Tuesday, September 8, 2015

ကြယ်မကြွေခင်

ကြယ်တွေလား.
.မိုးပေါ်ကိုမော့ရင်း သူ တွေးတယ်
 မြေဇာမြက်တွေလား..
.မြေပြင်ကိုငုံ့ရင်းသူတွေးတယ်
သူလျှောက်နေတဲ့ လမ်းပေါ်မှာ. .
အစာဆာနေတဲ့...ခွေးအတသိုက်က...
အူလှိုက်သည်းလှိုက်အူတယ်
သူလျှောက်နေတဲ့ ပန်းတိုင်ဆီမှာ..
တရေးအိပ်ထားတဲ့ ယုန်က .
.နိုင်ပွဲသရဖူဆောင်းရင်းစောင့်နေတယ်
 သူ...လျှောက်တော့ လျှောက်နေတာပဲ
 ကြယ်တွေကို ပန်းလိုပန်လို့
 မြက်တွေကတော့
သူ့ခြေလှမ်းတိုင်းမှာ
.ပန်းလိုပွင့်ရင်း ခင်းလို့
 ကြယ်တွေမကြွေခင်..
.မြက်တွေကြေတယ်..။

No comments:

Post a Comment