ဝင်္ကဘာထဲမှာ
လမ်းတွေ့လာသူတွေအတွက်
အလှူ့ လက်ဖက်နဲ့မျက်နှာလုပ်တဲ့
လက်ဖက်သုတ်တွေရှိတယ်..။
ပြီးတော့လဲ
လာရာလမ်းအတိုင်း
ပန်းတိုင်ကိုထားခဲ့ 
ရပ်ကွက်ထဲမှာ ဒီလိုပဲရှိတယ်..။
နီဇူလိုင်
၁၁.၁၂.၁၄
Friday, August 28, 2015
ဝင်္ကဘာ
ငယ်ငယ်က
ရပ်ကွက်ထဲမှာ..ဒီလိုပဲရှိတယ်..။
မရှုပ်ရှုပ်အောင်အတားအဆီးတွေလုပ်ထားတဲ့ဝင်္ကဘာ..။
လမ်းမှန်ကိုတွေ့ဖို့အသွား..
ဘွားခနဲအတားတွေ..တခုပြီးတခုတွေ့ မယ်.။
ဝင်းထရံကို ကျော်ခွသူက..ခွ..။
နောက်ပြန်လှည့်သူက...လှည့်..။
တရွေ့ရွေ့  နဲ့လမ်းတွေ့အောင်ရှာသူက....ရှာ..။
ဝင်္ကဘာထဲမှာ
လမ်းတွေ့လာသူတွေအတွက်
အလှူ့ လက်ဖက်နဲ့မျက်နှာလုပ်တဲ့
လက်ဖက်သုတ်တွေရှိတယ်..။
ပြီးတော့လဲ
လာရာလမ်းအတိုင်း
ပန်းတိုင်ကိုထားခဲ့ 
ရပ်ကွက်ထဲမှာ ဒီလိုပဲရှိတယ်..။
နီဇူလိုင်
၁၁.၁၂.၁၄
ဝင်္ကဘာထဲမှာ
လမ်းတွေ့လာသူတွေအတွက်
အလှူ့ လက်ဖက်နဲ့မျက်နှာလုပ်တဲ့
လက်ဖက်သုတ်တွေရှိတယ်..။
ပြီးတော့လဲ
လာရာလမ်းအတိုင်း
ပန်းတိုင်ကိုထားခဲ့ 
ရပ်ကွက်ထဲမှာ ဒီလိုပဲရှိတယ်..။
နီဇူလိုင်
၁၁.၁၂.၁၄
Tuesday, August 25, 2015
မပြီးသေးသောပန်းချီကားတချပ်
မူလတန်းတုန်းက တို့ဆရာမ
ပင်စင်ယူပြီးစ နွမ်းလှလှ
တိုးညှင်းညင်သာ
အားပေးပါဦးတဲ့
ကျောင်းဆွဲခြင်းအဟောင်းလေးကိုချ
ထီလက်မှတ်တွေကိုပြမှာလား
အတွေးပွါးတုန်း
ခြင်းအဖုံးလေးကို အသာဖွင့်
စက္ကူဝါကျင့်ကျင့်လေးတွေအောက်မှာ ပုန်းနေတဲ့
မုန့်လုံးကြီး ခြောက်ခု
နှလုံးသားကို တူနဲ့ထု
ဘယ်သူ့ကို မုန်းရမှန်းမသိ
ကျုံးလို့ဝယ်ပစ်လိုက်မိ
တလုံးပြီး တလုံး
တလုံးပြီးတလုံး
မုန့်လုံးကို စက္ကူကပ်
ကြာကလပ်နဲ့ ဆွမ်းတော်တင်
နီဇူလိုင်
၂၉.၄.၀၇
Thursday, April 23, 2015
Monday, April 20, 2015
Monday, March 10, 2014
ရွာ့ပြင်မှာပဲ နေတော့မယ်
အုတ်အရောရော ကျောက်အရောရောထဲမှာ
ဖုတ်(ဖုန်) တသောသော ဂဲ(ခဲ) တသောသော နဲ့  မနေချင်တော့ပြီ
ငါ့ ဖာသာ ရွာ့ ပြင်မှာပဲ နေတော့မယ်..
