Sunday, July 17, 2011

မဗေဒါရဲ့ ရေခပ်လမ်း


 
ခေတ်အဆက်ဆက် ထက် အောက် မြန်မာပြည်... စီးဆင်းမပျက် ခဲ့ တဲ့...ဧရာဝတီ...။မြန်မာပြည်ရဲ့ ..
ပင်မ ကျောရိုး...အသက်သွေးကြော..ဧရာဝတီ..။ ဧရာဝတီ..ထွေးပွေ့ ထားတဲ့...သရေ ခေတ္တရာ မြို့ ဟောင်းမှာ...ဧရာဝတီရဲ့ ...မဟာဆန်တဲ့ ခမ်းနားလှပမှုတွေကို...အနီးကပ်ထိတွေ့ ဖူးခဲ့ တယ်...။

ဒီ..မြစ်ရိုးတလျှောက်..မှာ..မျက်စိနှစ်ကွင်းအလင်းမရတဲ့..သမ္ဘာဝညီနောင်ကိုတောင်...ဖောင်နဲ့.့..အန္တရာယ်ကင်းကင်း...စုန်ဆင်းနိုင်ခဲ့ အောင်..သိမ်မွေ့ စွာစီးဆင်း ခဲ့  တဲ့ ....ဧရာဝတီ..။

ဧရာဝတီရဲ..့..သိမ်မွေညံ.့သက်တဲ.့...လှိုင်းကြက်ခွပ်သံ...ကလေးတွေဟာ....ဧရာဝတီရဲ..့....တဖျပ်တဖျပ်ခြေသံလေလား.......။ တငြိမ့် ငြိမ့်  စီးဆင်းနေတဲ့  ဧရာဝတီရဲ့  ရေ အလျင်ကို
`` ဧရာဝတီ ရဲ့  ခြေသံ ´´ ဆိုတဲ့  ပန်းချီကား လေး တချပ် အဖြစ် အသက်သွင်းချင်ခဲ့ ...ပေမယ့် ....မဟာ ဆန်တဲ့  ဧရာဝတီ ရဲ့  ကျက်သရေ ရှိတဲ့  အလှကို....ကိုယ့် အစွမ်းနဲ့  ဘယ်လိုမှ ရေးလို့ မမီခဲ့ ...။ဒါပေမယ့်..တချိန်ချိန်တော့ ကြိုးစားပြီး..ဆက်ဆွဲချင်ပါသေးသည်....ဧရာဝတီ....။

xxx xx

အဲဒီတုံးက... ဧရာဝတီ မြစ်ကမ်းနဖူးမှာ မေးတင်ထားတဲ့  စက္ကူပန်းရောင်စုံတွေနဲ့ ဖုံးလွှမ်းနေတဲ့ ...နီလာဆောင်...ဆိုတဲ့ .သရေခေတ္တရာကောလိပ်ရဲ့ ...အမျိုးသမီးဆောင်ကလေးမှာ နေခွင့် ရခဲ့ဖူး.ချိန်ကပေါ့..။ အနယ်နယ်အရပ် ရပ်က ငယ်ရွယ်ပျိုမြစ်တဲ့  အမေ့ ရင်ကခွါကာစ...ပုရစ်ဖူးငုံလေးတွေ နဲ့ အတူ....ဧရာဝတီ
ရဲ့ ရင်ငွေ.့...ကိုလှုံရင်း......အပြစ်ကင်းကင်းနဲ.့....ပျော်ရွှင်ခဲ့.....့ကြဖူးတယ်။ဧရာဝတီရဲ..့.....့ခြေသံကို...အနီးကပ်...ဖွဖွညင်သာ..နားထောင်ခဲ့ရဖူးတယ်..။ဧရာဝတီရဲ့ကိုယ်သင်းရနံ့..သင်းပျံ့ ပျံ့ ကို...တရှိုက်မက်မက်..ရှူရှိုက်ခဲ့ ဖူးတယ်..။ ဧရာဝတီ..ဆို ညည်းချော့ သိပ်တဲ့ ...ဂီတသံ နွဲ့ နွဲ့ ကြားမှာ...အပူပင်ကင်းကင်းနဲ့ ..အိပ်စက် ခဲ့ ဖူးတယ်.....။  ဧရာဝတီ ရဲ့ ...့ဒေါမာန်.လှိုင်းထ..ရိုင်းပျခဲ့ တာမျိုး..တခါမှ..မတွေ့ မဆုံ...မကြုံဖူးခဲ့ ...။သိမ် မွေ့ လွန်းတဲ့ ...ဧရာဝတီ..။
ကိုယ့်အခန်းက...ဧရာဝတီနဲ.့....အနီးဆုံး....။.ဧရာဝတီကို...နေ.့နေ.့..ညည.....အခါမလပ်..မြင်တွေ.့...နိုင်တဲ.့...နေရာလေး..။မိုးသည်းသည်းရွာလို.့........ပြူတင်းတံခါးတွေ...ပိတ်ထားရချိန်မှာတောင်.မှန်ပြူတင်းကတဆင့်  မြင်ရတဲ့  မိုးရေထဲက ဧရာဝတီဟာ... ရေစိုနေတဲ့  အပျိုမ..။

