Tuesday, February 14, 2012
ဒီလှိုင်း
ဒီလှိုင်းဟာ
လ ..ကို ဗဟိုပြု
ဒီရေ တွေကို စုရုံး
လှိုင်းလုံးအသွင် ခုံးကြွ
အတက်အကျ နရီ မှန်မှန် နဲ့ 
ကမ်းခြေဆီ
ချီခဲ့ တယ်...။
ဒီလှိုင်းဟာ
ကမ်းခြေရဲ့  ရိုင်းခဲ့ ရတဲ့ 
အညစ်အထေး တွေကို သန့် စင်
ပင်လယ်ပြင် ရဲ့  ကြွယ်ဝမှုတွေနဲ့ 
ကမ်းခြေ ကို ကုံလုံစေ့ မယ်.....။
ဒါပေမယ့် ...ဒီလှိုင်းဟာ
.အထိန်းအကွပ် မပါရင်
တခါ တခါ.
.ဆူနာမီ လို လဲ စိတ်ရိုင်း ၀င်တတ်တယ်..။
ဒီတော့ 
ဒီလှိုင်း နဲ့  ကမ်းခြေ
သဟ ဇာတ မျှတဖို့ 
ဒီရေတော တွေ ရှိရမယ်..။ ။
(နီဇူလိုင်)
ငပုတ်ဖမ်း တဲ့  ည
ဒီညဟာ
လပြည့်  ညဖြစ်ပေမယ့် 
ငပုတ်ဖမ်းခံ နေရတဲ့ ...ည။
ငပုတ်ကလည်း
မာယာ တွေ အမျိုး မျိုးပြလို့ 
မှောင်...။
လ...ကလည်း
အားကုန်သုံးလို့ 
ရုန်း...။
ကြယ် တွေကတော့
မာယာ တောက
လ..အတွက်
ရတက်မအေး
ဓါးကို ပဲ ကြိတ်သွေးနေရတယ်..။
အန်လိုက်
ထွေးလိုက်
လင်းလိုက်
မှောင်လိုက်
အခိုက်အတန့် ကလေးတခုမှာ
မှောင်အတိကျ သွားရှာသေးတယ်..။
ဘာပဲ ဖြစ်ဖြစ်
လ..ဆိုတာ
ငပုတ်ရဲ့ မာယာ ကို
ကြာကြာ ခံရရိုးလား
အန်ကျ တဲ့  အချိန်မှာ
ဆေးပေါင်းခ ပါဦးမယ်..။ ။
လပြည့်  ညဖြစ်ပေမယ့် 
ငပုတ်ဖမ်းခံ နေရတဲ့ ...ည။
ငပုတ်ကလည်း
မာယာ တွေ အမျိုး မျိုးပြလို့ 
မှောင်...။
လ...ကလည်း
အားကုန်သုံးလို့ 
ရုန်း...။
ကြယ် တွေကတော့
မာယာ တောက
လ..အတွက်
ရတက်မအေး
ဓါးကို ပဲ ကြိတ်သွေးနေရတယ်..။
အန်လိုက်
ထွေးလိုက်
လင်းလိုက်
မှောင်လိုက်
အခိုက်အတန့် ကလေးတခုမှာ
မှောင်အတိကျ သွားရှာသေးတယ်..။
ဘာပဲ ဖြစ်ဖြစ်
လ..ဆိုတာ
ငပုတ်ရဲ့ မာယာ ကို
ကြာကြာ ခံရရိုးလား
အန်ကျ တဲ့  အချိန်မှာ
ဆေးပေါင်းခ ပါဦးမယ်..။ ။
နင်းရဲ ရင် နင်း
ကျမ နှင်းဆီခင်းကိုမှ
ချနင်းခြေချင်တယ်..တဲ့ 
ဆူးတွေ နဲ့  ..ရှင်
ချနင်းခြေချင်တယ်..တဲ့ 
ဆူးတွေ နဲ့  ..ရှင်
Saturday, October 8, 2011
ကမ္မ၀ါတေး.. သံပြိုင်
၁၉၃၀ ခုနှစ် ဇူလိုင်လ ပထမပတ် ရ့ဲ နေ့တနေ့ မှာ..။ တို့ ဗမာအစည်းအရုံး စတင်တည်ထောင် ခဲ့ သူတဦး ဖြစ်တဲ့  မီးတုတ် သခင်သိန်းမောင်ကြီး တယောက် ဘိလပ်ကို ပညာတော်သင်သွားမှာ မို့ မိတ်ဆွေ
အပေါင်းအသင်း တွေက နှုတ်ဆက်ပွဲ ကလေးတခုလုပ်ခဲ့ပါတယ်..။
အပေါင်းအသင်း တွေက နှုတ်ဆက်ပွဲ ကလေးတခုလုပ်ခဲ့ပါတယ်..။
ဒီပွဲကလေးမှာ သခင်ဘသောင်းဦးဆောင်တဲ့  သခင် လူငယ်ခေါင်းဆောင်တွေ..လူငယ်များကြီးပွါးရေး အသင်း ရဲ့ အတွင်းရေးမှူး ကိုသိန်း ... ဦးဆောင်တဲ့ လူငယ် ကြီးပွါးရေး အသင်းသားတွေ တက်ရောက်ခဲ့ ကြတယ်..။ ဒီးဒုတ် ဦးဘချို က သူ့ စောင်းကောက်ကလေး ကို ကိုယ်တိုင်တီးရင်း ဗမာသီချင်းကြီးတွေ ဆိုပြီး ဧည့်ခံတယ်..။ သခင်ဘသောင်း ကတော့ မြန်မာဆိုင်းဝိုင်း ကြီး တ၀ိုင်း ကိုသယ် လာပြီး..၁၉၃၀
မေ လအတွင်းမှာ သူတို့ သခင်လူငယ်ခေါင်းဆောင်တွေ နဲ့ မန္တလေးက ၀ိုင်အမ်ဘီ ဆရာတင် တို့  အထပ်ထပ်အပြန်ပြန် ရေးစပ်ပြီး..မှော်သွင်းထားတဲ့  သီချင်းကြီးတပုဒ် ကို ပထမဦးဆုံး ..စတင် သီဆိုပြ ခဲ့  ကြပါတယ်...။ အဲဒီ သီချင်းကတော့ မြန်မာ့ လွတ်လပ်ရေး သမိုင်းမှာ ကြီးကျယ်မြင့် မြတ်စွာ ရာဇ၀င် ထွန်း
ပြောင်ခဲ့ တဲ့  `တို့ ဗမာ ´ သီချင်း ကြီး ပါဘဲ..။
