“ ကျားရှာဖွေခန်း”
လွန်ခဲ့ တဲ့ဲ့  ၃-၄နှစ်က ကျောင်းဖွင့် ချိန် မှာ သားကို ကျောင်းအပ်ဖို့  ကျောင်းကို ရောက်ခဲ့ တယ်..။ကျောင်းဝင်းထဲ ၀င်ဝင် ချင်း အခန်းမှာ ဆိုင်းဘုတ်အကြီးကြီး နဲ့  “ကျားရှာဖွေခန်း” လို့  ရေးထားတဲ့  အခန်းတခန်း ကို တွေ့ လို့  ရင်တွေ ပန်းတွေ တုန်သွားတယ်..။ဘယ်နှယ့်  မြို့ လည်ကောင် မြို့ ကျက်သရေဆောင်ကျောင်းဝင်းထဲမှာတောကောင်တွေဝင်နေပြီလား..ဘုရား..ဘုရားပေါ့ ..။ နောက်မှသိရတာ က ပြီးခဲ့ တဲ့  တက္ကသိုလ်ဝင်စာမေးပွဲ တွေ ဖြေချိန်တုံးက စာဖြေကျောင်းသားတွေကို စာမေးပွဲ ခန်းထဲ မ၀င်ခင် ခိုးကူးစာရွက် တွေ မသမာတာတွေ ပါ မပါ စစ်ဖို့  ..လိုအပ်ရင် ခန္ဒာကိုယ် တခုလုံး လှန်လှော ရှာဖွေ ဖို့  အထူးစီမံထားတဲ့  အခန်းပါတဲ့ ..။အော်..ဒါဆို “မ ရှာဖွေခန်း” လည်း ရှိဦးမယ်ပေါ့ ..း(
ကိုယ်တွေခေတ်က တခါမှ မကြားဖူးခဲ့  တဲ့  အစီအမံတွေပါလား..။အင်းလေ..အဲဒီ အချိန်က တိုင်းပြည်ကို ခုလို လွှတ်တော် နဲ့ ဘာနဲ့  ပြည်သူကိုယ်စားပြု ပါတယ်..လို့  တွင်တွင် ပြောနေတဲ့  အရပ်သား(တပိုင်း)အစိုးရ မင်းများ အုပ်ချုပ် နေချိန် မဟုတ်ပေဘူးကိုး..။စစ်တပ်က အာဏာသိမ်းထားတဲ့  စစ်မင်းများ အုပ်ချုပ်နေချိန်ကိုး.။.စစ်ပုံစံ နဲ့  ခပ်တင်းတင်း ခပ်ကြပ်ကြပ်..ပေါ့ ..။တခါမှ မမြင်ဘူး မကြားခဲ့ ဘူးတဲ့  မြင်ကွင်းတွေပါ..။ ကျောင်းတွေမှာ စစ်တပ်လို ရှာဖွေရေး အခန်းတွေ နဲ့ မို့  ကြည့် မကောင်းဘ၀င်မကျ..။ရန်သူ့ နယ်မြေ၀င်စီးနေတာ ကျ နေတာပဲ လို့ ..တွေးမိနေတယ်..။အဲဒါ နဲ့ မေးစမ်းကြည့် တော့ တချို့  ..ကျောင်းသားတွေ ကလည်း ခိုးကြတာ တရားလွန်တယ်တဲ့ …။.ခိုးနည်းကို မျိုးစုံနေတာပဲ တဲ့ ..။ ခိုးကူးစာရွက်ကလေးတွေကကို ဈေးကွက်တခု ...ရှိသတဲ့ ။ဒီလို ခိုးစရာ အထောက်အကူတွေ လွယ်လွယ်ရနေတော့ ကလေးတွေ ခိုးတာ ဘာဆန်းလဲတဲ့ ..။တချို့ ကလည်း ပြောကြတယ်..။တတိုင်းပြည်လုံး သူ့ နေရာ နဲ့ သူ ခိုးနေကြတာ..ကလေးတွေလဲ အတုမြင် အတတ်သင် ပေါ့ တဲ့ ..။အော်..စစ်အုပ်ချုပ်ရေး ခေတ်ကိုး..။
ကျောင်းသားတွေဖက် မေးစမ်းကြည့် တော့  ကျောင်းသားတွေကတော့ ဒီလုပ်ရပ်ကို ဘယ်သူမှ သဘောမကျ
