွေချေးတာမျိုးတွေ ရှိပါသတဲ့ ..။
အစိုးရစိုက်ဘဏ်ဆီက ကော စိုက်ပျိုးစရိတ်..ချေးငွေမယူဘူးလား..လို့ မေးတော့ ..တတ်နိုင်ရင်..သူ့ ဆီကလည်း မယူချင်ပါဘူး..တဲ့..။အပြင် ငွေတိုးချေး တဲ့ သူတွေ ဆီကမှ ပြန်ဆပ်ချိန်မှာ ဒီနှစ် သီးနှံထွက် ညံ့ လို့  ပါ ပြောပြီး.. ခဏဆိုင်းခိုင်း ရင် ရသေးတယ်.တဲ့ .။အစိုးရ စိုက်ဘဏ်က သီးနှံထွက် ကောင်းတာတွေ မကောင်းတာ တွေ ပြောလို့ မရ ဘူး..။အချိန်တန် လို့ မှ မဆပ်ရင်..ကျေးရွာ ရပ်ရွာ အာဏာပိုင်တွေရဲ့  အာဏာ သုံးပြီး ဖမ်းလားဆီးလားတွေ ..လယ်သိမ်းယာသိမ်းတွေ ရှိလို့ …စိတ်ညစ်ရပါသတဲ့ ..။ဒီကြားထဲ ..လယ်သမားတွေကို ချေးငွေပြန်ဆပ်ချိန်မှာ စိုက်ဘဏ်ကနေ စုဆောင်းငွေ ဆိုပြီး မစုမနေရ ငွေဖြတ်ယူတယ်..တဲ့ ။ဒီလို ငွေစုလာတာ မိဘဘိုးဘွားတွေ လက်ထက်ကနေ သားစဉ်မြေးဆက် စုလာကြရပေမယ့်  ကိုယ့် ငွေ ဘယ်လောက်ရှိလို့  ရှိမှန်းလည်း မသိရ..။ကိုယ့် စုဆောင်းငွေ တွေကို ကိုယ် အရေးအကြောင်း လိုအပ်လာလို့  မှ ထုပ်သုံးလို့  မရ..။ဘယ်မှာ သိမ်းဆည်း အပ်နှံထားမှန်းလည်း လယ်သမားတွေကို တခါမှ ရှင်းမပြပဲ..စုလာခဲ့ ရတာ မနဲဘူးတဲ့ ..။အင်း..လယ်သမားတွေ ခမျာ ကိုယ့် စုဆောင်း ငွေ ကို ကိုယ် ပြန် အတိုးပေးသုံး နေရလားမသိပါဘူး လို့  လည်း…ညည်းရှာတယ်..။. တတိုင်းပြည်လုံး စားဖို့  …တိုင်းပြည် နိုင်ငံခြား ၀င်ငွေရဖို့  ဖင်ထဲကို ရွှံ့ တခွဲသား ၀င်အောင် ကျွဲတွေ နွားတွေ နဲ့  အတူ ရုန်းကန်ပြီးလုပ်ပေးနေတဲ့  တိုင်းပြည် ရဲ့ ကျေးဇူးရှင်..လူများစုလယ်သမား တွေ နင်းပြားဘ၀ ကမတက်ရတာကိုသိတော့စိတ်ဆင်းရဲမိပါတယ်..။ခေါင်းပုံဖြတ်ခံနေရတာကို..လည်း..စိတ်မကောင်းဖြစ်မိပါတယ်..။ကိုယ့် ဖာသာတောင် တာဝန်မကျေသလို ခံစားရပါတယ်..။ဘာအကူအညီ မှ မပေးနိုင်ပါလားလို့ လေ..။
နောက်တောင်သူတယောက်ကတော့  ခုနှစ်.. မတ်ပဲရာသီ မှာ ပဲအထွက်တွေ ဆုတ် လို့  စိုက်စရိတ်ကျေဖို့ တောင် အနိုင်နိုင် ဖြစ်နေတဲ့  အကြောင်းပြောပြပါတယ်..။သူ့ လယ်(၇)ဧကကို မတ်ပဲစိုက်တာ..ပဲ(၄၁)တင်းပဲ ရသတဲ့ ..။တဧက ကို (၅)တင်းကျော်ကျော် လောက်သာ ထွက်တဲ့ သဘော..။နောက် တယောက်ကတော့  မတ်ပဲ ၁ဧကကို လုပ်သားခက ၂၅၀၀၀ကျပ် …ဓါတ်မြေသြဇာ ပိုးသတ်ဆေး အတွက် (၅၀၀၀၀)ကျပ် ..