ဖောက်ပြန်တဲ့  အထောက်အကန်တွေ နဲ့ လဲ မရပ်တည်ချင်တော့ပြီ
ငါ့ ဖာသာ ရွာ့ပြင်မှာပဲ နေတော့မယ်...
စဉ်းလဲတဲ့  အသင်းအတွဲ တွေထဲလဲ မ၀င်ဆန့် လိုတော့ပြီ
ငါ့ ဖာသာ ရွာ့ပြင်မှာပဲ နေတော့မယ်...
ရွာ့ပြင်မှာ
မုသာဝါဒ ညှော်နံ့ ကင်းတယ်
အဘအဘ နဲ့  ဦးတစောက် စောက် .
ဒူးထောက်တဲ့ သူတွေလဲကင်းတယ်
ပေါင်းစားတဲ့  သူတောင်စားတွေ နဲ့ လဲ
မျက်စိမနောက်ဘူး
လူရာဝင်ချင်လို့ စင်ပေါ်အတင်းတက်.တဲ့ ..
.ငါးဖျင်းသလက်တွေလဲမရှိ
ဘာဘာညာညာ လှိုင်းကြီးလေထန်.
.အော့ကြောလန်တွေလဲ ဝေး
အေးဆေးပဲ
ငါ့ ဖာသာ ရွာ့ပြင်မှာပဲ နေတော့မယ်..။ ။
Wednesday, February 26, 2014
ဖေဖေနဲ့  ငုပင်လေး
“ ဖေဖေ နဲ့ ငုပင်လေး”
မိတ်ဆွေ..။သင်.. ငုပင် တပင် လောက် စိုက်ဖူးခဲ့ ပါသလား..။ကျမကိုယ်တိုင်တော့ မစိုက်ခဲ့ ဖူးပါ..။ဒါပေမယ့်  ကျမဖေဖေ စိုက်ခဲ့ တဲ့  ငုပင်ပေါက် တပင် အကြောင်း ပြောပြချင် လိုက်တာ..။ကျမရဲ့ ကိုယ်ပိုင် ငုပင်လို့  မဆိုနိုင်ပေမယ့်  ကျမတို့  မိသားစု ရဲ့  ကိုယ်ပိုင် ငုပင် လို့ တော့  ပြောလို့ ရမယ် ထင်ပါတယ်..။ဘာဖြစ်လို့ လဲ ဆိုတော့  ဒီငုပင်ကလေးကို ကျမ ဖေဖေ ကိုယ်တိုင်ခက်ခက်ခဲခဲ စိုက် ခဲ့ တာရကိုး..။အယူ သီးတတ်လွန်း တဲ့  မေမေ ရဲ့  ငြူစူ ကန့် ကွက် မှုတွေကို ခေါင်းမာတဲ့ ဖေဖေကပယ်ချ ခဲ့ တယ်..။အိမ်ခြံဝင်းထဲမှာ ငုပင်မစိုက်ကောင်းဘူးလို့  အယူရှိတဲ့ မေမေဟာ ဒီခြံဝင်းကလေးနဲ့  ကျမတို့  အားလုံးကို ရင်နာစွာ ခွဲခွာထားခဲ့ ရတာဟာ တိုက်ဆိုင်မှု တခုလေလား..။
မသိပါ..။ကျမတို့  မသိချင်ခဲ့ ပါ..။ကျမတို့ သိတာက ဖေဖေ တယောက် ဒီ ငုပင်ကလေးကို သေသေချာချာကို ပြုစု ယုယခဲ့ တာ..။သူ သိပ်ချစ်တဲ့  သမီးတွေကို ပြုစု ပျိုးထောင်သလို ပိုးမွေးသလိုကို မွေးခဲ့ တာ.။ဒီ.လို့  ပြောလို့ ရမလား..။မဟုတ်သေးပါဘူး..။ပိုးမွေးခဲ့ သလို မွေးခဲ့ တာ လို့ ပြောဖို့  သင့် တော် ပါမလား..။ဒီ ငုပင်ကလေး ရှင်သန်ဖို့  ဖေဖေ ပိုးကောင်လေးတွေ အများကြီးကို ဖယ်ရှားသုတ်သင် ခဲ့ ရတာပဲ..။
