Friday, January 1, 2016

နေရစ်နံရံ

အိမ်မှာ
 တခြမ်းပဲ့နံရံလေးရှိတယ်
တခြမ်းမှ တခြမ်းထဲရယ်
 ဒီတခြမ်းလေးပေါ်မှာ တို့လက်ရာတွေရှိတယ်
 ဒီတခြမ်းလေးပေါ်မှာ တို့အနုပညာတွေ ရှိတယ်
 ဒီတခြမ်းလေးပေါ်မှာ တို့ဒဏ်ရာတွေရှိတယ်
 ဒီတခြမ်းလေးပေါ်မှာ တို့ချစ်ခြင်းတွေရှိတယ်
 အိမ်မှာ တခြမ်းပဲ့နေတဲ့ တခြမ်းပဲ့နံရံလေးရှိတယ်
 မဖျက်သရွေ့ 
မပျက်သရွေ့ ပေါ့..။

No comments:

Post a Comment