Tuesday, April 20, 2010

မျိုချ

မျိုချ
မှန်ချပ်ကိုမျက်နှာလွှဲ
ပွဲလန့်တုံးဖျာခင်းသူတွေကိုလဲ
မျိုချ။
သိုးရေခြုံထားတဲ့ ၀ံပုလွေတွေကိုလဲ
မျိုချ။
နောက်ကျောက ဓားနဲ့ထိုးသူတွေကိုလဲ
မျိုချ။
ကိုယ့်ကိုယ်ကိုဖော် မသူတော်တွေကို လဲ
မျိုချ။
ဆောင်းထားတဲ့ ဦးထုပ်အောက်က
လျှာနှစ်ခွနဲ့ မြွေဟောက်တွေ ကိုလဲ
မျိုချ။
ထုံအနေတဲ့ နှလုံးသားကို
ကိုယ်ပိုင်မာနနဲ့ ပြန်ထုပ်ပိုး
မျိုချ။
သခွပ်ပင်ကမီးတကျည်ကျည် မလုပ်ချင်လို့
မျိုချ။
ညီညွတ်ရေး၊ မပြိုကွဲရေးအတွက်
မျိုချ။
သူများကိုလမ်းခင်းပေးနိုင်ဖို့
သူတို့ဘ၀ကိုချနင်းခံနေတဲ့ ကြယ်အစင်းစင်းကိုဦးညွှတ်ရင်း
မျိုချ
အချိန်ကျရင်
အစာအိမ်ကစစ်ထုပ်သွားလိမ့်မယ်လို့ တွေးရင်း
မျိုချ။
အချိန်မကျခင်
မဆန့်မပြဲအစာအိမ်ကွဲသွားလဲ မတတ်နိုင်
မျိုချ.....မျိုချ။ ။


(နီဇူလိုင်)

2 comments:

  1. တထပ်ထဲပါပဲနီဇူလိုင်ရေ။

    ReplyDelete
  2. မျိုချရတာ များပြီ၊ အစာတောင် မကြေတော့လို့ ပြန်အန်ထွက်နေပြီ။


    မအယ်

    ReplyDelete