Sunday, January 9, 2011

သွေးချင်း..စီးဆင်း..ရင်းနှီး..နွေးထွေး


ဒီဇင်ဘာ (၂၅) ရက်ကစလို့ သားလေး ဒီ ဇင်ဘာ ကျောင်း ရက်ရှည် ပိတ် တယ် ..

ဒီကျောင်း ပိတ် ရက်မှာ ဖေဖေရဲ့ ရေတိမ် ဖြစ်နေတဲ့ မျက်စိ ကို လည်းရေပေါင်ချိန် .ဘာညာ. ပြန်လည်.စစ်ဆေးပြသ ဖို့ လို တယ် လေ..။ခွေခေါက် တုပ်နှောင် အညောင်းမိနေတဲ့ ကိုယ့် ခြေ ထောက် သစ်မြစ် တွေကို ဆွဲ ဆန့်ရင်း မြို တော် ဟောင်း ဆီ တက်ခဲ့ တယ်...


ပထမ နေ့ တွေ မှာ ဖေဖေ့ ကို ဆေးခန်း ပြ..။ သားနဲ တူ တွေ တူမလေးတွေ ကိုသူတို့ သွားချင် ရာတွေ ကို ဦးစားပေး လိုက်ပို့ ပေး အပြီး...နောက်တနေ့ မှာတော့... ကိုယ်နဲ့ မမကြီးတို့်သွားဖို့ စိတ်ကူးထားတဲ့ နေရာ တချို့ ကို ဘတ်စ်ကားစီးပြီး သွားဖို့ ပြင်ကြတယ်..


ကိုယ်တို့ သွားရာ လမ်းမှာ ကိုယ်တို့ ရဲ အမိတက္ကသိုလ် ကြီး ကို ဖြတ် သန်းသွား မယ်..... ပထမဆုံး လှည်းတန်းဈေး တ၀ိုက် ကိုရောက်တော့ ငယ်ငယ်ကို ဟိုဟိုဒီဒီငေးရင်း...မောရင်း..ခြေရာလက်ရာ တချို့ တ၀က်ပျက် နေ ပေမယ့် အတိတ်ခြေ ရာ လေး တွေ

ကို ဘဲ မှန်းပြီး လွမ်းမိသေး....


လှည်းတန်းဈေးက ဆိုင်တဆိုင် ကနေ သူမအတွက် သိုးမွှေး ခြံထည် အ၀ါရောင်လေး တထည်ကို ရွေးချယ်ပြီး..၀ယ်မိတယ်..။ ဒီ ခြုံထည် ကလေးက သူမ ကို တစုံတရာ နွေးထွေးမှုပေးနိုင် ကောင်း ပါ ရဲ ..။မမကြီး က တော့ သူမ အတွက် စားစရာ အသီးအနှံ တချို့ ကောင်းနိုးရာရာ ရွေးချယ်ဝယ်ယူ လို့...


လှည်းတန်းတ၀ိုက် က ဦးထွန်းလင်းရိပ်သာ

မ်း ကိုဖြတ်တော့..မမှတ်မိအောင် ကို ပျားပန်းခပ် စည်ကားလို့...။ဆရာကြီး မင်းသုဝဏ် ရဲ သပြေညို ခြံကလေး နေရာကို မော့ကြည့်နေရတဲ့ တိုက်မြင့်ကြီးတွေ က အစားထိုး မိုးမျှော်လို့...


ကျောင်း ရှေ ဓမ္မာ ရုံ မှတ်တိုင် ကနေ ကားစောင့်စီး ရတော့ အမိတက္ကသိုလ် ကြီး ရဲ အ၀င် အဓိပတိ လမ်းမကြီး ရဲ တဖက် တချက်မှာ... မန္တ လေး ဆောင်အို အို ကြီး နဲ