ကြဘူး..။စာတကယ်ကျက်ထားတဲ့  မခိုးတဲ့  ကျောင်းသားတွေခမျာ စာမေးပွဲဖြေကာနီး စိတ်အနှောင့် အယှက် ဖြစ်ကြရတာပေါ့ ..။တချို့ ဆို တုန်ရင်ပြီး ကျက်ပြီးသားစာတွေ တောင် မေ့ ကုန်ကြရသတဲ့ ..။ရှာတဲ့  ဆရာတွေထဲမှာလည်း တချို့  ဆရာတွေကတော့ သိပ်မလုပ်ချင်ကြပါဘူး..အထက်အဆင့် ဆင့် က အမိန့် နဲ့  ခိုင်းလို့ သာ လုပ်ရရှာတာကိုး..။စစ်အုပ်ချုပ်ရေး ခေတ်ကိုး..။စတိလောက် အဟန့် လောက်ပဲ စစ်ကြရှာသတဲ့ ..။တချို့ ဆရာတွေကတော့ တော်တော်ဆိုးသတဲ့ ..။ရလာတဲ့  အာဏာရွေးစိလောက်ကို ဂုဏ်မောက်ပြီး အတွင်းခံပါမကျန် လှန်ကြသတဲ့ ..။ကျောင်းသားတော်တော်များများက မခံချင်ကြဘူး..။တချို့ ကလေးတွေများ..တော်တော် သိတယ်..။ဒါ..လူ့ အခွင့် အရေး ချိုးဖောက်တာ တဲ့ ..။အင်းလေ..စစ်အုပ်ချုပ်ရေးခေတ်ကိုး..။
ကိုယ်တွေငယ်ငယ်တုံးကကော ဒီလိုဖြစ်ရပ်မျိုးတွေ ရှိခဲ့ လား..လို့ ပြန်တွေးကြည့် တော့ ဒီလောက် မြင်မကောင်းရှုမကောင်းမရှိပါဘူး..။ဘာပဲပြောပြောဒီနေရာမှာကိုယ့် ဖေဖေကိုကျေးဇူးတင်ရတယ်..။ငယ်ငယ်ထဲက သူ့ သွန်သင်ဆုံးမ မှုကြောင့်  စာမေးပွဲခန်းထဲမှာ စာမရရင်တောင်..ခိုးချဖို့ တော့  ဘယ်တုံးကမှစိတ်မကူးခဲ့ ဖူးဘူး..။မဖြေနိုင်ရင် အိပ်ချင် အိပ်နေမယ်..။ဒါမှမဟုတ်..ဂဏန်းအကြီးကြီးတွေကို မြှောက်လိုက် စားလိုက် နဲ့  အလုပ်ရှုပ် နေလိုက်တာပဲ..။ကိုယ့် ကလေးတွေ ကျတော့ လည်း ..ခပ်တင်းတင်း ဂုဏ်လုပ်ပြောနိုင်ခဲ့ တယ်..။ဟေ့..တို့ တွေ ငယ်ငယ်ကတည်းက ကျောင်းတက်လာတဲ့  တလျှောက်လုံး ဘယ်တုံးကမှ စာခိုးမချ ခဲ့ ဖူးဘူး..လို့ လေ။
အခု…သားတို့ တက္ကသိုလ်ဝင်တန်းစာမေးပွဲတွေဖြေနေတာတ၀က်ကျိုးမှသတိရပြီး..သားတို့ သူငယ်ချင်း
တသိုက်ကို မေးကြည့် မိတယ်..။ကျားရှာဖွေခန်း ဆိုတာ ရှိသေးလားလို့ ..။စိတ်ထဲမှာတော့ မရှိလောက်တော့ ဖူး ထင်တာပေါ့ ..။ခေတ်ပြောင်းသွားပြီလေ..။စစ်အုပ်ချုပ်ရေး ခေတ်မဟုတ်တော့ဘူးလေ..။လွှတ်တော် နဲ့ ဘာနဲ့ ..လေ။လူ့ အခွင့် အရေး ကော်မရှင် တွေ ဘာတွေ ရှိနေပြီလေ..။သန့် ရှင်းသောအစိုးရ ရဲ့ ကောင်းမွန်သော အုပ်ချုပ်ရေးတွေ စတင်ကြဖို့  နိုင်ငံတော် သမတကြီး မိန့် ခွန်းခြွေ ခဲ့ တာတောင် ၁နှစ်ပြည့် ပြီလေ..။
