Tuesday, May 31, 2011
သံ မဏိ ငှက်
 ``ဘာလဲဟဲ ..လူ့ ငရဲ´´
ကျားရဲ တကောင် လို ဟိန်းဟောက်
ကြောက်တရား ကို ...ဆောင်
ချုပ် နှောင် မှန်သ မျှ
မှော် အောင်သွားတဲ ..... သံမဏိငှက်
အတောင်သာ လျင် ၀န်ရှိ သော  ...သံ မဏိ ငှက်
ဆေး ရုံ ကုတင်ထက်...ပက်လက်
စိတ်ဇွဲ တောင်ပံ တွေက...ပျံသန်း မပျက်
နောက်ဆုံး သွေးတစက် ကျန် တဲ့ အထိ...သံမဏိ ငှက်
သံမဏိငှက်
သံမဏ ငှက်
သံမဏိ    ငှက်
အသက် ရာကျော်....ရှည်စေ သော်ဝ် ......
                   (၂၇ .. ၁၁)
Wednesday, May 18, 2011
မြို့ဝင်လမ်းက လွမ်းတဲ့ကဗျာ
အဲဒီ....မြို့ စွန်က  .... စာသင် ကျောင်း လေးရဲ့  ၀င်းထရံအပြင်ဖက်   မြို့ အ၀င် ပေတရာ လမ်းမကြီး ပေါ်မှာ မြို့ကလေးရဲ့  ကြို ဆို နှုတ်ခွန်းဆက်တဲ့..  အုတ်ခုံ ဆိုင်းဘုတ်ကလေး.တခုရှိတယ်.။ ဒီနေရာလေး.ကို ....မြို့ သူမြို့ သား တချို့   စက်ဘီးကလေးတွေ  ကိုယ်စီ နဲ့   ညနေရီရီ မှာ   လေညင်းခံထွက်  လေ့ရှိကြ...ပေမယ့်  ဒီပုံထဲမှာတော့....တစုံတယောက်ကို မှ  ရိုးတိုး ရိပ်တိပ်..မမြင် ...။ လူသံသူ သံ မကြား...။
ငြိမ်ငြိမ် သက်သက်...သက်ငြိမ်ကဗျာ....။
      မြို့ဝင် လမ်းမကြီး ရဲ့  နံဘေးချင်း ကပ်ရက်မှာ   ရထားသံလမ်း တခု ဟာ .....အမေ့အိမ်ကို  လွမ်းဆွတ်လို့  ပြန်လာရှာတဲ့   သားသမီးတွေနဲ့ ခရီးသွားတွေကို ထွေး ပွေ့ ချီပိုးလာမယ့်  ရထားကြီး တွေ အတွက်  သူ့ ကျောပြင် ကို ရက်ရက်ရော ရောကြီးကို...  ဖြန့် ခင်း လို့ ..။
ရထားသံလမ်း ရဲ့ ဟိုတဖက် မှာတော့    စိမ်းလဲ့လဲ့ လယ်ကွင်း တွေက ဒီဒေသ ရဲ့ အသည်းနှလုံး ကောက်နှံ စပါးတွေ နဲ့   ပြည့် စုံကုံလုံ နေပုံ...။ လေ အနွဲ့  မှာ ကောက်ပင် စိမ်း လဲ့  ကလေးတွေ   ယိမ်းနွဲ့ ကခုန် လို့ ...၀င်း မှည့် ရွှေစင် အိမယ့်   အချိန် ကို  မှန်းမျှော် နေလေသလာ့း...။
        စိမ်း လဲ့ လဲ့   လယ်ကွင်း တွေ  ရဲ့ နှုတ်ခမ်း သပ် မှာ ကုန်းတန်းညို့ ညို့   ရွာ မို့ မို့  ကလေးတွေက ညို့  ညို့  ပြာရီ ရီ.... ချိတ်ဆွဲသီ လို့ ...။