မေ လအတွင်းမှာ သူတို့ သခင်လူငယ်ခေါင်းဆောင်တွေ နဲ့ မန္တလေးက ၀ိုင်အမ်ဘီ ဆရာတင် တို့  အထပ်ထပ်အပြန်ပြန် ရေးစပ်ပြီး..မှော်သွင်းထားတဲ့  သီချင်းကြီးတပုဒ် ကို ပထမဦးဆုံး ..စတင် သီဆိုပြ ခဲ့  ကြပါတယ်...။ အဲဒီ သီချင်းကတော့ မြန်မာ့ လွတ်လပ်ရေး သမိုင်းမှာ ကြီးကျယ်မြင့် မြတ်စွာ ရာဇ၀င် ထွန်း
ပြောင်ခဲ့ တဲ့  `တို့ ဗမာ ´ သီချင်း ကြီး ပါဘဲ..။
တို့ ဗမာ သီချင်းကြီး ရဲ့  ပထမအပိုဒ်မှာမြန်မာလူမျိုးတွေ ရဲ့  သမိုင်းကြောင်းကို အစချီ ဖော်ပြထားတယ်..။ ဒုတိယ ပိုဒ်မှာတော့ သူတပါး ကျွန် ဘ၀ ရောက်နေရ တဲ့ လက်ရှိ ဗမာလူမျိုးတွေ ရဲ့ အခြေအနေ.ကို ဖော်ကျူးထားတယ်...။ တတိယ အပိုဒ်မှာတော့..တို့ ဗမာ ခေတ်သစ်ထူထောင်ရန် အတွက် တို့ ဗမာတွေ ခံယူရမယ့် ကျင့် စဉ် တွေကို ..သီကုံး စပ်ဆို ထားတယ်..။ နောက်ဆုံး အပိုဒ် တွေကတော့ ကြားရသူ အပေါင်းကို ကြက်သီးမွေးညင်းထလောက် အောင် ဇာတိသွေးကို နှိုးဆွ ထားတဲ့  စကားလုံးတွေ နဲ့ တိုင်းတပါး ကျွန် သဘောက် ဘ၀ ကနေ အလွတ် ရုန်းထွက် ချင် စေမယ့် သခင် စိတ်ဓါတ် တွေကို ပေါ်ပေါက်လာစေ အောင် ရေးသီ ထားခဲ့ တယ်..။ သခင်ခေါင်းဆောင်လူငယ်တွေဟာ..ကြောက်စိတ်
ဝင်နေသူတွေ ကို ကြောက်စိတ် ပျောက်ပြီး မျိုးချစ်စိတ် ၀င်လာအောင်..ကျွန်စိတ် ၀င် နေသူ တွေကို သခင် စိတ် ၀င်လာ အောင်..သီချင်း စာသား တွေ ကို အားမာန် ပါတဲ့ စကားလုံး တွေ ရွေးချယ်ပြီး...အထပ်ထပ် အပြန်ပြန် စုပေါင်း ဖွဲ့ သီ အရောင်တင် ကြရင်း..သာမန် သီချင်း တပုဒ်ထက် ပိုပြီး တောက်ပြောင် ခမ်းနား လွန်းတဲ့  တမျိုးသားလုံး အတွက်.. အမျိုးသားသီချင်း တပုဒ် ကို မွေးဖွား စေခဲ့ တယ်..။
အဲဒီ နောက်မှာတော့ ဒီ အမျိုးသား သီချင်းကြီး ကို လူထု ထဲကို ပျံ့ နှံ့  ရောက်ရှိ စေဖို့ ..၁၉၃၀ ဇူလိုင်လ ၁၉ ရက် စနေနေ့ ညမှာ.. ရန်ကုန် တက္ကသိုလ် သထုံ ဆောင် ရဲ့  သဟာယ နဲ့ စာဖတ် အသင်း ခန်းမမှာ
ဒုတိယ အကြိမ် သီဆို ပြ တဲ့  အခါ.. ကျောင်းသားထု တရပ်လုံး သောင်းသောင်း ဖြဖြ ခန်းလုံးပြည့့် အားပေး ခဲ့ ကြတယ်..။ အဲဒီ ကနေ တဆင့်  နောက်တနေ့  ဇူလိုင်၂၀ရက် နေ့ ညနေ (၅)နာရီတိတိ မှာ..ရွှေတိဂုံဘုရား..အနောက် ရာဟုထောင့်  က ဦးစံထွန်း တန်ဆောင်းကြီး မှာ လူထု ပရိသတ်ကို အခမ်းအနား နဲ့ သီဆို ပြ ဖို့ စီစဉ်ခဲ့ ကြတယ်..။ ကိုယ်ပိုင် တူရိယာ နဲ့ ငွေကြေး မရှိ တဲ့  သခင်လူငယ်အဖွဲ့ ကို မျိုးချစ်စိတ် ရှိတဲ့  ပြည်သူ တွေက ၀ိုင်းဝန်း ကူညီ ကြ လို့  အဲဒီနေ့ က အခမ်းအနား မှာ တို့ ဗမာသီချင်းကြီး ကို ပြည်သူ လူထု ရဲ့  ရင်ခွင် ထဲကို နက်နက် ရှိုင်းရှိုင်း ရောက်ရှိ သွားစေခဲ့ တယ်..။
ဒုတိယ အကြိမ် သီဆို ပြ တဲ့  အခါ.. ကျောင်းသားထု တရပ်လုံး သောင်းသောင်း ဖြဖြ ခန်းလုံးပြည့့် အားပေး ခဲ့ ကြတယ်..။ အဲဒီ ကနေ တဆင့်  နောက်တနေ့  ဇူလိုင်၂၀ရက် နေ့ ညနေ (၅)နာရီတိတိ မှာ..ရွှေတိဂုံဘုရား..အနောက် ရာဟုထောင့်  က ဦးစံထွန်း တန်ဆောင်းကြီး မှာ လူထု ပရိသတ်ကို အခမ်းအနား နဲ့ သီဆို ပြ ဖို့ စီစဉ်ခဲ့ ကြတယ်..။ ကိုယ်ပိုင် တူရိယာ နဲ့ ငွေကြေး မရှိ တဲ့  သခင်လူငယ်အဖွဲ့ ကို မျိုးချစ်စိတ် ရှိတဲ့  ပြည်သူ တွေက ၀ိုင်းဝန်း ကူညီ ကြ လို့  အဲဒီနေ့ က အခမ်းအနား မှာ တို့ ဗမာသီချင်းကြီး ကို ပြည်သူ လူထု ရဲ့  ရင်ခွင် ထဲကို နက်နက် ရှိုင်းရှိုင်း ရောက်ရှိ သွားစေခဲ့ တယ်..။
