Tuesday, May 31, 2016

ရေမဆေးကျောက်ကလေးများ

သကာပုံမှာအုံနေတဲ့ပရွတ်ဆိတ်ကလေးတွေလို
သူတို့ဘ၀ခါးခါးတွေအတွက်
သကာတစ်စက်တစ်လေလျှက်မိလေမလားဆိုတဲ့
အတွေးတွေနဲ့..
မျှော်လင့်ချက်တွေနဲ့..။

သူများထွေးထားတဲ့ယင်တလောင်းလောင်းနဲ့
အန်ဖတ်ဟောင်း စွန့်ပစ်မြေစာပုံတွေဟာ
သူတို့အတွက်တော့ နတ်သုဒ္ဓါတမျှ ၀င်းပ
အသက်ဆက်ရမဲ့ အာဟာရတောင်တန်းကြီးတွေပေါ့..။
ဒါပေမယ့်
သူတို့အသက်ကလေးတွေနဲ့ ယက်..ယက်ပြီး
တူးနေတဲ့ တွင်းတွေဟာ
သူတို့တကိုယ်စာသေတွင်းတွေ ဖြစ်.. ဖြစ်သွားရတဲ့အခါ..
ဆင်းရဲတွင်းထက် ဘယ်တွင်းနက်ဦးမလဲတဲ့
သိသိကြီးနဲ့..
ခုန်...ခုန်ဆင်းသွားကြရင်း
သူတို့ဟာ
စွန့်ပစ်ခံရရှာတဲ့ ရေမဆေးကျောက်ကလေးတွေလိုပဲ
အသက်မဲ့ခန္ဓာတွေမှာ မြေစာတွေအလိမ်းလိမ်းကပ်လို့..။
စွန့်ပစ်မြေစာပုံထဲမှာ ရေမဆေးကျောက်တွေထပ်ထပ်ဖြစ်လို့.။

No comments:

Post a Comment