သူ့ ရင်ခွင် ထဲကချွေးစက်တွေ...သွေးကွက်တွေ..ယမ်း နံ့ တွေ ....မြ၀ါးရုံတော ထဲမှာ  ကြွေလွင့် ခဲ့ တဲ့  ကြယ်ပွင့် နီနီ တွေ ကို...ဘယ်မှာ သိမ်းဆည်း သိုဝှက်.. အိနြေ္ဒမပျက်  နေနိုင် ရက်ပါလိမ့်...။ ကုန်းတန်း ညို့ ညို့   ရွာမို့ မို့ ကလေးတွေက တော့ သူတို့ ကြုံတွေ့  ယဉ်ပါးခဲ့ ဖူးတဲ့    ရင်နာ တေး တွေ ကို     ထပ်မသီ စေချင် တော့ သလို မသိရိုးယောင်ပြုနေပုံများ..ကြေကြေကွဲကွဲ.....ငြိမ်ငြိမ်သက်သက်.....။
        ရထား သံလမ်း နဲ့   စိမ်းလဲ့  လယ်ကွင်း တွေကြား မှာတော့..တိတ်တိတ် ဆိတ်ဆိတ်....မီးရထားသံလမ်း  ကင်းစောင့် တဲကလေး တလုံး.....။ သူကကော.. ဘာသတင်းစကားများ ကြိုတင်  ပါးနိုင်မှာ တဲ့လဲ....။ တဲကလေး နားတ၀ိုက်မှာ.. လျှပ်စစ် မီး  ဓါတ် တိုင် လေး တွေ ကလည်း ခပ် ယိုင်ယိုင်....။ တတိုင်နဲ့  တတိုင်ကို     မီးကြိုးလေးတွေ နဲ့   ချိတ်ဆက် သွယ်တန်း..လို့ ..။
    မြို့ ဝင် လမ်းမနဲ့   ရထားသံလမ်းကြား က  မြောင်းထဲမှာ တော့ .. အနှစ်နှစ်အလ လ  အရိပ် အာဝါသ ပေးလာ တဲ့  လမ်းဘေး ကုက္ကိုလ် ပင်အိုကြီး တွေ.... အမြစ်က လှန်ခံရတဲ့  ဇာတ်ကြောင်းကို...မရှုမလှ ....အပိုင်းပိုင်းဖြတ် ခံထားရရှာတဲ့   ....ကုက္ကိုတုံး အိုကြီး တတုံးက ..လွမ်းဆွေးဖွယ်တေး တပုဒ်ကို ..ဆိုညည်းပြနေလေရဲ့ ....။
...ဒီဖက်လှည့်  နှုတ်ဆက် လိုက် နဲ့  မုန်းစရာကောင်းလောက်အောင်.. ဧည့် ဝတ်ကျေပွန် လို့ ...။
             အုတ်ခုံဆိုင်းဘုတ်ကလေး ကတော့.....   နှုတ်ဆက်လက်ပြ ခွဲခွာ ရတာကို သိပ် မကြိုက်ဘူး....ထင်ရဲ့  ...။ဒါပေမယ့် ...ကြိုဆိုပါဧ။်....ဆိုတာရှိရင်....နှုတ်ဆက်လက်ပြ ခွဲခွါတာ လဲ  ...ရှိမှာ ပေါ့လေ...။
     စာသင်ကျောင်းကလေး ရဲ့   ၀င်းထရံ တိုင်နားမှာတော့    အနာဂတ် ငှက်ကလေးတွေ ရဲ့ အမြဲစိမ်းတောအုပ်
တွေ ကို  .တစမကျန်....လုယက်ဖျက်ဆီး  ပစ်လိုက်ကြပြီး မှ...ကမန်းကတန်း...အစားပြန်စိုက်ပေးထားတဲ့  ကျွန်းပင်ပေါက် ကလေးက  တပင် တည်း ငေါင်စင်းစင်းလေးရပ်လို့..။
 စာသင် ကျောင်း ကလေးထဲ မှာတော့...ခပ်ပိန်ပိန်  ဆရာမလေး တယောက် အလင်းရောင်ခပ်မှိန်မှိန် နဲ့  ဒီပန်းချီကားလေးကို ဆွဲ နေခဲ့လေ ရဲ့ ...။ လွန်ခဲ့ တဲ့   နှစ်(၂၀)ကျော် က...ပေါ့ ။
