
ထွန်ရေးငင်ဖို့ဝေး
ကောက်စိုက်တေးမဆိုနိုင်
ရိတ်သိမ်းဖို့ဝေး
ကောက်သစ်စားတေးမဆိုနိုင်
တော တောင် ရေ မြေ
ငါတို့ အသွေးအသားတွေ တစစီအချွေခံနေရ
ဘဝ
အသက်
သွေး
မတရားမှုတွေကိုသက်သေပြဖို့ အကြိမ်ကြိမ်စတေးခဲ့ ရ
လက်ပံတောင်းက..မောင်းသံ။
လက်ပံတောင်းက …မောင်းသံ ။
လက်ပံတောင်းက….မောင်းသံ.။
. (နီဇူလိုင်)
၂၂.၁၂.၁၄
No comments:
Post a Comment