Saturday, April 9, 2016

နေကိုဆွဲဖွင့်မဲ့လက်တွေ.

နေ့လည်ဆိုတာသေချာပေမဲ့
နေမပွင့်သေး.။
ငြိမ်ကုပ်အလစ်ချောင်းနေတဲ့
တိမ်တအုပ်က ညို့ ချင်ချင်..။
နေကို ဆွဲဖွင့်ဆဲမို့
နေကို ဆွဲဖွင့်ဖို့ရာ
တို့တွေ တည်ငြိမ်ရမယ်..။
တက်မထောင်နဲ့
မကခုန်နဲ့
သွေးမဆူနဲ့..။
နေပွင့်ရင် အလှပဆုံးအပြုံးတွေ ပြုံးနိုင်ဖို့
နေကိုဆွဲဖွင့်မဲ့လက်တွေ..သန်မာနေပါစေ..။

No comments:

Post a Comment