မနက်တိုင်း ငုပင်ပေါက်ကလေး အနားမှာ ထိုင်ခုံပုကလေး တလုံးပေါ်မှာ ထိုင်ရင်း ငုရွက်စိမ်းစိမ်းလေးတွေမှာ ကပ်တွယ် နေတတ်တဲ့  ပိုးဥကလေးတွေကို ဇာဂနာ တချောင်း နဲ့  စိတ်ရှည် လက်ရှည် ဆွဲထုပ် နေတတ်တဲ့ ဖေဖေ ။
နောက်တော့ ဖေဖေနဲအတူသူတိုညီအမတွေပါ..ငုပင်ပေါက်ကလေး ရှင်သန် ဖို့  လိပ်ပြာတွေဥချခဲ့ တဲ့  လိပ်ပြာဥကလေးတွေကို လိုက်ဖယ် တတ်လာတယ်..။လိပ်ပြာကလေးတွေဟာ…အရောင်အသွေးအစုံနဲ့  ချစ်စရာကောင်းသလောက် ငုပင်ပေါက်ကလေးလို အပင်တွေရဲ့  အရွက်ကလေးတွေကို ဖျက်ဆီးတတ်တာကိုတော့..ကျမတို့  မုန်းတယ်..။ကြည့် စမ်းပါဦး..သစ်ရွက်စိမ်းစိမ်းကလေးတွေ ပေါ်မှာ သူတို့ ဥချသွားတဲ့  ပိုးဥဖြူဖြူကလေးတွေက အစီအရီ..။တော်ကြာ..ထွက်ကာစ..အရွက်စိမ်းနုကလေးတွေကို မွစာကြဲ အောင် ကိုက်ဝါးဖျက်ဆီးပစ်တတ်တဲ့ ဘောက်ဖတ် ကလေးတွေ ဖြစ်လာဦးမှာ..။
ဆွဲ နှုတ်..ဆွဲနှုတ်..။ပိုးဥ တွေ… အပင်ဖျက်ပိုးတွေကို ဆွဲနှုတ်။
ဒီလို နဲ့  ငုပင်ကလေး တနေ့ ထက် တနေ့  ပိုပို ကြီးလာတယ်..။အရွက် အခက် တွေ နဲ့  စည်စည် ကားကား…ဖားဖား ဝေေ၀..။ဒါပေမယ့်  ခက်တာက ငုပွင့် ဝါခိုင် မပွင့် နိုင်သေး..။ဖေဖေ အရိပ်တကြည့်  ကြည့်  ကြည့် ခဲ့ တဲ့  ဒီငုပင်ကလေးကား ပွင့် ခဲ လှဘိခြင်း..။ပင်စည် မှာ ဓါးထက်ထက် နဲ့  ရေးထွင်းခဲ့ တဲ့  သံသယရှိသမျှမပွင့် စေရ ..ဆိုတဲ့  ကျိန်စာ တခု ကြောင့် လား..။ဒါတော့ မဖြစ်နိုင်…။ဖေဖေ သည် အကြောင်းအကျိုး မခိုင်ပဲ သံသယ ရှိခဲ လှပါဖိ..။သံသယ ၀င်လျင်လည်း နောက်မဆုပ် တမ်း ။ လေကို ဆန်ရ မလား..။ရေကို ဆန်ရ မလား..။အမှန် တရား သည် တခါတရံ ခါးသီးတတ်တာကို ဖေဖေ မသိမဟုတ်..။သို့ ပေမယ့်  ခါးသီးမှု သည် လည်း တခါတခါ လိုအပ်စွာ ချို မြ တတ်တာကိုး…။