သခင်ဘသောင်းက သီချင်း ဆို မပြ ခင် မှာ တို့ ဗမာသီချင်းကြီး ကို သီဆိုတော့ မှာ ဖြစ်လို့  သီချင်း ရဲ့  အဓိပ္ပါယ် နဲ့  ရည်ရွယ်ချက် ကို လေးစားသော အားဖြင့် လူထု ပရိသတ် အနေနဲ့  မတ်တပ်ရပ် ပြီး နားထောင် ကြ ပါ ရန် ပန်ကြား လိုက်တယ်..။ ပရိသတ်ကြီး က လည်း တခဲတနက် မတ်တပ်ရပ် အနေအထားဖြင့်  စိတ်ဝင်တစားနားထောင် နေစဉ်မှာပဲ.. ၀ိုင်အမ်ဘီ သခင်တင် ရဲ့  ရှင်းလင်း ပြတ်သား အားမာန် ပါလှသော ဦးဆောင် သီဆိုသံ နဲ့ အတူ သံပြိုင် အပိုဒ် တွေမှာ... သခင်လူငယ် များ ရဲ့ 
ဇာတိသွေး ဇာတိမာန် အပြည့်  နဲ့  သံပြိုင် လိုက်သံ များ ကြောင့်..သီချင်းကြီး ဟာ မြိုင်ဆိုင် တက်ကြွ ပြီး..ဘ၀ဂ်သို့ တိုင် ခဲ့ တယ်..။ နားထောင် ရသူ အပေါင်း ကိုလည်း.. မီးခဲ ပြာဖုံး နေတဲ့ ..ဇာတိသွေး ဇာတိမာန် တွေ တဖွါးဖွါး ပေါ်ပေါက် လာ စေပြီး.. တို့ ဗမာ....တို့ ဗမာ လို့ သံပြိုင် ကြွေးကြော်ကြ..လက်သီး လက်မောင်း တန်းကြ.. ကြက်သီး တမြမြ ထကြ..ရင်း..သူ့ ကျွန်ဘ၀ က လွတ်မြောက် လိုစိတ်တွေကို နိုးကြား လာစေ ခဲ့ ပါတယ်..။
ဇာတိသွေး ဇာတိမာန် အပြည့်  နဲ့  သံပြိုင် လိုက်သံ များ ကြောင့်..သီချင်းကြီး ဟာ မြိုင်ဆိုင် တက်ကြွ ပြီး..ဘ၀ဂ်သို့ တိုင် ခဲ့ တယ်..။ နားထောင် ရသူ အပေါင်း ကိုလည်း.. မီးခဲ ပြာဖုံး နေတဲ့ ..ဇာတိသွေး ဇာတိမာန် တွေ တဖွါးဖွါး ပေါ်ပေါက် လာ စေပြီး.. တို့ ဗမာ....တို့ ဗမာ လို့ သံပြိုင် ကြွေးကြော်ကြ..လက်သီး လက်မောင်း တန်းကြ.. ကြက်သီး တမြမြ ထကြ..ရင်း..သူ့ ကျွန်ဘ၀ က လွတ်မြောက် လိုစိတ်တွေကို နိုးကြား လာစေ ခဲ့ ပါတယ်..။
နောက်နေ့ တွေ မှာတော့ သခင် လူငယ်တွေ ဟာ ဗမာတနိုင်ငံလုံး လှဲနေ လှေအောင်း မြင်းဇောင်း မကျန် နိုင်ငံလုံး အနှံ့  တို့ ဗမာသီချင်း ကို လိုက်လံ သီဆိုပြကြ တယ်..။ လူထု ကြား ထဲ ကို တို့ ဗမာ သီချင်းနဲ့ အတူ သခင်စိတ် တွေ စိမ့် ဝင်ပျံ့ နှံ့  စေခဲ့ တယ်..။ တို့ ဗမာ သီချင်း ရဲ အနုပညာစွမ်းပကား ....ရေးစပ်သူတွေ ရဲ့  ပြောင်မြောက်ရဲရင့်  တဲ့ သီချင်း စာသားတွေ ကြောင့်  တို့ ဗမာ သီချင်းကြီး ကို ကြားရသူ ဗမာ ပြည်သူ အပေါင်း ကို ဇာတိသွေး ဇာတိမာန် တက်ကြွ စေသလို .. တိုင်းတပါး က လာရောက် ကျူးကျော်သူ နယ်ချဲ့  အပေါင်း နဲ့  နယ်ချဲ့ အလိုတော်ရိ တွေ အဖို့ တော့ သရဲ သဘက်တွေ ကမ္မ၀ါစာ ကို ကြားရင် ကြောက်ရွံ့ ထိတ်လန့် ကြသလို ကြောက်စိတ် တွေ ၀င်လာ စေလို့ 
တို့ ဗမာသီချင်းကြီး ကို နယ်ချဲ့ မိစ္ဆာ နှင်တဲ့  ကမ္မ၀ါ လို့ တောင်..အဲဒီခေတ်က တင်စားခဲ့ ကြတယ်..။
တိုင်းပြည် လွတ်လပ်ရေး ရလို့  နိုင်ငံတော် သီချင်း အတွက် စဉ်းစားကြ တဲ့  အချိန် မှာတော့..အားလုံး
တညီတညွတ်ထဲ မူရင်းတို့ ဗမာ သီချင်းကြီးကိုဘဲ နိုင်ငံတော် သီချင်း အဖြစ် သတ်မှတ်ဖို့  အကြံပြု ခဲ့ ကြတယ်။ နောက်ဆုံး... ခေတ် နဲ့ လျော်ညီမယ့် စာသား အနဲငယ်ပြုပြင်ပြီး..မော်ကွန်း တင်ရမယ့် တို့ဗမာသီချင်းကြီး ဟာ လွတ်လပ်တဲ့ အချုပ်အခြာ အာဏာပိုင် တဲ့ ပြည်ထောင်စု မြန်မာနိုင်ငံ ရဲ့  နိုင်ငံတော်သီချင်း အဖြစ် တည်ရှိခဲ့ ပါတယ်..။