    ပန်းချီ ဆွဲခဲ့ တဲ့   ဆရာမလေး လဲ  ပိုးကိုက်ခြစား  လို့ ..။
    စာသင်ကျောင်း လေးလဲ  ပိုးကိုက် ခြစားလို့ ..။   ။
ပန်းချီ-နီဇူလိုင်
Monday, May 9, 2011
ဒီစပယ်ရုံမှာ ဒီစပယ်တွေ ပွင့်ခဲ့တယ်
ဖွေး လွ သန့် စင် လို့...မွှေး မြသင်းထုံ လို ...ဒီစပယ် ရုံ မှာဆိုင်းမပါ ဗုံ မဆင့် ...ဒီ. စံပယ်တွေ ပွင့်ခဲ့ ကြတယ်...မပြော ပြတတ်အောင်...ထူးဆန်း ထွေလာ...အချိန် အခါ  မဟုတ်  .....မုန် တိုင်း
သတိ ပေးချက် တွေ ကြား က..ဟောဒီ...စပယ် တွေ  ပွင့် တယ် ......မက် မက် စက် စက်...စိမ်း မြ ရွက်တွေ ကြား က   သူတို့ တွေ အတင်း တိုးထွက်   ပွင့် ဖတ်လေးတွေ  စီရရီ နဲ့...ပွင် ခဲ့ ကြ တာ...  စပယ်  ဆိုတာ  နာရီ တလုံး မှ  မဟုတ် တာ ....ချိန်ကိုက်ဗုံးတလုံး မှ  မဟုတ်တာ ....အချိန် ကိုက်စရာ မလိုဘူး.....သူ ပွင့်ဖို   အကြောင်း သင့် လို ပွင့် ချင် တဲ အချိန်...ပွင် မှာ ဘဲ
.....စပယ်ဆိုတာ...အင်မတန်  သန့်စင် မွန်မြတ်တဲ့ ပန်းကလေးတွေ...မညစ်ထေးဖူး...ဖွေးဖွေး လွ အောင်ဖြူ  လို      သင်းသင်းမြ အောင်  မွှေးလို ... စပယ် တွေ ပွင့် တယ်...စပယ် တွေ  ပွင့်ကြတယ်...စပယ် တွေ ပွင့်ခဲ့ တယ် ......ဒီစပယ် ရုံ မှာ  ဒီစပယ် တွေ   ပွင့်ခဲ့ တယ်......
ဟေ့... မခူး ...သွား  မခူးနဲ ..။သူ   အပင် မှာ  သူ သဘာဝ  ကြွေ ချင် တဲ အချိန် မှ  ကြွေ ချင် ကြွေ  ပစေ...
တို ပယော နဲ တော  မကြွေ စေ နဲ ...။တို့   လော မ္မက် တွေ နဲ တော   မနွမ်း စေ နဲ့...။စပယ်  တွေသန့်စင်ပါစေ...။စပယ် တွေ   တည် မြဲ ပါစေ..။ဟိုး ရှေ မှာ    ခူးပြီးသားပန်း တချို  ညှိုး လျော် သွေ ခြောက်   နေတာ... မြင်တယ်မဟုတ်လား...။အဲဒီ ပန်း တွေ  လို  ...ဒီ.စပယ် တွေ  ကို  အဖြစ် မခံ နိုင်ဘူး....။မခူး ချင် နဲ ...မပန် ချင် နဲ ...မပိုင် ဆိုင်ချင် နဲ ....အိုး...ဘုရား တောင်  မတင်ချင် နဲ့...အိမ်ဦးခန်း မှာ  ပန်း အိုး  မထိုး ချင် နဲ့....သူ့ စပယ် ရုံ လေး မှာ   သူ စပယ် ငုံလေး တွေ   ဘာသာ  ဖြူ လွ သန့်စင်...အညစ် အထေး  ကင်းစင် နေပါစေ...သူ့ ဘာသာ  မကြွေ မချင်း  မွှေး မြမြသင်း  နေ ပါစေ...