တက္ကသိုလ် ကျောင်းသားသမဂ္ဂ အဆောက်အဦ နေရာ

ကွက်လပ် ကြီးရဲ့ ချေ ဖျက်လို့မရတဲ့နက်ရှိုင်း ၀ိညာဉ်တစုံတရာ က ကိုယ့် သွေးတွေကို...အသစ်တဖန်... ပူနွေးလှုပ်ရှားနေစေ... တုံး ပင်..။မြက်ရိုင်းတွေ ကြားမှာ နစ်မြုပ် နေပုံရတဲ့ ဗိုလ် အောင်ကျော် အမှတ်တရ ကျောက်တိုင်ကလေး ကို တတမ်းတတ လှမ်း မျှော်ကြည့် ငေးရင်း...ဒီ နေရာကြီး ရဲ အတိတ်သမိုင်း က မမြင်ရတဲ့လှိုင်းလုံး ကြီး တခုလို ဘာလို့များ ကိုယ့် ကို ပုတ်ခပ် လွှမ်း မိုး နိုင် လွန်းရ တာ ပါ လိမ့်....


ကိုယ် ကျောင်းတက်တုံးက စမ်းချောင်း ...အဒေါ် အိမ်ကနေ တဆင့် တက်ရတာဆိုတော့ (၄၂) လိုင်း ကားကို စီးရင်း ကျောင်းကို လာ တိုင်း .. .ကျောင်းလမ်း(.ပုဂံ လမ်း)မှတ်တိုင်လေးမှာ ဆင်းပြီး ကိုယ့်အတွေးလေး နဲ့ ကိုယ် လမ်းလျှောက်လို့ ရတဲ့.... ဥသြငှက်သံ သဲ့ သဲ့ လေးတွေ ဘဲ ကြားရတတ် တဲ့ တိတ်ဆိတ် အေးချမ်း တဲ့ ပုဂံ လမ်း လေးကို လည်း ဘတ်စ်ကားပေါ်ကနေဘဲ လှမ်းမျှော်ငေးမိ ရင်း.....။ရန်ကင်းဖက် က.ို... ဆက်ထွက် လာ ခဲ့ တယ်...

ညီအမနှစ်ယောက်သား မျက်စိလည် စရာ ရန်ကင်း (၁၂)လုံး တိုက်ခန်း တွေ ထဲ က တိုက်ခန်းအို က လေး တခုရဲ လှေကား ထစ်ဟောင်း ဟောင်း ကလေးတွေ အတိုင် တက်သွားတော့...အခန်းတံခါးပေါက် ကနေ ကိုယ်တို့ ကို အဆင်သင့် ဆီးကြို နေတဲ့ အသက်(၇၀) ကျော် သူမ ကို... နှစ်လို ဖွယ် အပြုံးကလေးနဲ့ အတူ တွေ့ လိုက် တယ်... တိုင်း ပြည် အတွက် သတ္တိ ခဲ ကြယ် တပွင့် ကို.. မွေးထုပ် ပေးခဲ့တဲ့... အမေ တယောက် ပါ လား....


အပြုံး မပျက် ပေမယ့် သူမ ရင်ထဲ ဘယ်လို ရှိ မယ် ဆိုတာ ကို တော့ ကိုယ်တိုင် တဦးတည်း သော သားတယောက်ရဲ .. အမေ မို့ ကိုယ်ချင်း စာ မိ သလိုလို...


သခင် အုန်းမြင့် ရဲ့  ဈာပန က အပြန် မှာ ကားကြုံ လိုက် ပို့ ရင်း မမကြီးနဲ့ ရင်းနှီး ခဲ ရတဲ့ သူမရဲ့  အကြောင်းကို ကြား ရတော့....သူမက.တယောက်တည်း နေနေရသူ.။ခင်ပွန်း ကလည်း ဆုံးပါး ပြီး တဦးတည်း သော သားကလည်း ဟိုး ...နယ်ဝေး ထောင် တခုထဲ မှာနှစ်ရှည် အကျဉ်း ကျ နေရှာတဲ့ ရှစ်လေးလုံး မျိုးဆက် ကျောင်းသား တဦး...။ အရင် က တယောက် နဲ့တယောက် သိလည်း မသိ ... မြင် လည်း မမြင် ဖူး ခဲ့ ပေမယ့် ...၈၈ ရဲ သွေးချင်း တွေ အဖြစ် ရင်း နှီး မှုတွေစီးဆင်း...နွေးထွေး စွာ အားပေးချင် စိတ် တွေ က ရင်နဲ အမျှ

လှိုက်လှိုက် လှဲလှဲ...