တညီတညွတ်ထဲ မူရင်းတို့ ဗမာ သီချင်းကြီးကိုဘဲ နိုင်ငံတော် သီချင်း အဖြစ် သတ်မှတ်ဖို့  အကြံပြု ခဲ့ ကြတယ်။ နောက်ဆုံး... ခေတ် နဲ့ လျော်ညီမယ့် စာသား အနဲငယ်ပြုပြင်ပြီး..မော်ကွန်း တင်ရမယ့် တို့ဗမာသီချင်းကြီး ဟာ လွတ်လပ်တဲ့ အချုပ်အခြာ အာဏာပိုင် တဲ့ ပြည်ထောင်စု မြန်မာနိုင်ငံ ရဲ့  နိုင်ငံတော်သီချင်း အဖြစ် တည်ရှိခဲ့ ပါတယ်..။
ဒီနေ့  ဒီအချိန်မှာ စီးပွါးရေး လူမှုရေး နဲ့ နယ်ချဲ့ လာတဲ့ ကိုလိုနီ လက်သစ် နိုင်ငံ တနိုင်ငံရဲ့  ခြေလှမ်းတွေ ကို တပြည်လုံး မျက်ခြေမပြတ် ညီညီညွတ်ညွတ် နဲ့  မီးမောင်း ထိုးပြကြ.. လှုံဆော်ကြ..တိုက်တွန်းကြ တောင်းဆိုကြလို့  အန္တရာယ်နဲ့ ရင်ဆိုင်နေရရှာတဲ့  အမိ ဧရာဝတီ ရဲ့  ထာဝရ ရှင်သန်ရေးတိုက်ပွဲ တွေဟာ အရှိန်ရ လာကြ ပါတယ်..။ ပြည်တင်းရင် မင်းမခံနိုင် ´ ဆိုသလိုဘဲ ပြည်သူလူထုရဲ့  အသံကို နားထောင်လိုက် ရတဲ့  သမ္မတ ရဲ့  ဧရာဝတီ မြစ်ဆုံဆည် တည်ဆောက်ရေး ကို ရပ်တန့် လိုက်တဲ့  ထုတ်ပြန်ချက်ကို မြန်မာ ပြည်သူတွေ အားလုံး ၀မ်းပန်းတသာ ကြို ဆိုကြပါတယ်..။
အဲဒီနေ့ က သတင်းစာဆရာကြီး လူထုဦးစိန်ဝင်း ကဆိုရင်.. ``အခုအချိန်မှာ ပြည်သူလူထု တရပ်လုံး က ကမ္ဘာမကြေ မြန်မာပြေ...တို့ ဘိုးဘွားအမွေ အနှစ်မို့  ချစ်မြတ်နိုး ပေ ..စတဲ့  နိုင်ငံတော် သီချင်း ကို
တနိုင်ငံလုံး အုံးအုံး ကြွက်ကြွက် ကြွေးကြော် သီဆို ကြပြီး.. ဧရာဝတီ မြစ်ကြီး နဲ့ တကွ..အမိနိုင်ငံတော် ကြီး ကို ကိုလိုနီ လက်ဟောင်း လက်သစ် မှန်သမျှ ရဲ့  အန္တရာယ်က တွန်းလှန်ကြပါ လို့  တိုက်တွန်း နှိုးဆော် လိုက်ချင်ပါတယ် ..လို့  weekly eleven ဂျာနယ်ကနေ ပြည်သူကို တပ်လှန့် ခဲ့ ပါတယ်..။
တနိုင်ငံလုံး အုံးအုံး ကြွက်ကြွက် ကြွေးကြော် သီဆို ကြပြီး.. ဧရာဝတီ မြစ်ကြီး နဲ့ တကွ..အမိနိုင်ငံတော် ကြီး ကို ကိုလိုနီ လက်ဟောင်း လက်သစ် မှန်သမျှ ရဲ့  အန္တရာယ်က တွန်းလှန်ကြပါ လို့  တိုက်တွန်း နှိုးဆော် လိုက်ချင်ပါတယ် ..လို့  weekly eleven ဂျာနယ်ကနေ ပြည်သူကို တပ်လှန့် ခဲ့ ပါတယ်..။
ဆရာကြီးရဲ့ တပ်လှန့်သံကို သိပ် သဘောကျ ပါတယ်..။ တတိုင်းပြည်လုံး အမျိုးသားရေး အတွက် အမျိုးသားတေး ကို အကျယ်လောင်ဆုံး သီကြွေး ရမယ့်  အချိန် ပါ..။ အခမ်းအနားတွေမှာ ဖြစ်ဖြစ်..တရား ၀င် စုဝေးခွင့် ယူပြီး လူစုလူဝေးနဲ့ ဖြစ်ဖြစ် နိုင်ငံတော်သီချင်း..အမျိုးသားတေး ကို နိုးကြားနေတဲ့ ဇာတိသွေး တွေ နဲ့  ဆိုကြ ရအောင်ပါ..။ ဒါမှ တိုင်းပြည်ရဲ့ သယံဇာတတွေကို သဘာဝ အရင်းအမြစ် တွေ ကို မတော်လောဘနဲ့  တိုင်းပြည်ကြီးသားစိတ် မရှိတဲ့ အချောင် နှိုက် လို နေသူတွေ ခြေလှမ်းတုံ့ သွားစေဖို့ အတွက် မိစ္ဆာ နှင် တဲ့  `တို့ ဗမာ´´ကမ္မ၀ါ တေး ကြီး ဆိုခဲ့ သလို ..ကမ္ဘာမကြေ အစချီတဲ့ 
နိုင်ငံတော် သီချင်းကို သံပြိုင် ညီညီ ဆိုကြ ရအောင်ပါ..။
နိုင်ငံတော် သီချင်းကို သံပြိုင် ညီညီ ဆိုကြ ရအောင်ပါ..။
`` တို့ ..ဘိုးဘွား ..အမွေစစ် မို့  ချစ်မြတ်နိုး ပေ..ဆိုတဲ့ စာသားတွေကို့ စကြာဝဠာ တိုက်တသောင်းက ကြားအောင်..ဆိုကြ ရအောင်ပါ..။ ပြည်သူပြည်သား အားလုံး မတ်တပ်ရပ်လိုက်ကြပါ..။
(မူရင်း တို့ ဗမာ သီချင်းနဲ့  ယနေ့  နိုင်ငံတော် သီချင်း (အမျိုးသားတေး) တို့ ကို ..အောက်မှာ ထပ်မံ
ဖော်ပြလိုက်ပါတယ်..)
