Sunday, March 20, 2011

သံကြိုးလေးနဲ့ ခွေးပုလေးလို

ဟင်.....မတ်လ (၂၁) ရက် နေ့ က....ကမ္ဘာ ကဗျာ နေ့...ဟုတ်လား..။သိပါဘူး ကွယ်...ကိုယ့် အတွက် ကတော့...နေ့တိုင်း ကဗျာ နေ့ချည်း မို့...ထူးမကျင်း ပတော့ ပါဘူး..။နေ့ တိုင်း ကဗျာ တွေဖတ်တယ်...။အမြဲတမ်း လို လို..ကဗျာ တပုဒ် ကို ရွတ် ဆို နေမိ တတ် တယ်...။ဒါ ပေမယ့်

..တိုက် တိုက် ဆိုင် ဆိုင်..ဒီနေ့.....သွားဖတ်မိ့ တဲ ကဗျာ တပုဒ် ...ရင်ကို လာ လို့ လှုပ်

၂၀၁၁ မတ် လထုတ် ရနံ့ သစ် မဂ္ဂဇင်း ထဲ မှာ... မောင် သင်း ခိုင်ရဲ ကဗျာတပုဒ်... ကဗျာ နံ မယ် က...


``သံ ကြိုး လေး နဲ ခွေး ပု လေး လို´´....တဲ့။


နပို လီယံ တဲ

သမိုင်း စာ မျက် နှာထဲ မှာ

ထမင်း သိုး ဟင်း သိုး ဖြစ်စေ..ဖြစ်နေ

နပို လီယံ ဟာ နပို လီယံ အဖြစ် ရှိနေ တုန်း ပါပဲ


မြေခနေ တဲ့ ပြင်သစ် သရဖူ ကို

ငါ့ ဓါးနဲ ကောက် ယူ မယ်လို

ပို လီ ယံ ကြုံးဝါးခဲ့ တယ်

သူပြောတဲ အတိုင်း လွှတ်ဟုတ်

သူ့ ဓါး အိမ်ထဲ မှာ သရဖူ ရောက် လာတယ်


`` ကြည့် စမ်း ပါ ဦးဗျာ

သူ့ ကိုယ်သူ နပို လီယံ ဆိုပြီး

နပို လီ ယံ ရူး ရူး နေတဲ့ ကောင်

ဘယ် ဟုတ် မှာလဲ

နပို လီယံ အစစ်က ကျုပ် ဗျ´´


စိတ္တ ဆေး ရုံ က အရူးတွေကလည်း

နပို လီယံ တယ် ဖြစ်ချင် နေကြသကိုး။


မြန်မာ နိုင် ငံသား ဦးသန့် ကို ကုလသမဂ္ဂ မှာ

အတွင်း ရေး မှူး ခန့် လိုက်တော့

ပြင်သစ် နိုင် ငံ က ကန့် ကွက် တယ်

ဘာ ကြောင့် ကန့်ကွက် ရသလဲ ဆိုတော့

ဦး သန့် က ပြင်သစ် စာ မတတ်လို့ ဆိုပဲ

ကျွန် တော် ပြင်သစ်စာ မတတ်သလို နပို လီယံ လည်း

ကျွန်တော့် လို အင်္ဂလိပ်စာ မတတ်ပါဘူး

နပိုလီယံ အရပ်အမောင်းက ပေမမီ ဒေါက်မမီ

ပေ ၂လက္မ တောင် မရှိ ပါဘူး

ကျွန် တော်က နပိုလီယံ ထက် အရပ် ပို ရှည်တယ်

အဲ့သလို ဦးသန့် က နှုတ်လှန်ထိုးလိုက်တော့ ကမ္ဘာ ကပြုံးတယ်


ကဗျာ ဆရာ တွေ ကလည်း

နပို လီယံဆို အတော့ကို အော့ နှလုံးနာကြတယ်

ကြည့် ဦးလေ

`` မာယာ ကော့ ဖ်စကီး ´´ကလည်း

သူ့ ရဲ ဘောင်းဘီဝတ်မိုးတိမ် ထဲမှာ

ဟော သလို ရေးထား တယ် လေ

ခင် ဗျားတို့လည်း ဖတ်ဖူးကြ မှာ ပါ


`` ရှေ့ မှာတော့

သံ ကြိုး လေးနဲ့ ခွေး ပု လေးလို နပိုလီယံကို

ခေါ်သွားလို့ ။´´

ပြင်သစ် အားလုံး သူခိုး မဟုတ်

သို သော် နပို လီယံကတော့ ဟုတ်တယ် အဲ့ ဒါ

အီတလီ စကားပုံ ပါ ကျွန်တော် ကြားဖူးတာကို

ဖောက်သည် ချ လိုက် တာပါ


တကယ်လို့ ကျွန်တော်သာ ပြင်သစ် တယောက်ဖြစ် ခဲ့ ရင်

အီ ဖယ် မျှော်စင်ထိပ်ပေါ် မှာ ရပ်ပြီး

အီတလီ အား လုံးသူခိုး မဟုတ်

သို သော် ``မူဆိုလိုနီ´´ ကတော့ ဟုတ်တယ်ဟေ့ လို့

အော် ပြီး သံ ကုန်ဟစ် ပြီး ပြောပစ် မှာ အသေ အချာ ပေါ့။


ကဗျာ က ဒီ မှာပြီးပြီ

ကျ မလဲ...ဆက် အော် လိုက်ဦးမယ်...