ကိုယ် တို လာ မယ် လို့ တယ်လီဖုန်း ကြို ဆက် ထားတာ မို့ နေ့ခင်းမအိပ် ဘဲ စောင့် နေတာ တဲ့..


နောက်ထပ် ကြောင် ကလေး တကောင် ထပ်ရ လာ လို့ သူ့ မှာအဖော် ကြောင်ကလေးနှစ်ကောင် ဖြစ်နေတဲ့

အကြောင်းတွေ ... နယ်ဝေး အကျဉ်းထောင် တခုက သားကို အသက်(၇၀) ကျော်မိခင် အိုတယောက် အနေနဲ့ ခက်ခက်ခဲခဲ သွားတွေ့ ခဲ့ ရ့တဲ့ အတွေ့ အကြုံ တွေ...။ခက် ခက်ခဲခဲ သွားခဲ့ ရတဲ့ သက်ကြီး ရွယ် အို မိခင် တယောက်ရဲ့ ရှားရှားပါးပါး ထောင်ဝင်စာ တွေ့ ချိန်လေး တခု မှာ ရွေးစေ့လောက် ရထားတဲ့ အာဏာ ကို အဟုတ်ထင်ပြီး ကိုယ်ချင်းမစာ အာဏာ ပြသူ တဦး က အိမ်ထောင်စု စာရင်း ကို မူရင်းမဟုတ်ဘဲ မိတ္တူ မို့လို့ ဆိုပြီး...တွေ့ခွင့် မပေးခဲ့ တဲ့ အကြောင်း ကို ပြန်ပြောပြရင်း....


``အဲဒီ နေ့ က ဒေါ် ဒေါ် တော်တော် စိတ် မကောင်း ဖြစ်ခဲ ရတယ်..။ဒါ ပေမယ့် မတွေ့ လည်း ပြန်ရုံပေါ့..။ဒီ အမေ နဲ ဒီ သား ကို ဘယ်သူ က ဘယ်လောက် ခွဲ ထား ထား ...တနေ့ တော့ ပြန် တွေ့ မှာ ပေါ့ ကွယ် ....´´ တဲ့လေ။ သူမ ရဲ နှုတ်ခမ်း ထောင့် ကွေး လေး က အံ ခဲ ပြုံးထား ပေ မယ့် မျက် ၀န်းထဲ မှာ မှိုင်းရီ လို့....


မိသား စု ဓါတ် ပုံ အယ်လ်ဘန် တွေ ထုပ် ပြရင်း.... သူမတို့ နဲ့ လည်း ရင်းနှီး...ကိုယ်တွေ နဲ့ လည်း သွေးသားလို ရင်းနှီး နေ သူတချို အကြောင်း တွေ မေးကြ ..ပြောကြရင်း သွေးချင်း စီးဆင်း ပိုမို ရင်းနှီး နွေးထွေး ကြ ရင်း...သူမ ရဲ တနေ့ ခင်း ကို အဖော် လုပ် ပေး ခွင့် ရခဲ့ တာ မို့ ကိုယ် တို့ ညီအမနှစ်ယောက်သား ၀မ်းသာ လို့ မဆုံး...။ပြီး ခဲ့ တဲ့ လတွေ က သူမ တယောက်တည်း နေတုံး ချော်လဲပြီး လက်ကျိုး သွားတော့ တွေ့ကြုံ ရတဲ့ အကြောင်းတွေ နားထောင်ရင်း...သားသမီးနဲ့ ဝေးကွာပြီး တယောက်တည်း နေ နေရတဲ့ သက်ကြီး ရွယ်အို မိခင် တယောက် ကို စာနာ မိစိတ်ကနေ...အမေ တွေ နဲ သားတွေ ကို တရား လက်လွတ် စာနာ စိတ် ကင်းမဲ့ စွာ ရက်ရက်စက် စက် ခွဲထားကြတဲ့ လူယုတ်မာတစု ကိုစိတ် ထဲက နာနာ ကျည်း ကျည်း ကျိန် ဆဲ မိခဲ့ ....