ဖော်ပြလိုက်ပါတယ်..)
`
`တို့ ဗမာ သီချင်း´´(မူရင်း)
တကောင်း အဘိ ရာဇာ...တို့ ဗမာ သာကီမျိုး ဟာမို့ ..မညှိုး ဂုဏ်တေဇာ..များစွာပ တိုင်းများကိုပါ...တိုက်ခိုက် ကာ အောင်ခဲ့ တာ တို့ ဗမာ။ စိန်မှန်ကင်းစစ်..အဖြစ်ကြီး ဖြစ်လျက်..ထင်းတလှည့် ကြုံ ရ..ထုံးနဲ့ မသွေ..လောက ဓမ္မတာပေ..ငါတို့ ကံခေ..ဖြစ်ရပြန်သလေ..သို့ သော် အရင်းကိုစစ်လျင် ..ဗမာပြေ..ငါတို့...ငါတို့ ပြေ။
နောင်..ဥဒါန်း ..ဘယ်မကြေစရာ..၊ရာဇ၀င် တင်ထား..၊မျိုးရိုးနွယ်လာ..၊ကမ္ဘာတခွင်မှာဖြင့်  ..ဗမာအထင်အရှား၊ တို့ ခေတ်တွင်မှ ..ညံ့ ကြတော့ မှာလား..တို့ ဗမာ..တို့  ဗမာ ..မဟုတ်လေသလား..
(တို့ ဗမာ..ငါတို့ ဗမာ)၂
(ဒါ..ငါတို့ ဗမာ)၂ ...
အားလုံး..ညီညီ..၊ယောက်ျားဘသား..တို့ ဗမာ..၊နောင်လာ နောက်သား ..ကောင်းစားဖို့ ရာ တို့ ကိုယ်ကျိုး..လုံးလုံး မပါ..။ရဲရဲ ..ဗမာပီပီ..ဗမာပြေ..တို့ ဗမာ ဘို့ပါ..။ သခင်ကျင့် ကို ကျင့် ကြပါ..၊သခင်မျိုး
ဟေ့  ..တို့ ဗမာ..။ မိုးအောက် မြေပြင်မှာ ..အထက်တန်း စိတ်နဲ့ ..စာမရီ သွေး တို့ ဗမာ..။
ဟေ့  ..တို့ ဗမာ..။ မိုးအောက် မြေပြင်မှာ ..အထက်တန်း စိတ်နဲ့ ..စာမရီ သွေး တို့ ဗမာ..။
(သံပြိုင်) ကမ္ဘာ မကြေ..ဗမာတတွေ..(ဒါ.. တို့ ပြေ..ဒါ ..တို့ မြေ..ဒါငါတို့ပြေ) ၃....(တို့ ဗမာ)၂ ပြေ..ကို..
တိုင်းရင်းသား အကုန်အစင် ...တို့ ပြေလို့  မှတ်ထင်..တို့ ဝတ္တရားပင်...တို့ ဗမာခင်။
တိုင်းရင်းသား အကုန်အစင် ...တို့ ပြေလို့  မှတ်ထင်..တို့ ဝတ္တရားပင်...တို့ ဗမာခင်။
အမျိုးသားရေး...ကြိုးပမ်းကြပါ..၊ တို့ ဗမာဟေ့ ...တို့ ဗမာ..။
သြော် ..အမျိုးသားရေး..ကြိုးပမ်းကြပါ..၊တို့ ..ဗမာ ဟေ့ ..တို့  ဗမာ..၊အရှေ့ က နေ၀န်း ထွက်သည့် ပမာ၊ တို့ ခေတ်ကိုတော့ ရောက်ရမည်မှာ မလွဲပါ..၊တို့ ..ဗမာ ဟေ့ ..တို့ ဗမာ၊
ဗမာ ပြည် တ၀ှမ်း အကုန်..တို့ အိမ်မှတ်ပါ..တို့ ယာမှတ်ပါ..အဲဒါ..တို့ ဗမာ။
`` နိုင်ငံတော် သီချင်း´´
( ခြေဆင်း) တရားမျှတ ..လွတ်လပ်ခြင်းနဲ့  မသွေ...တို့  ပြေ..တို့  မြေ..၊များလူခပ်သိမ်း... ငြိမ်းချမ်းစေဖို့ ခွင့် တူ ညီမျှ .. ၀ါဒ ဖြူစင်တဲ့  ပြေ..တို့ ပြေ..တို့မြေ..၊ပြည်ထောင်စု အမွေ..အမြဲတည်တံ့ စေ အဓိဌာန်ပြု မလေ..ထိန်းသိမ်းစို့ လေ..
(ကမ္ဘာ မကြေ..ဗမာပြေ..တို့ ဘိုးဘွား အမွေစစ်မို့  ချစ်မြတ်နိုးပေ)၂
ပြည်ထောင်စုကို အသက်ပေးလို့  တို့ ကာကွယ်မလေ..
ဒါ..တို့ ပြေ..ဒါတို့ မြေ..တို့ ပိုင်နက်မြေ
တို့ ပြေ ..တို့ မြေ..အကျိုးကို..ညီညာစွာ တို့ တတွေ..ထမ်းဆောင်ပါစို့ လေ
တို့ ..တာဝန်ပေ..အဖိုးတန် မြေ..