။စုစုပေါင်း စိုက်ပျိုးစရိတ်က မတ်ပဲ(၁)ဧက အတွက် (၇၅၀၀၀)ကျပ် ကုန်သွားပြီ..။ဒါတောင်..တောင်သူရဲ့  စားဝတ်နေရေး ကုန်ကျစရိတ်တွေ ပါသေးတာ မဟုတ်ဘူး….။သူ့  လယ်ကတော့  ခုနှစ် မတ်ပဲ ၁ဧက အတွက် (၉)တင်းခွဲ ထွက်တယ်..။အခုလက်ရှိ မတ်ပဲပေါက်ဈေးက အရေးကုန်(၁၃၀၀၀)ကျပ် ပါ..။စုစုပေါင်း စိုက်ပျိုးရာသီ (၃)လအတွက်..မတ်ပဲ တဧက ၀င်ငွေ (၄၈၅၀၀)ကျပ် ရပါတယ်…။၁လ အတွက်ဆို ၁၆၀၀၀ကျပ် လောက်ရပါတယ်..။အဲဒီဝင်ငွေ နဲ့  ..တောင်သူရဲ့ စားသောက်နေထိုင် စရိတ်..သာမှုနာမှု လူမှုရေး စရိတ်တွေ..ကို..ဘယ်လို စီမံသုံးစွဲ ရပါ့ မလဲ…။
တကယ်ပုံမှန် ကတော့  တဧကကို တင်း(၂၀) ပတ်ဝန်းကျင်လောက် အနဲဆုံးထွက်ရ မှာ..။ဒါပေမယ့်  ဓါတ် မြေသြဇာ တွေ ပိုးသတ်ဆေး တွေ မတရား သုံးကြလို့ လား..။လယ်မြေတွေမှာ တသီးနဲ့ တသီးကြား နားချိန် မရအောင် စိုက်ကြရလို့ လား..။သီးနှံတွေ အထွက် ဆွံ့ ကြတယ်..။နောက်ပြီး ရာသီဥတုတွေကလည်း ဖောက်ပြန်နေလေတော့  ခုနှစ်.. နှင်းမလိုက်ဘူး..။မတ်ပဲက နှင်း..ကို ကြိုက်တယ်..။နှင်းများများကျ တဲ့ နှစ်မှာ မတ်ပဲ အထွက် သိပ်ကောင်းသတဲ့ …။ခုတော့  မတ်ပဲခင်းတွေ တော်တော် များများ ပိုးတွေ ကျကုန်ကြတယ်..။ပိုးသတ်ဆေးတွေ မသုံးမဖြစ် သုံးကြရတယ်..။
သူတို့ ပြောတဲ့  အထဲက ကြောက်စရာကောင်းတာကတော့ ရွာတွေမှာ တောင်သူတွေ အတွက်..စိုက်ပျိုးရေး နည်းပညာ ဗဟုသုတ ဖြန့် ဝေမှု အားနဲနေတာပါ..။သီးနှံတွေ အထွက်ကောင်းဖို့  ပိုးသတ်ဆေး တွေ သုံးကြတာမှာ..မျက်ကန်းတစ္ဆေ မကြောက် သုံးနေကြတာကိုး..။တချို့ များ ပိုးသတ်ဖို့ ရာမှာ..သီးနှံပင်သုံး ပိုးသတ်ဆေးတွေက ဈေးကြီးလို့  ဈေးသက်သာတဲ့ တရုပ်ပြည်က လာတဲ့  အင်ဆက်ကေလာ စပရေး ဘူးတွေကို ..ရေဖျော် သုံးကြသတဲ့ ..။ပိုးကတော့  သေပါတယ်..။ဒါပေမယ့် ဒီ အန္တရာယ်ဟာ..စိုက်ပျိုးတောင်သူတွေ ပါမက..စားသုံးသူတွေ ဆီကို ပါ ..ဒုက္ခကောင်းကောင်း ပေးတော့ မှာ ပါလား..။
ကြားရ ကြားရ နားဝ မသက်သာ ပါ…။.ပေါက်ပင်ဘာကြောင့်ကိုင်းရတယ်..ဆိုသလိုပါပဲ.. အကြောင်းတခုနဲ့ တခု ဟာ ဆက်စပ်ကြည့် လိုက်တော့  နောက်ဆုံးမှာ ..လက်သည်တရားခံကို တွေ့ တော့တာပါပဲ…။ ။
No comments:
Post a Comment