ပြီး  တပွင့်  ဖျတ် ကနဲ ဖျတ် ကနဲ  မဆုံး နိုင် မတုံး နိုင်  ပွင့်နေတာ..မြင်တယ် မဟုတ်လား...အဲဒါ သူတို  စကားသံ တွေ   ...ရီမောသံသဲ့သဲ့ တွေ...အဲ့ ဒါ...သူတို့ ချင်း   ချိတ်ဆက် ထားတဲ့ကွန်ယက်တွေ...ငိုသံတွေ..လွမ်းဆွတ် ကြေကွဲ မှုတွေ  ကို  ဒီစပယ်ရုံကစပယ်တွေ   တပွင့်ပြီး တပွင့်  ပွင့် ရင်း နဲ့  ဖြေ ဖျောက်ပစ်ကြတယ်...ယုံချင်ယုံ မယုံချင်နေ...
                  ဘယ်သူ စိုက် တဲ့ စပယ် ရုံ မို  ...ဒီ လို ကန့် သတ် နေ ရတာ လဲ....ဟုတ်စ..
 ဒီ မှာ...ဒီစပယ် ရုံ ကို...ဟောဒီ  ကမ္ဘာ မြေ ပေါ်မှာ  စိုက် တာ....ငါ။ 
ဒါ ပေမယ့်  ဘယ်အချိန် မှာ  ဒီ စပယ်ရုံ ကို စစိုက် မိတာ ငါ့ ဖာ သာ တောင်   မသိ လိုက် ဖူး 
ဘယ် အချိန် စိုက်စိုက်..ဒီစပယ်ရုံ မှာ...ဒီစပယ်တွေ  ပွင့် ခဲ့ ပြီ..
                    ဖြူလွလွ စပယ်တွေ အဓွန့် ရှည်ကြာ...သန့် ရှင်း မွှေြး ပါစေ...
cleardot.gif
Thursday, April 28, 2011
နှုတ် ခွန်း ဆက်
ဘာ ရယ် မဟုတ် ....။စိတ် ညစ်ညစ်နဲ့ ...ငေး မိ ငေး ရာ  ငေး မိရင်း...ပုရွက် ဆိတ် လမ်း ကြောင်း တခု ကို   တလှုပ် လှုပ် တရွ တရွ   နဲ့  မြင် လိုက် ရတယ်..။ပုရွက် ဆိတ်လေးတွေ  ကိုယ်စီ  အစာလေး တွေ   ချီ ပိုး လို့   ...ရေး ကြီး သုတ် ပြာ နဲ့    ဘယ်ကနေ ဘယ်ကို  ရွှေ့ ပြောင်း ကြ မှာ ပါ လိမ့်....။ပုရွက် ဆိတ် ဒုက္ခ သည် တွေ များလား...။ ကြည့်စမ်း...လမ်းကြောင်း တခု ထဲ  မှာကို..တချို့ ပရွက် ဆိတ် ကလေးတွေ  က...အရှေ့  ကို ဦးတည် လို့ ...။တချို့  ပုရွက် ဆိတ် ကလေးတွေ က  နောက်ကြောင်း ပြန် လှည့် လို့..။ဒီကြားထဲ ...မျက် နှာချင်း ဆိုင်  ဆုံ မိကြတဲ့  အခါ...တကောင် နဲ့ တကောင်..ခေါင်းချင်းလေးတွေ  ဆိုင် လို့...ဦးမှင် လေးတွေ  တလှုပ် လှုပ် ...လက်ကလေးတွေ..ခြေ ထောက် ကလေးတွေ    တလှုပ်လှုပ် ...နဲ့    ။ဘာတွေ များ ပြောနေကြ ပါ လိမ့်...။