ကြယ်စုံည..လသာညတွေမှာတော့....ဧရာဝတီ ဟာ..ငွေရောင်ခြုံထည်တလက်လက်ကို..ဆင်မြန်းထားတဲ့....နတ်သမီး တပါး..။မည်းမှောင်နေတဲ့ လမိုက်ညတွေ မှာတောင်....ဥဒဟိုသွားလာနေကြတဲ့ ....လှေသမ္ဘန် ကလေးတွေ..မော်တော်ကြီးငယ်တွေ.က...မီးရောင်တလက်လက် နဲ့...ပိုးစုန်းကြူးလေးတွေလို...ဧရာဝတီရှိရာကို မှန်းဆ နိုင်အောင်...လမ်းပြလို့ ....။

ဧရာဝတီ ရဲ့ ...ဟိုတဖက်ကမ်းက..အနောက်ရိုးမရဲ့ တောင်စွယ်လက်မောင်း....ညို့ ညို့ ပြောင်း တွေပေါ်က...ဘုရားစေတီအိုဟောင်းဟောင်းကလေးတွေ.က.လည်း..ဟို..တစု..ဒီတစု...။.ဧရာဝတီကမ်းနဖူးက..ယဉ်ကျေးမှု ခေတ်တခေတ် ရဲ့ ..မြို့ တော်..သရေခေတ္တရာမှာ..ရှေးဟောင်း ဘုရား စေတီ ပုထိုးတွေနဲ့  အတူ...ဒဏ္ဍာရီဇတ် လမ်းတွေ...အများကြီးရှိတဲ့..အထဲက...မင်းကြီးတောင်ခြေတ၀ိုက်က..ဘေဒါရီ..ရေခပ်ဆင်းခဲ့ တယ်ဆိုတဲ့ ...မြေလမ်း သွယ်သွယ်ကလေး..ကလည်း..မြက်ရိုင်းပင်လေးတွေ...တောပန်းလေးတွေ ကပိုကရို နဲ့ .....လွမ်းမောစရာ..။

ဆောင်းဦးပေါက်ရဲ့  ဧရာဝတီဟာ..ငွေရောင်သင်ဖြူးတချပ် ခင်းထားသလို...ငြိမ်ငြိမ်..သက်သက်..။နံနက် ခင်းရဲ့ ...နှင်းမှုံတွေ.ဟာ..ဧရာဝတီ ရဲ့ ..ရေငွေ့ တွေ နဲ့ ..ရောယှက်မှိုင်းရီ လို့ ..။တဖက်ကမ်းက..တဲစုစု လေး တွေ..ဆီက..ထွက်လာနေတဲ့ ..မီးခိုးငွေ့  တလူလူ ကလည်း...ဆောင်းနှင်းဒဏ်ကို...အံတု နေသလိုလို...။ ထက်အောက်...စုန်ဆန်နေတဲ့ ...မော်တော်သမ္ဘန်တွေ ကလည်း...တိုင်းပြည်ရဲ့  စီးပွါး ကုန်သွယ်ရေးမှာ..ဧရာဝတီရဲ့ အရေးပါပုံ..ကို ဖော်ကျူးနေလေ ရဲ့ ...။