ဒါ..တို့ ပြေ..ဒါတို့ မြေ..တို့ ပိုင်နက်မြေ
တို့ ပြေ ..တို့ မြေ..အကျိုးကို..ညီညာစွာ တို့ တတွေ..ထမ်းဆောင်ပါစို့ လေ
တို့ ..တာဝန်ပေ..အဖိုးတန် မြေ..
Saturday, September 24, 2011
ထာဝရမြစ်
သဘာဝလွန်အတွေးတွေ နဲ့ .
ငါ့ ကိုလာ မဖျက်ဆီးပါနဲ့ 
ငါ့ စီးဆင်း မှု နဲ့ ငါ
ငါ့ ဖာသာ စီးဆင်းလာ ခဲ့  တယ်..
လောဘရမ္မက် ဆိုးတွေနဲ့ 
ငါ့ ကို လာမကျူးကျော်ပါ နဲ့ 
ငါ့ သွေးကြောတွေ နဲ့ ငါ
ငါ့ ဖာသာ စီးဆင်းလာခဲ့ တယ်..
ဟိုး..ရေခဲတောင်တွေဆီက့ 
သဘာဝလက်ဆောင် တထွေးတပွေ့ ကို
ငါ့ သွေးသားတွေအတွက် မျှဝေရင်း
ငါ့ သမိုင်းကြောင်းနဲ့ ငါ
ငါ့ ဖာသာ စီးဆင်းလာခဲ့ တယ်
ငါ့ စီးဆင်းမှုဟာ
သဘာဝတရားမှာသာ သန္ဒေ တည်တယ်
သဘာဝတရားကို ချစ်မက်တဲ့ 
ငါ့ သွေးသားတွေဟာ
ဘိုးဘွားဘီဘင် လက်ထက်ကတည်းက
ငါ့ ဖက်မှာ ..အမြဲ.ရှိနေတယ်
ငါ့ စီးဆင်းမှုကို
သဘာဝလွန်ပိတ်ဆီးသမျှ
သဘာဝရဲ့ ကျိန်စာသင့် လိမ့်မယ်
ကြားရဲ့ လား..ဟေ့ 
ငါ့ စီးဆင်းမှုအတွက်
ငါ့ သွေးသားတွေက လဲ..ဓါးထက်ထက်သွေးနေကြတယ်
ဘာပဲဖြစ်ဖြစ်
ငါဟာ
ထာဝရ မြစ် ဖြစ်တယ်.။ ။
ငါ့ ကိုလာ မဖျက်ဆီးပါနဲ့ 
ငါ့ စီးဆင်း မှု နဲ့ ငါ
ငါ့ ဖာသာ စီးဆင်းလာ ခဲ့  တယ်..
လောဘရမ္မက် ဆိုးတွေနဲ့ 
ငါ့ ကို လာမကျူးကျော်ပါ နဲ့ 
ငါ့ သွေးကြောတွေ နဲ့ ငါ
ငါ့ ဖာသာ စီးဆင်းလာခဲ့ တယ်..
ဟိုး..ရေခဲတောင်တွေဆီက့ 
သဘာဝလက်ဆောင် တထွေးတပွေ့ ကို
ငါ့ သွေးသားတွေအတွက် မျှဝေရင်း
ငါ့ သမိုင်းကြောင်းနဲ့ ငါ
ငါ့ ဖာသာ စီးဆင်းလာခဲ့ တယ်
ငါ့ စီးဆင်းမှုဟာ
သဘာဝတရားမှာသာ သန္ဒေ တည်တယ်
သဘာဝတရားကို ချစ်မက်တဲ့ 
ငါ့ သွေးသားတွေဟာ
ဘိုးဘွားဘီဘင် လက်ထက်ကတည်းက
ငါ့ ဖက်မှာ ..အမြဲ.ရှိနေတယ်
ငါ့ စီးဆင်းမှုကို
သဘာဝလွန်ပိတ်ဆီးသမျှ
သဘာဝရဲ့ ကျိန်စာသင့် လိမ့်မယ်
ကြားရဲ့ လား..ဟေ့ 
ငါ့ စီးဆင်းမှုအတွက်
ငါ့ သွေးသားတွေက လဲ..ဓါးထက်ထက်သွေးနေကြတယ်
ဘာပဲဖြစ်ဖြစ်
ငါဟာ
ထာဝရ မြစ် ဖြစ်တယ်.။ ။
Monday, September 19, 2011
ဖွ..လွဲ..ဖယ်
လာပြန်ပြီ..
ကြေကွဲစရာ..မမေ့နိုင်စရာ..မမေ့သင့်စရာ...နှစ်ပတ်လည်တွေ..တခုပြီးတခု...
ကြေကွဲစရာ..မမေ့နိုင်စရာ..မမေ့သင့်စရာ...နှစ်ပတ်လည်တွေ..တခုပြီးတခု...
ပြက္ခဒိန်တခုလုံး..ရဲဘလောင်းခတ်လို့ ...နဂါး ခေါင်း..ဘယ်လို..စောင်းစောင်း...
မြန်မာပြည်ရဲ့ ဆယ့် နှစ်ရာသီလုံး.မှာ....သူရဲကောင်းတို့ ရဲ့  သွေးတွေနဲ့
မြန်မာပြည်ရဲ့ ဆယ့် နှစ်ရာသီလုံး.မှာ....သူရဲကောင်းတို့ ရဲ့  သွေးတွေနဲ့
ဖြာနေတုံးပဲ ..
ရက်ရာဇာ ပြသဒါးမရွေး....အမိမြေဟာ ..နာကျင်တေး ကို ဆိုနေရသေးဆဲ
တနှစ်မှာ ၃၆၅ရက် ပဲ.. ရှိတဲ့ အထဲ....မစဲသေးတဲ့ .ပြသနာပေါင်းက သောင်းခြောက်ထောင်
တနှစ်မှာ ၃၆၅ရက် ပဲ.. ရှိတဲ့ အထဲ....မစဲသေးတဲ့ .ပြသနာပေါင်းက သောင်းခြောက်ထောင်
ကဲ..အကျဉ်းထောင်တွေထဲက ... နိုင်ငံရေးအကျဉ်းသားခေါ်ခေါ်...ယုံကြည်ချက်အကျဉ်းသားခေါ်ခေါ်
လူဆိုးသူခိုး ဂျပိုးမဟုတ်တာသေချာတဲ့ .... လူနှစ်ထောင်ကျော်ဟာ
အပြု သဘော ဆောင် ဖို့ အတွက် ... အကောင်းဆုံး သက်သေ မဟုတ်ဖူးလား
အဝေးရောက်သားတွေ အတွက်..တဲ့ ..ကမ်းလက် မှာ သပြေခက်တွေ ထိုးထားသလိုလိုနဲ့ 
ခြေတုလက်တု စက်ရုံထွက် ..သစ်သားလက်ကြီးတဖက်က...သွေးတစက်စက်နဲ့..