ဘာပဲ ဖြစ်ဖြစ် တနေ့ တော့  သဘာဝ ဓမ္မ အရ ဒီငုပင်ကလေး ပွင့် ရမှာ မလွဲ..။ငုပွင့် ဝါခိုင် တို့ နှင့်  တင့် တယ်ရမည်မှာ မလွဲ..။ထို နေ့ တွင် ဒီ ခြံဝင်းထဲ မှာ မေမေ့ လိုပင် ကျမတို့  သားအဖ တွေ ရှိချင်မှ ရှိနေပေ လိမ့် မည်..။ရှိချင်လည်း ရှိနေလိမ့် မည်..။ဖေဖေ့  ငုပင်ကလေးကတော့  ထိုနေ့ ထိုအခါ တွင် ၀င်းဝင်း ၀ါ အောင် လှပစွာ ပွင့် နေပါလိမ့် ဦးမည်..။ ။
ဆုံနေရက်နဲ့ လွမ်းလေခြင်းများ
ဂျူးရဲ့  ဆုံနေရက် နဲ့  လွမ်းလေခြင်း..။ညီမ မယုရဲ့ ကျေးဇူးနဲ့  ပဲ ဖတ်ရတယ်..။သူကတော့ ဖတ်ပြီး အားမလို အားမရ..ဖြစ်သတဲ့ ..။ဘာပဲဖြစ်ဖြစ် ဂျူးရဲ့  စာအုပ်တွေက တစုံတရာ..ကို စာဖတ်သူတွေ ဆီ ရသစာပေကနေ တဆင့် အရောက်ပို့စမြဲ..မို့ စိတ်ဝင်တစား ရှိလှပါတယ်..။သူ..ဘာ ပေးသလဲ..။သူ့စာအုပ်
ထဲက တခြားသူတွေ ဘာရသလဲတော့ မသိ..။လူဆိုတာ တယောက်နဲ့ တယောက် စိတ်ဘ၀င်မှာ လာညိတာချင်း မတူကြတာပဲလေ..။သူ့ဝတ္ထုမှာ ဖြစ်နိုင်ချေ နဲတာတွေ ထောက်ပြစရာတွေ ရှိကောင်းရှိနေမယ်..။ထားလိုက်..၀တ္ထုကိုး....။ဒီ .၀တ္ထုထဲက ကိုယ့်ဘ၀င်ကို လာညိတာတွေတော့ ရှိတယ်..။မျှလိုက်မယ်နော်..။
"...ကလေး ကဗျာတွေဟာ လူမျိုးတမျိုး ရဲ့  စိတ်ဝိဥာဉ်ကို ကြွယ်ဝအောင် ပြုလုပ်ပေးနိုင်ပါတယ်..။ကလေးကဗျာတွေဟာ ယဉ်ကျေးမှုကို သင်ပေးသလို တိုင်းပြည်ချစ်စိတ်ကိုလဲ သင်ပေးနိုင်ပါတယ်..။ကျွန်မတို့ မြန်မာကလေးကဗျာတွေဟာ အဆင့်အတန်း သိပ်မြင့်ပါတယ်..။ရသစုံလင် ရုံ မက အတွေးအခေါ်ကိုပါ ပြင်ဆင်ပေးနိုင်တဲ့  အရည်အသွေးနဲ့  ပြည့်စုံပါတယ်.."