မိုးကာလရဲ့  ဧရာဝတီမှာ....မကြာ..မကြာ..အညာဖက်က..စုန်ဆင်း လာတဲ့ ...၀ါးဖောင်ကြီးတွေ ကလည်း...ဧရာဝတီဟာ...မြန်မာပြည် ရဲ့ .ပင်မ.အသက်သွေးကြောကြီး တခုဆိုတာ...ပြောပြနေသလို..။မိုးရာသီရောက်တိုင်း.....မြင့်မောက်..ခုံးတက်လာမြဲ...ဧရာဝတီ ရဲ့  မျက်နှာပြင် ဟာ..အဆောင်ဝင်းထရံ တွေ အနားအထိ ရောက်လာတတ်တော့...ဧရာဝတီကို မှီတင်းနေကြရတဲ့ ..မော်တော်သမ္ဘန်တွေပေါ်က...ဈေးသည်လေးတွေ ရဲ့ ..ညံစာစာ...ဈေးခေါ်သံ လေးတွေဟာ...အဆောင်ရဲ့  အောက်ဖက်ကလေးက..ကို....ကပ်ထွက်လာသလိုလို...ခံစား မိတတ်ကြတယ်..။ 

အခါ ကောင်းကို..စောင့် နေတဲ့ ..ကိုခင်ဝမ်း တို့ မြို့ ရဲ့ ..အကိုကာလသားတွေ ကလည်း...အဆောင်ဝင်းထရံနားကပ် လာတဲ့ ..ဧရာဝတီ...အားကိုးနဲ့ ..အဆောင်နောက်ဖက် ကို..တကူးတက..ရေကူးလာကြပြီး..လူပျိုလှည့် ကြတတ်မြဲ...။ အဆောင်ရှေ့ ကနေ..ခြေအေး ၀မ်းယောင် ..လျှောက်ပြန်သံပေး..ကြရယုံနဲ့...မကျေနပ်ကြသေးတာ...ခုနေတွေးကြည့် တော့ ...ရီမော..ပျော်ရွှင်စရာ..လွမ်းစရာ..။

ဂိမန်နွေကိုရောက်ရင်တော့....ဧရာဝတီရဲ့ ..မြစ်ရေပြင်ဟာ...နှစ်စဉ်..ပုံမှန် နိမ့် ဆင်း နေကျမို့ ....သောင်ခုံ ဖွေးဖွေးကြီး တွေ...ပေါ်လာပြီ...။မြစ်လည်က သောင်ခုန်ကြီးတွေ ဟာ...မြေနုကျွန်းခုံကြီးတွေမို့...ယာသမား..ကိုင်းသမားတွေအတွက်.....အဖိုးမဖြတ်နိုင်တဲ့...ရတနာတွေဖြစ်ပြန်ရော...။မြစ်ကမ်းနံဘေးက..သောင်ခုန်ကြီးတွေမှာတော့...မြို့ ထဲက...ပွဲရုံတွေက...တဲတန်းကြီးတွေ..ထိုးပြီး...အညာအကြေ..ကုန်စည်တွေ ဖလှယ်ကြပုံများ..ပွဲတော်တမျှ ..စည်ကားလှသေးတော့တယ်...။မြို့ သူ မြို့သားတွေ ကလည်း...မြစ်ဆိပ်မှာ..ရေဆင်းချိုးကြ..နဲ့..ဧရာဝတီဟာ...တမျိုးလှနေပြန်ပါရော..။အဆောင်သူလေးတွေကလည်း...အဆောင်ပေါ်ကနေ...ကမ်းနားလမ်းကနေ..ဧရာဝတီရဲ့..အလှကိုရှုစားရတာ..အားမရလို့...အဆောင်နံဘေး..ခရစ်ယန်ကျောင်းဝင်း နံဘေးက...လမ်းကလေး အတိုင်း..သောင်ခုံဆီကို...ခြေညောင်းလက်ဆန်.့...လေညင်းခံထွက်ကြတတ်မြဲ..။
ကြာခဲ့ပြီလေ....လွမ်းစရာ့ ...ဧရာဝတီ..။