``ရှေ့  နား မှာ  အစာရေ စာ တွေ  ပေါ တယ် ကွ´´ ...။ဒါမှ မဟုတ်..``ဟေး...သတိ  ..။ရှေ့ မှာ  အန္တရာယ်
ရှိ တယ် ...´´  လို့ များ..သတင်း စကား  ပါး နေ ကြ တာ လား...။
 ဒါ မှ မဟုတ်...သူ တို့  ဘာ သာ စကား နဲ့ များ...တကောင် နဲ့ တကောင်...နေထိုင် ကောင်းလား..ရာသီ ဥတု သာ ယာ လား.. ဘာညာ....့  နှုတ် ခွန်း ဆက် စကား  ဆို နေလေ သလား....အင်း..အမျိုး မျိုး ဖြစ် နိုင် တာပေါ့လေ.....။
    တို့  လူ တွေ လို ပေါ့.....။တို့  လူ တွေ လဲ...တယောက် နဲ့ တယောက် တွေ့ ကြ ဆုံ ကြ တဲ့  အခါ... အခြေ အနေ အချိန် အခါ..နေရာ ဒေသ တွေ  ကို လိုက် ပြီး....ဘာသာ စကား အမျိုး မျိုး   ဓလေ့ ထုံးစံ အမျိုး မျိုး နဲ့
နှုတ်ခွန်း ဆက် ကြ တာ...မဟုတ် လား...။  မတွေ့  တာ ကြာ နေတဲ့   လူ ချင်း တွေ့ ရင်..``ဟေး..မတွေ့  တာ
ကြာပြီ...။နေကောင်း လား..။အလုပ် အကိုင် အဆင် ပြေလား...´´  လို့  အားရ ပါးရ  နှုတ် ဆက် တတ် ကြ သလို...။တွေ့  နေ မြင် နေ ကျ  လူချင်း  တွေ့  တော့ လည်း...တခါ တလေ...ပြုံးပြ ရုံ......အသိ အမှတ် ပြု တဲ့  အကြည့် တချက် နဲ့ ကြည့် ရင်း...ခေါင်း လေး ဆတ် ပြ ရုံ...နဲ့ နှုတ် ဆက် ခြင်း  အမှု က ပြီး မြောက် သွား ပြန် ရော...။တကယ် တော့....လူ မှု ဆက် ဆံ ရေး  နယ် ပယ် မှာ   တယောက် နဲ့ တယောက် တွေ့ ကြရင်သူ့ လူ မျိုး  သူ့ ဘာသာ စကား..သူ့ ဓလေ့  ထုံးစံ နဲ့ သူ...နှုတ် ခွန်းဆက် ကြ တဲ့  ပုံ သဏ္ဍန်  အသီး သီး  ရှိကြ မှာပေါ့..။
ရာသီ ဥတု  ဆိုးဝါး တဲ့  နိုင် ငံ တွေ မှာ  နေ တဲ့ သူတွေ ကတော့....တယောက်  နဲ့ တယောက် တွေ့  ရင်...