သားတို့  သူငယ်ချင်းတသိုက်က ရှိတယ်..လို့ ပြန်ဖြေတော့  ကိုယ်အရမ်း အံ့သြ သွားပါတယ်..။
သားတို့ သူငယ်ချင်းတသိုက်ကတယောက်တပေါက်နဲ့ အတွေ့ အကြုံတွေပြောပြကြတယ်..။ကျားရှာဖွေခန်းကြီးထဲကို ဖြတ်ရတဲ့ အကြောင်း..ပေါ့ ။ ဘာပဲဖြစ်ဖြစ် ကလေးတွေ စာမေးပွဲ ဖြေကာနီး စိတ်အနှောင့် အယှက် ဖြစ်ရတာ ဘယ်ကောင်းမလဲနော်..။ထုံးစံအတိုင်း ဆရာတချို့ ကတော့ ခေတ်ပြောင်းချိန်ကို မသိတဲ့  ရှေးရိုးစွဲ အထက် လူကြီးတွေ အမိန့်အရ တာဝန်ကျေရုံ လုပ်ကြပေမယ့်  တချို့ ဆရာ တွေကျတော့ လည်း ဟိုလှန်သည်လှော..နဲ့  တော်တော် ရစ်သတဲ့ ..။သားသူငယ်ချင်းတယောက်
က အင်္ကျီအိတ်ထဲမှာ အောင်သပြေရွက်ကလေးတွေ ထဲ့ ထားတာကို အထပ်ထပ် အပြန်ပြန် လာစစ်နေသေးသတဲ့ ..။ကိုယ်ကတော့  စိတ်ပူစွာနဲ့ ..သားတို့ ကော ပြသနာတက်သေးလား..လို့ မေးတော့ 
“သားတို့ မှာ...အစဉ်အလာ မ ရှိဘူးလေ” လို့  တညီတညာတည်း ပြန်ဖြေကြပါတယ်..။သားတို့ သူငယ်ချင်းတသိုက်ရဲ့  အဖြေကို ကြားတော့  ကြက်သီးမွေးညှင်းထအောင် ပီတိဖြစ်ရင်း ကိုယ်ကျေနပ် မိပါတယ်..။
ဟုတ်တယ်နော်..။လူတွေမှာ သမိုင်းကြောင်းလို့ ခေါ် တဲ့  အစဉ်အလာတွေ ရှိကြတယ်..။ကောင်းတဲ့  အစဉ်အလာတွေ ရှိသလို မကောင်းတဲ့  အစဉ်အလာတွေလည်းရှိတတ်ပါတယ်..။အစဉ်အလာကောင်းတွေကို ထိန်းသိမ်း စောင့် ရှောက်ကြရင်း…။မကောင်းတဲ့  အစဉ်အလာတွေကိုလည်း မကောင်းမှန်းသိပြီး ပြုပြင် နိုင်ကြရင် မကောင်းပေဘူးလား…။
နောက်နှစ် နောက်နှစ်တွေမှာ ကျောင်းဆိုတဲ့  ပညာ ဖြန့် ဝေတဲ့  မင်္ဂလာကျက်သရေ ရှိတဲ့ နေရာမျိုးမှာ စစ်ကြောရေးစခန်းလို..ရန်သူ့ နယ်မြေရောက်နေသလို နိမိတ်တွေထင်ဟပ်နေတဲ့  ကျားရှာဖွေခန်းတွေ ထားတဲ့  အစဉ်အလာဆိုးတွေ လုံးဝ ပပျောက်ပါစေ..။
အဲဒီလို ပပျောက်စေဖို့  ကျောင်းသားတွေဖက်ကလည်းမသမာတဲ့ စာဖြေနည်းတွေကို လုံးဝ မသုံးပဲ ကိုယ့် တာဝန်ကိုယ်သတ္တိရှိရှိယူရတဲ့ အစဉ်အလာကောင်းတွေကိုမွေးယူကြပါစေ..။တကယ်..ခေတ်ကောင်းကို အစဉ်အလာ ကောင်းကောင်း ပြောင်းပါစေ..။ ။
No comments:
Post a Comment