`` လွှတ် တော် တွေ ဘာတွေ ခေါ် ပြီးရင်တော့ ...လွတ်ပေး မလား မသိ ဘူး ကွယ်´´ တဲ့..


မိခင် တယောက် ရဲ ရင်ထဲ ကအံ ထွက် ကျ လာတဲ့ မျှော် လင့် ချက် စကားသံ...။မြန်မာ ပြည် ထဲ မှာ ဒီလို

မျှော်လင့် ချက် စကားသံ တွေ ပဲ့တင် ရိုက် ခတ် မြည် ဟိန်း နေတာ...ဒင်း တို့ ကြား ဘဲ မကြားကြဘူးလား။


ကိုယ်တို့ ညီ အမ နှစ်ယောက်သား ဘယ်လို ဆက်ပြီး အားပေးရ မှန်း မသိအောင် ကို နှုတ်ဆွံ ရင်း..နာကျင်

လှိုက်လှဲ ၀မ်းနည်း လိုက်တာ...


ပြန် ကာ နီး သိုးမွှေးခြံ ထည် လေး ကို သူမ ပခုံးပေါ် လွှမ်းခြံ ပေးကြည့် တော့..

`` ကိုယ်တိုင် ထိုး လာတာ လား ´´ တဲ ..


ကိုယ်က ရီ မောရင်း ``ဟင့်အင်း...သိုးမွှေးတွေ ဘာတွေ မထိုး တတ် ပါဘူး..ဒေါ်ဒေါ် ရယ်။ လှည်းတန်းဈေး က ၀ယ် လာတာ ပါ....နောက်တခါ လာဖြစ်ရင် ဒေသ ထွက် လက်ဆောင် တခုခု ယူ လာ ခဲ ပါဦးမယ် နော်..ကျန်းမာအောင် နေပါ ..ဒေါ်ဒေါ် ´´ လို့


နှုတ်ဆက်ပြီး...လှေကား အို ဟောင်း ကလေးတွေ ကို ဖြတ် နင်းရင်း ဖြေးဖြေးချင်း ဆင်းလာ တော့... သူမ က အိမ် တံခါးဝ သံဇကာကွက် ကလေးတွေ ကို ကိုင်ရင်း ကိုယ်တို့ ကို ငေးကြည့်ကျန်ခဲ့ တယ်..။ သူမ ရဲ ခြေထောက် အစုံ နားမှာတော့ သူမရဲ လက်ရှိ အဖော် ကြောင်ကလေး နှစ်ကောင်က ပွတ်သီး ပွတ်သပ် လုပ် လို့....



( ယုံ ကြည်ချက် ကြောင့် မတရား ဖမ်း ဆီး ခံ ထားရသော နိုင်ငံရေး အကျဉ်းသား အားလုံးခြွင်းချက် မရှိ အမြန် ဆုံး ပြန်လည် လွတ် မြောက ကြ ပါ စေ..)

3 comments:

  1. အမေတယောက်ရဲ့ရင်ထဲကို ရောက်သွားတယ်...
    ကြားရ သိရတာ စိတ်ထိခိုက်လိုက်တာ...

    ReplyDelete
  2. မျက်ရည်တောင် ကျမိတယ် မမနီ။
    သူ့အိမ်ကို ၀င်နေတဲ့ ထောက်လှမ်းရေးတွေ ရှေ့မှာတင် ရေဒီယိုအင်တာဗျူးဖြေလိုက်တာကို ခုထိ နားထဲကမထွက်ဘူး။
    သိပ်သတ္တိရှိတာပဲ။
    ချစ်ခင်စွာဖြင့်
    ခင်မင်းဇော်

    ReplyDelete
  3. ဘယ်မျိုးဆက်တွေကျမှ ဒီအဖြစ်တွေ အဆုံးသတ်မှာလဲ...
    အမေကို အမြဲတမ်းစိတ်ပူတတ်တဲ့ အမေကိုသိပ်ချစ်တဲ့ သားတစ်ယောက်မို့ ဝမ်းနည်းကြေကွဲရင်း ကိုယ်ချင်းစာမိတယ်...
    (ပြန်လည်ကူးယူဖော်ပြပါရစေ... အစ်မနီဇူလှိုင်)

    ReplyDelete