`` ကောင်း သော  နံ နက် ခင်း ပါ..´´ ``ကောင်း သော...ည နေခင်းပါ..´´ စသဖြင့်  ရာသီ ဥတု  ကောင်း မွန် တဲ့  အခြေ အနေ ကို  စုံစမ်း ရင်း  နှုတ် ခွန်း ဆက် ကြ တဲ့  ဓလေ့ ရှိ ကြ သတဲ့...။
တို့ မြန် မာ နိုင် ငံ ကတော့   အရင်က ရာ သီ ဥတု သိပ် ဆိုး ၀ါး တဲ့ နိုင် ငံ မဟုတ် လေ တော့  ရာသီဥတု အကြောင်း နဲ့   နှုတ် ဆက် ကြ တာ   နဲ မယ်  ထင် ပါရဲ့ ..။
   မြန် မာ တွေ ရဲ့  နှုတ် ခွန်းဆက် ဓလေ့ တွေ ထဲ က   ထူးထူး ခြား ခြား တခု က တော့...တွေ့ နေမြင် နေကြ
လူတွေ  အချင်းချင်း  နှုတ် ဆက် ကြ ရင်...`` စား ပြီး ပြီလား´´  `` ဒီနေ့ ...ဘာ ဟင်း ချက် လဲ´´ ဆိုတဲ့  နှုတ်ဆက် ဓလေ့ ပါဘဲ...။တချို့  နိုင် ငံ တွေ က  လူမျိုးခြား တွေ က...ဒီ လို နှုတ် ခွန်းဆက် စကား မျိုး ကို   မယဉ် ကျေးဘူး..ရိုင်း ပျ တယ် လို့  ထင် ချင် ထင် ကြ မယ်..။ပျော်ပျော် ရွှင်ရွှင် နေတတ် ကြ.တဲ့....တို့  မြန် မာတွေ ကတော့ ဒီ ဓလေ့  ကို...ရိုင်းတယ်  မထင် ကြ ပါ ဘူး...။ဒါ  အစဉ် အလာ  နှုတ် ခွန်းဆက်  စကားပါ ဘဲ....။ဘယ်သူ မှ...ဒီလို နှုတ် ဆက် လို့   စိတ် မဆိုး ခဲ့  ကြ ဖူး ဘူး...။
ခုတော့    ခေတ် တွေ ပြောင်းလာ လို့ လား   ...မြန်မာ ပြည် သူ ပြည်သား  အများ စု ရဲ့   လက်ရှိ အခြေ အနေကြောင့် လား....နှုတ် ခွန်း ဆက် စကား တွေ ပြောင်း လာ တာ သတိထား မိတယ်...။ဆင်းရဲ ကျပ် တည်း သူတွေ တနေ့ ထက် တနေ့ များ လာ တဲ့    ဒီ နေ့ မြန်မာ ပြည်သူ အများစု ထဲ မှာ...ထမင်းနပ် မှန်အောင် မစားရသူ တွေ...ထမင်း ရည် ကို  ဝေမျှ သောက် နေ ရတဲ့ သူ တွေ (စားစရာ မရှိ တဲ့ လူတန်းစားတွေ)  ...ဒင်းကြမ်း ပြည့် လာတော့...တယောက် နဲ့တယောက် တွေ့ လို့.မှ....``စား ပြီး ပြီ လား  ´´  လို့  နှုတ် ခွန်း ဆက် ဖို့  အရင်ကလို ပါးစပ် မရဲ ကြ တော့ ဘူး...။ဝမ်း ရေး အတွက်...တအိမ်သား လုံး...မိုး လင်းက  မိုးချုပ် ..ကြက် ယက် သလို  ရှာ ဖွေရုန်းကန် နေကြ ရတော့  ...အိမ် မှာ မိသားစု  ထမင်းဝိုင်းအတွက်  ဆီကာဆိုင် ကာ ၀ယ်ခြမ်း  ချက်ပြုတ် စားသောက် မနေ နိုင် ကြတော့ဘူး...။လူအများ စုက...ညမှောင် မှ  ...အလုပ် ကအပြန်  လမ်းဘေး ထမင်း ဆိုင် လေးတွေက..ဈေးသက်သာတဲ့  ငပိရည်ကျိုတို့စရာ..အထုပ် ကလေး တွေ  ...အသုတ်စုံ လေးတွေ ၀ယ်လာကြပြီး...တအိမ် သားလုံး  မျှ တ စားနေကြတာခေတ် သစ်  ယဉ် ကျေး မှု တရပ် ဖြစ် နေပြီ လေ....။
   ဒီ လို  အခြေ အနေ မျိုး မှာ...``ဒီနေ့ ဘာဟင်း ချက် လဲ  ´´ လို့  သွား နှုတ် ခွန်း ဆက် လို့ ကတော့....အဲဒီ
လူ လောက်  ကိုယ်ချင်းစာ တရား  ခေါင်း ပါးသူ ရှိ မယ် မထင်...။အကြောင်း ပေါင်း မသင့် ရင်...အမေး ခံ ရသူ ရဲ့ ပစ္စည်း မဲ့  ဒေါသ နဲ့ ထိပ် တိုက် ရင် ဆိုင်တွေ့  ပြီး....ရိုက် အလွှတ် မခံ ရ ရင်  ကံကောင်း ပေါ့..။
 ခုတော့    မြန်မာ ပြည်သား  အများစု (  ထားစရာ မရှိ တဲ့  လူတန်းစားမပါ)  ရဲ့   နှုတ် ခွန်းဆက် စကား
တွေ  ကို နားထောင် ကြည့် ရင်...တယောက် နဲ့ တယောက်  သိသိ   မသိ သိ...
