Tuesday, September 8, 2015

ဖွါးဖွါးကြီးကို လွမ်းတယ်


ဖွါးဖွါးကြီးကို လွမ်းတယ်..။
 မနက်စောစော…နေရောင်နွေးနွေးမှာ ဖွါးဖွါးကြီးကိုလွမ်းတယ်..။
 နွားနို့ဆန်ပြုတ်ပူပူရနံ့ လေးကို လွမ်းတယ်..။
အုန်းဆီမွှေးမွှေးလေးကို လွမ်းတယ်..။
 သူ့ဘေးက.. အငွေ့ တထောင်းထောင်းထနေတဲ့ နို့ဆန်ပြုတ်သောက်ဖို့ အရေး.. အုန်းဆီမွှေးမွေးလေးတွေနဲ့ ခေါင်းဖြီးခံရဦးမယ်တဲ့ .။
 ဗုံကလေးတွေလို တန်းစီနေတဲ့ 
 မြေးငါးယောက်ရဲ့ ခေါင်းထက်က
 အဲဒီ…ဖွါးဖွါးကြီးရဲ့  လက်ကလေးတွေကို လွမ်းတယ်..။
 ဒီနေ့…ဖွါးဖွါးကြီးဆုံးတာ အနှစ်နှစ်ဆယ်.. ။
 သမီး အိမ်ထောင်ကျတာ..အနှစ်နှစ်ဆယ်.. ။
တနေ့တည်းမှာ…
တိုက်ဆိုင်စွာ လွမ်းစရာတွေအများမေ့ကြီးနဲ့ …
.ဖွါးဖွါးကြီးကို လွမ်းတယ်..။
             နီဇူလိုင်
            ၂၅.၁၀.၁၄

No comments:

Post a Comment