ဒါက ဂျူးဝတ္ထု ဇာတ်ကောင် အင်ကြင်းဝေရဲ့  ပြင်သစ်နိုင်ငံမှာ ဖတ်တဲ့  Give me a child until he is seven ဆိုတဲ့  စာတမ်းထဲက တချို့ ပါ..။ဒီစာတမ်းကို ပြန်လှန်မေးခွန်း မေးတဲ့  အထဲက မေးခွန်းတခုက စိတ်ဝင်စားစရာပါ..။မေးတဲ့သူက မြန်မာ.။အင်ကြင်းဝေနဲ့  နှစ်များစွာကွဲကွာနေတဲ့  ဖခင်..။၁၉၈၈အရေးတော်ပုံ အပြီး တိုင်းပြည်ကနေ ထွက်ပြေးလာရတဲ့  နိုင်ငံရေးသမား..။နယ်စပ်ကတဆင့် အမေရိကန်မှာ အခြေချနေသူ..။သူက
" မြန်မာနိုင်ငံမှာ ကလေးတိုင်း မူလတန်းအရွယ်မှာ ကဗျာတွေ သင်ရတာပဲ..။ကလေးတိုင်း ကိုယ်ကျင့်သိက္ခာ ထိန်းကြရဲ့ လား..။ကလေးကဗျာတွေဟာ ကလေးတွေ ကောင်းမြတ်မှုအတွက် ဖန်တီး ပုံဖော်ပေးနိုင်တယ်ဆိုရင်...မြန်မာနိုင်ငံရဲ့  လက်ရှိအနေအထားအရ ဘာဖြစ်လို့ အကျင့်ပျက်ခြစားသူတွေ များလွန်းနေတာလဲ"
လို့ မေးလိုက်တယ်..။စာရေးသူက...
“...ထိုအခါ..အဖြေသည် ပညာရေးစနစ်ဧ။် ချို့ ယွင်းချက်ကို သိသာထင်ရှားစေသည့် ထင်မြင်ချက်မျိုး ဖြစ်လာလေတော့သည်..။ကဗျာကို သင်ကြားသူ ဆရာဆရာမသည်..ကဗျာကို ကလေးတကယ် မြတ်နိုးအောင် သင်ကြားပေးနိုင်ရဲ့ လား..။ကလေးဧ။် မိဘတို့သည် ကလေးကို ခုနစ်နှစ်မတိုင်မီ ကဗျာတွေ ပုံပြင်တွေ နှင့် မိတ်ဆက်ပေးရဲ့ လား..။ဆရာဆရာမလက်ထဲသို့ အပ်လိုက်သော အချိန်သည် အနဲဆုံး..ငါးနှစ်ခွဲမှ ခြောက်နှစ်ခွဲအရွယ် ဖြစ်နေသည်..။ခုနစ်နှစ် အရွယ်အထိ မိဘနှင့်ဆရာဧ။် လုပ်ပိုင်ခွင့် မညီမျှပေ..။မိဘက ငါးနှစ်ခြောက်နှစ် အထိ လုပ်ပိုင်ခွင့် ရှိပြီး ဆရာဆရာမဧ။် လုပ်ပိုင်ခွင့် နည်းပါးရသည့် အထဲ သင်ကြားပုံစနစ်မမှန်ကန်လျှင် ကလေးသည်..စာကို (ကျမကတော့..ကဗျာကိုလို့  ပြင်ချင်ပါတယ်) တာဝန်အရ
သင်ယူတာဖြစ်ပြီး နှလုံးသားဖြင့် သင်ယူတတ်ဖို့ အခွင့်အရေး မရနိုင်ပေ..”
ဆရာမ ဂျူး ရဲ့  ၀တ္ထုပြီးသောအခါ..ကျမအတွေးထဲတွင် ၀တ္ထုထဲက ဇာတ်လိုက် နှစ်ယောက်ရဲ့  ဆုံနေရက်နဲ့ လွမ်းရခြင်း (ဝေးကွာနေရခြင်း) ထက်..ကျမတို့ ကလေးများရဲ့  ဆုံနေရက် နဲ့  လွမ်းရခြင်းကို ထိထိရှရှ ခံစားရသည်..။ကျမတို့ကလေးတွေမှာ မြန်မာကလေးကဗျာ ကောင်းကောင်းတွေ ရှိသည်..။ကလေးကဗျာကောင်းကောင်းတွေနဲ့  ဆုံနိုင်ခွင့် ရှိသည်..။ဒါပေမဲ့  ကလေးဘယ်လောက်များများသည်..မြန်မာကလေးကဗျာတွေ နဲ့  ဆုံနေရက်နဲ့  လွမ်းနေရပါသလဲ..။ဝေးကွာ နေရပါသလဲ..။....။
Subscribe to:
Posts (Atom)