`` ခုမနက်...ထိပ် စီးဂဏန်း  ဘာရ လဲ´´ တို့...
`` ဘယ်နှစ် ကွက် ပတ် လိုက်သလဲ ´´ တို့..
``စလောင်းဂဏန်း  ဘာ ကြား´´ လဲ တို့ ဆိုတဲ့    မျှော် လင့်ချက် မဲ့  ကမ္ဘာ ထဲက...ကောက် ရိုးတမျှင်  ကို ဆွဲ ဆုပ် တဲ့နှုတ် ခွန်း ဆက် စကားတွေ ဘဲ...ခေတ် စား လို့...။ဒါတွေ နဲ့ဘဲ...စီးပွါးရေး ဘ၀...လူမှုရေးဘ၀တွေ  ပျက် လို့....။
နောက် ဆို...တနေ့ ထက် တနေ့  ဆိုးဝါး လာတဲ့   သဘာဝပတ် ၀န်းကျင် အခြေ အနေ နဲ့  ရာသီ ဥတု အခြေ အနေ တွေ ကြောင့်   `` ကောင်း သော နံနက် ခင်းပါ´´ တို့  ဘာ တို့  လည်း  ပြောင်းနှုတ်ဆက် လာ နိုင် တာပေါ့...။
အင်း...ပရွက် ဆိတ် ကလေးတွေ ကနေ...ဆက်သွားလိုက် တဲ့ အတွေးဟာလဲ...စိတ် ညစ် စရာ..ပါဘဲလား..။
နေစမ်းပါဦး..    ..ပရွတ် ဆိတ်  လိုမျိုး  တချို့ တိရစ္ဆာန် တွေ ဟာ...ရေ ကြီးမယ်...မိုး ရွာမယ် ..မြေငလျင် 
လှု ပ်မယ်...ဆိုတဲ့သဘာဝ ဘေး အန္တရာယ် တွေ ကို  ကြို သိတတ် သတဲ့...။ဘု ရား...ဘုရား...သူတို့  ဘာလို့  နေရာ တွေ  ပြောင်း  ရွေ့ နေပါ လိမ့်....။
Thursday, April 21, 2011
နေနှင့် ဦး....သင်္ကြန်
နီညို ရောင် အုတ်ရိုး ရင့် ရင့် ကြီး ကို
ကျော် လွင့်လာတဲ့  တေးသံ
အော်...သင်္ကြန်
အော်...သင်္ကြန်
အပြင်မှာ
အပျော်သံတွေ  ဆူညံပွက်ထ
ငါတို့ ရဲ  ... သင်္ကြန် အလှပြ ကားတွေကတော့
အေးစက် စက် တမံသလင်းနဲ့
မာကျောကျော  သံတိုင် တွေဘဲ လား....
ဟား....
လေအဝေ့မှာ
သင်းဖြာပိတောက်ဟာ
မွှေးအီ ကြိုင် လှောက်စွာ
ငါတို့ဆီ  အရောက်လာတယ်...
နေနှင့် ဦး....သင်္ကြန်
လွတ်မြောက် လာမယ့်  မနက် ဖြန် တွေ မှာ
ပိတောက် တွေ...ဝေဖြာ နေအောင်ကို
ငါတို့...ပန်ဦးမှာ...