.နောက်ကျောမှာ ဖွက်လို့ ..
ရင်ကြားစေ့ ဖို့ ...ဆွဲ..ဆွဲ ..စိနေရတဲ့ .. ဇစ်..ကလည်း..
လမ်းတ၀က်မှာ.. ဘာဖြစ်လို့ ...ခဏခဏ တစ်နေရတာပါလိမ့် 
မစေ့ နိုင်သေးတဲ့  ..ရင်ကြားဟာ...ဇစ်..ကြားမှာ ..နာကျင်စွာ.. ညပ်..ညပ်ပါနေတုံး
တကယ်လား..အတည်လား
မီဒီယာကို ..မီဒီယာနဲ့ တိုက်တာလား...ကူလီကူမာ နဲ့ တိုက်တာလား
ဒီကြားထဲ...
ကွဲကြပြဲကြ...ကလန့် ကြ..ခြေထိုးကြ..ကိုယ်ကျိုးရှာကြ..အသံကောင်းဟစ်ကြ..ဖောက်ပြန်ကြ
လူယုတ်မာတွေ ၀မ်းသာအောင် လေလည်ပြနေသေး သမျှ
ဘာမှ..ရမလာဘဲ....အစာမကြေတဲ့ ..မြန်မာပြည်ရဲ့ ..ပြက္ခဒိန်ဟာ
စာမကြေတဲ့ ..ကလေးတယောက်ရဲ့  ..မင်နီတွေ..ရဲဘလောင်းခတ်နေတဲ့ ..အဖြေလွှာလို
.နောက်ထပ်ကြေကွဲစရာ နေ့ တွေနဲ့ သာ..
ရဲဘလောင်း ခတ်နေဦးမှာ..
ရင်ကြားစေ့ ဖို့ ...ဆွဲ..ဆွဲ ..စိနေရတဲ့ .. ဇစ်..ကလည်း..
လမ်းတ၀က်မှာ.. ဘာဖြစ်လို့ ...ခဏခဏ တစ်နေရတာပါလိမ့် 
မစေ့ နိုင်သေးတဲ့  ..ရင်ကြားဟာ...ဇစ်..ကြားမှာ ..နာကျင်စွာ.. ညပ်..ညပ်ပါနေတုံး
တကယ်လား..အတည်လား
မီဒီယာကို ..မီဒီယာနဲ့ တိုက်တာလား...ကူလီကူမာ နဲ့ တိုက်တာလား
ဒီကြားထဲ...
ကွဲကြပြဲကြ...ကလန့် ကြ..ခြေထိုးကြ..ကိုယ်ကျိုးရှာကြ..အသံကောင်းဟစ်ကြ..ဖောက်ပြန်ကြ
လူယုတ်မာတွေ ၀မ်းသာအောင် လေလည်ပြနေသေး သမျှ
ဘာမှ..ရမလာဘဲ....အစာမကြေတဲ့ ..မြန်မာပြည်ရဲ့ ..ပြက္ခဒိန်ဟာ
စာမကြေတဲ့ ..ကလေးတယောက်ရဲ့  ..မင်နီတွေ..ရဲဘလောင်းခတ်နေတဲ့ ..အဖြေလွှာလို
.နောက်ထပ်ကြေကွဲစရာ နေ့ တွေနဲ့ သာ..
ရဲဘလောင်း ခတ်နေဦးမှာ..
---
Friday, August 5, 2011
ခြိမ်း၍ရွာသောမိုး
အဲဒီနေ့က...မိုးဖွဲဖွဲလေးကျနေတဲ့ကြားမှာ... စက်ဘီးကလေးစီးပြီး....ကျောင်းတက်ဖို့လာခဲ့တယ်...။
စိတ်ထဲမှာ.. `ဒီနေ့ ..ဘာတွေ ဖြစ်လာမလဲ´ဆိုတာ စိတ်စောနေမိတယ်..။ အဲဒီအချိန်မှာဘဲ.. အရှိန်ပြင်းပြင်း မောင်းလာတဲ့...ကားတစီးဟာ....ကျ မနံဘေး ကနေ ဖြတ်ပြီး..ကျောင်း ၀င်း ထဲကို... .ရေးကြီးသုတ်ပြာ... . ၀င်သွားတယ်။ မြို့နယ်ကောင်စီ ဥက္ကဌ ဗိုလ်မှူးနဲမြို့နယ် ရဲမှူး အပါ အ၀င် ....မြိုနယ် အာဏာပိုင်တွေလေ..။ ဒီရက်တွေမှာ...သူတို့လည်း..ပျားတုပ်နေတာကိုး..။ ဒီေ န့က... ကျောင်းသားတွေ ..ပြည်သူတွေ ရဲ့ သွေးနီနီတွေနဲ့ စွန်းထင်းပေကျံနေတဲ့ ဦးနေ၀င်းရဲ့ ... မ.ဆ.လ အစိုးရကို..တတိုင်ြး ပည် လုံး အုံကြွ တော်လှန်ကြဖို့  ရက်ချိန်း ပေးထားတဲ့ .... သမိုင်းဝင်....၈ရက် ၈လ ၈၈ ..လေ။
သမိုင်းဝင် ရှစ်လေးလုံး အရေးတော်ပုံကြီး ဖြစ်မယ့်နှစ်မှာ ... ကျမ က ကျောင်းပြီးစ ဆရာမပေါက်စ
ဘ၀နဲ့ စာမသင်ရသေးဘဲ.. .မြို့စွ န်က.. အထက ကျောင်းရုံးမှာအလုပ် ၀င်နေရချိန်.....။
အဲဒီမနက်က ကျောင်းတကျောင်းလုံး ထူးထူးခြားခြား တိတ်ဆိ တ်နေပြီး၊ မြို့နယ်ကောင်စီဥက္က ဌ ဗိုလ်မှူးနဲ့ မြို့နယ်ရဲမှူး တို့တွေရဲ့ စစ်ဖိနပ်သံကြီးေ တွကဘဲ ကျောင်းကော်ရစ်တာ တလျှော က်မှာ......တဒေါက်ဒေါက်နဲ့ မုန်းစရာကောင်းအောင် ကြားနေရတယ်။
ဘ၀နဲ့ စာမသင်ရသေးဘဲ.. .မြို့စွ
အဲဒီမနက်က ကျောင်းတကျောင်းလုံ
ကျောင်းသားတွေကတော့...ခါတိုင်းလို.....မဟုတ်ဘဲ..တိတ်ဆိတ်နေတယ်...။
မုန်တိုင်းမလာခင်...ငြိမ်သက်ေ နတဲ့..ပင်လယ်ပြင်ကြီး...လိုမျိုး။ ဆရာ ဆရာမတွေကလည်း..