စစ် အာ ဏာရှင် အား လုံး ..သူခိုး
ဟုတ်တယ်
``ရှေ့ မှာတော့ သံကြိုးလေးနဲ့  ခွေးပု လေးလို
စစ်အာဏာ ရှင် တွေကို တကောင်ပြီး တကောင်
ဆွဲ ခေါ် သွား လို့ ´´

Thursday, March 17, 2011

ကမ္ဘာမြေအတွက် ချစ်ခြင်းတေး


ချစ် သောကမ္ဘာ မြေ

ဒဏ်ရာတွေ အထပ် ထပ် နဲ့

ရှင့်.. ရင် ဘတ် ပေါ် မှာ

နားခို ခွင့် ခဲ့တာ .

ကျေး ဇူးပါ...


တကယ်တော့....

ကျမ ဆိုတာ...မြေကမ္ဘာ အတွက်

မိုးရေစက်ကလေး တစက် မျှသာ..


ဒါပေမယ့်

မွေးဖွား ခြင်း နဲ သေဆုံး ခြင်း ကြား မှာ

မျက်လွှာ တချစာလေး.... ဆုံ စည်း ခိုက်

ကျ ...ပန်း တခင်း စိုက် ခဲ့ မယ်...


ငြိမ်း ချမ်း ခြင်း

စာနာခြင်း

နွေးထွေးခြင်း

ချစ် ခြင်း မေတ္တာ

နံ ထုံ သင်း ဖြာလို

အဲဒီ..ပန်းခင်း ထဲ မှာ ....ရှိ လိမ် မယ်..


ချစ် သောကမ္ဘာ မြေ အတွက်

ကျ ရဲ လက် ဆောင်

ပန်း တွေ ဝေ အောင် ထား ခဲ့ မယ်...


ချစ် သော ကမ္ဘာ မြေ

စမ်းနဲ အေးပါစေ

ပန်း နဲ မွှေးပါစေ

နေရောင်ခြည် နဲ ... နွေးပါစေ

ငှက် ကလေး တွေ နဲ့ အပြိုင်

ချို တေး လှိုင် လှိုင် .....ကြူနိုင် ပါစေ

ဘေးဘယာ...ဝေးကွာ

သက္က ရာဇ် များ စွာ.....ခိုင် မာ ပါ စေ..

Friday, March 11, 2011

ငှက် ကလေး တွေ..တေးဆို ချိန်


မျက်ရည် တွေ က.ို... သုတ်လိုက်ကွယ်
မျက်ရည် တွေ ကို...သုတ်လိုက်မယ်..။

ဒီ နေ့  ရဲ့ 
.နာ ကျင် ကြေကွဲ မှု တွေကို
ကဗျာ တေး တွေ အဖြစ်
ထု ဆစ် ကြမယ်..။

နှ လုံး သွေးစက် တွေ ကို
သမိုင်း ကျောက် ထက် တင်ခဲ့  မယ်...။

ရှင် သန် နေသမျှ.....နက်ဖန် တိုင်း မှာ
ဝင်း ပတဲ့ အနာ ဂတ် တွေ ရှိတယ်..
အနာ ဂတ် ..မမဲ့  ပါဘူး ကွယ်..။

တို့ လက်သီး ဆုပ် တွေ ကို...မဖြေ နဲ့
အဲ့  ဒီ အထဲ မှာ
တို့..အနာ ဂတ် တွေ သေသေချာချာ ရှိတယ်..။

ကေသာ မှာ ငွေ ဇာ လွှမ်းပစေ
ဆည်းဆာ ပျို့  ညနေခင်း တွေ ဖြစ်ပစေ
နှလုံးသား ဆိုတာ
အရာ ရာ ကို
မြင်နိုင် ကြား နိုင် ခံစား နိုင် တယ်..။

အဲဒီ အချိန် မှာ
ငှက် ကလေး တွေ တေး ဆို နေ လိမ့် မယ်..။

မျက် ရည် တွေ ကို...သုတ် လိုက် မယ်..။
မျက်ရည် တွေ ကို...သုတ် လိုက် ကွယ်...။ ။

Thursday, March 3, 2011

အဲဒီညက.. ဖေဖေ ငို ခဲ့ တယ်

ဖေ ဖေဟာ..
မိသားစု ရှေ့ မှာ မားမား မတ်
စိတ် ဓါတ် ခိုင် မာ
ဖေဖေငိုတာ...တခါ မှ မတွေ့ ဖူးခဲ့ ..။

ဖုန်ထူ ထူ တော မြို့ ကလေးရဲ့ 
မီးပျက် နေတဲ့  အိမ် အို လေးထဲ မှာ
ရေ ဒီယို နားထောင်ရင်း
အဲဒီည က...ဖေ ဖေ ငို တယ်...။

ကွာ...ငါ့ ရဲဘော်ကြီး အတွက်
ဒီ တညတော့...ငါ့ မျက်ရည်တွေ...ကျ ပါရစေ တဲ့ ..။

ဖေဖေ ငို တယ်..
ဖေဖေ ငို ခဲ့ တယ်
ရှိုက်ကြီးတငင်...နာ နာ ကျင်ကျင် နဲ့
အဲဒီညက..
ဖေဖေ ငို ခဲ့ တယ်...။

အဲဒီညက
အမှောင် ကျနေတဲ့ တိုင်းပြည်ရဲ့ 
ငရဲခန်း စုတ်စုတ် ပဲ့ ပဲ့  ထဲ မှာ
သူ့ ရဲ ဘော်..ကြယ်တပွင့်
သံခြေကျင်း တန်းလန်းနဲ့ ...ကြွေ လွင့် ခဲ့  ။ ။

(နိုင်ငံရေး အကျဉ်းသမားဘ၀ နဲ့ အကျဉ်းထောင်တွင်း ကျဆုံး ခဲ့ ရတဲ့...ဦးလေးဦးညိုဝင်း..အတွက်...)