Tuesday, May 31, 2016

ဒီလိုပါပဲ-၂

နိုင်ငံရေးရာသီပြောင်းချိန်ဆိုတော့
ပုတ်သင်ညိုတွေလဲ နိုင်ငံရေးအရောင်ပြောင်းလို့
တောက်တဲ့တွေကလည်း နိုင်ငံရေးသုခမိန်လိုလို ဗေဒင်ဟောလို့
ဖားခုံညင်းတွေကလည်း နိုင်ငံရေးကြွေးကြော်သံတွေ တဂွမ်ဂွမ်အော်လို့
သူ့တို့လိပ်ပြာ သူတို့ သန့်ကြပါစေ..။
ငါ့လိပ်ပြာ
ငါ့ကဗျာ
ငါ့အနုပညာ
ငါ့ရပ်တည်ချက်
ဘယ်ရာသီပြောင်းပြောင်း
ဘယ်အာဏာရှင်ရဲ့ ခွေးသွားစိတ်မှ
မဖြစ်ဖို့ပဲ အရေးကြီးတယ်..။

No comments:

Post a Comment