++++++



ခုတော့...ဧရာဝတီဟာ..နွေမရောက်ဘဲနဲ့ ...သောင်ခုံကြီးတွေ အမြဲလိုလို ပေါ် နေတတ်ပြီ..။ မင်းကြီးတောင်ခြေကနေပြီး.. ..ကပ်ဆောက်ထားတဲ့ ...ဧရာဝတီမြစ်ကူး..န၀ဒေးတံတားကြီးက...
ခန့် ညားလှပပေ မယ့် ..တံတားတိုင်ကြီးတွေ က...ဧရာဝတီရဲ့  မျက်နှာ ပြင်အလှကို ဖျက်ဆီးနေသလို..ဧရာဝတီရဲ့ ညင်သာတဲ့  ခြေလှမ်း တွေကို လည်း..ရှိုးတိုးရှ န့် တန့် ..တွေ..ဖြစ်စေလို့..။အထက်အောက် ကုန်စည် ဖလှယ်မှု တွေတင်မက အနောက်ခြမ်း ရခိုင်ရိုးမ ထိပါ..ကုန်သွယ် စီးဆင်း ပြေပြစ် စေတယ် ဆိုပေမယ့်...အပေးအယူသဘောအရ..ဧရာဝတီ ရဲ့ ..အလှတွေကို မှေးမှိန် စေ လာပြီ..။ နောက်ပြီး..
ဧရာဝတီ မြစ်ရိုး တလျှောက်..မှိုလိုပေါက်နေတဲ့ ..တံတား အစင်းစင်း ကလည်း...ဧရာဝတီ ရဲ့ ခြေသံကို..နရီ စည်းချက် ပျက်စေ လှတယ်..။  ဧရာဝတီ ကို..မြစ်ကူးတံတားကြီး တွေအစင်းစင်း နဲ့  ...တံကျင်သျှို ထားသလို.....ဟိုး...ဧရာဝတီရဲ့ ဦးကင်းကို....ဧရာဝတီရဲ့...အသဲနှလုံးကို...သိမ်းပိုက်လိုသူတွေကလည်း......ဧရာဝတီကို...မြစ်ဆုံမှာ....တောင်စွယ်နေကွယ်ရင်.သုတ်သင်တော့မယ်..့..အတိတ်နိမိတ်ဆိုးတွေကလည်း...တနေ့ထက်တနေ..့..ထင်ရှားလာပြီ..။


မပြီးသေးသော....`ဧရာဝတီခြေသံ´....ပန်းချီကားလေးကိုမှ...ဆက်ဆွဲခွင့်မှ...ရပါတော့မလား..။
သားစဉ်မြေးဆက်.....အတွက်..`တခါက ဧရာဝတီ.´.ကို..ဒဏ္ဍာရီ ထဲ ထဲ့ပြီးလက်ဆင့် ကမ်းရတော့ မှာလား..။

ခုတော့..ဧရာဝတီ ရဲ့ ....ခြေသံအစား..ဧရာဝတီ ရဲ့..ငိုရှိုက်သံတွေကိုဘဲ..ကြားနေရပြီ..။
မဘေဒါ ရေခပ်လမ်းကလေး မှာ တောမြက်ရိုင်းတွေ..တောပန်းလေးတွေ အစား.. 
တ၀ီတခေါ်သောင်ခုံကျယ်ကြီးက..အစားထိုးလာ လို.့..။စီးပွါးရေး...အကွက်မြင်သူ.....သရေခေတ္တရာသားစစ်စစ်ဟုတ်ဟန်မတူသူ...ခေတ်ပျက်သူဌေးတွေကတော့..`ပြည်ချောင်းသာ´´ပင်လယ်ကမ်းစပ်....အပန်းဖြေ စခန်း အတုတွေ..ကာရာအိုကေ ဆိုင်တွေ..ဘီယာ ဘားတွေ.. အစီအရီ ဖွင့် လို့ ...။

မဘေဒါ တယောက် ..ရေခပ်လမ်းပျောက် လို့ ...ကာရာအိုကေဘဲ..၀င်ဆိုရတော့  မယ် ထင်ပါရဲ့ ...။ ။

No comments:

Post a Comment