ကျောင်းသားတွေရဲ့ လှုပ်ရှားမှုတွေကို အနီးကပ်စောင့်ကြည့် နေရင်း..တချို့ က..ကျောင်းနံရံ တွေ မှာ
ကပ်ထားတဲ့ ဆန္ဒပြဖို့ နှိုးဆော် စာတွေကို... လိုက်ခွါတဲ့လူက..ခွါ ။ တချို့ကတော့..ကျောင်းသား ငယ်တွေကို ဆန္ဒပြမှုတွေ မလုပ်ကြဖို့ေ ချာ့တခါ...ချောက်တလှည့်..ပြောေ နကြတယ်..။ ဒါပေမယ့်..သူတို့လဲ.. တာဝန်အရ..လုပ်နေကြပေမယ့် ပေါက်ကွဲကာနီး ဗုံးကြီးတခုလို ဖြစ်နေတဲ့...တိုင်းပြည်အခြေ အနေတွေ အရ... စိတ် လှုပ်ရှားနေကြပုံရတယ်..။
ဒီလိုနဲ့ နေ့လည် (၁၁)နာရီခွဲ.. ထမင်းစားကျောင်းဆင်းချိန် ရော က်လာပြီ။ မြို့နယ် ပညာရေးမှုး၊ ကျောင်းအုပ်ဆရာမကြီး၊ ဆရာဆရာမတွေနဲ့  မြို့ နယ်အာဏာ ပိုင်တွေ ဟာ လုံခြုံရေးသတိ အပြည့်နဲ့ ကျောင်းဂိတ်ပေါက်ဝမှာ စောင့်ေ နကြတယ်..။ ကျမတို့ မြို့မှာလည်း... အထက ကျောင်းသားလေးတွေကနေ.. စပြီး..ဆန္ဒပြကြမယ်လို့ သတင်းရထားတယ်..တဲ့ ..။မြို့ ထဲမှာလည်း လူတွေက.. တလှုပ်လှုပ်တရွရွနဲ့ ဒီနေ့ ကို စိတ်လှုပ်ရှားစွာ......စောင့်ြ ကည့်နေကြတယ်။ မြို့လည်...တိုင်း ချစ်..ရုပ်ရှင်ရုံမှာ...အဲဒီရက် တွေမှာ...ပြနေတဲ့ရုပ်ရှင်ကားက.. .`ခြိမ်း၍မရွာသောမိုး´တဲ.့.။ တချိုကလည်း ..ဒီနေ့ကို.. `ခြိမ်း၍ မရွာသောမိုး´ဘဲ ဖြစ်မှာပါလို့  ဆိုနေကြတယ်..။
မုန်တိုင်းမလာခင်...ငြိမ်သက်ေ
ကျောင်းသားတွေရဲ့ လှုပ်ရှားမှုတွေကို အနီးကပ်စောင့်ကြည့် နေရင်း..တချို့ က..ကျောင်းနံရံ တွေ မှာ
ကပ်ထားတဲ့ ဆန္ဒပြဖို့ နှိုးဆော်
ဒီလိုနဲ့ နေ့လည် (၁၁)နာရီခွဲ.. ထမင်းစားကျောင်းဆင်းချိန် ရော
ကျမ ..အလုပ်လုပ်နေတဲ့ ..ပညာရေးမှူးရုံးရဲ့ စာရေးကြီးကလည်း..ပညာရေးမှူးတွေနဲ့ အတူ ကျောင်း ဂိတ်ပေါက်ဝကို... ဆင်းလို
ပြီးတော့...`မင်းတို့ ..ခုခေတ် ကျောင်းသားတွေ ငါတိုခေတ်က ကျောင်းသားတွေလောက် သတ္တိ မရှိ ပါဘူးကွာ´ လို့ ..ခဏခဏပြောတတ်ပေမယ့် သူ့ သား (၉)တန်းကျောင်းသားလေး ယူယူ လာတဲ့  `တို့နောင်တော်...ကျောင်းသားတွေ အသတ်ခံနေရပြီ..´ ဆိုတဲ့ လက်ကမ်း စာရွက်မျိုး ကလေးတွေ ကိုတော့ ရုံးထဲ ယူယူလာပြီး အချင်းချင်းလှည့် ဖတ်ဖို့ တိုးတိုးတိတ်တိတ်.. ပေးတတ်တယ်..
ဖမ်းဆီးခံကျောင်းသားတွေ .. လုံထိန်းကားထဲ မှာ ပိတ်မိမွန်းကြပ်. သေဆုံးခဲ့ ပုံတွေ..ကို ဦးအောင်ကြီးက... သူ့ ဆရာဦးနေ၀င်း ဆီ... (မသိဘူးထင်လို လားမသိ) အစီရင်ခံထားတဲ့ စာတမ်း ရှည်ကြီး ကို လည်း ကျမတို့  ရုံးထဲမှာ တိတ်တဆိတ်...လှည့် ဖတ်ကြတယ်..။ တကယ်တော့ .. တတိုင်းပြည်လုံးနီးပါး .... ပြည်သူတွေဟာ..ဦးနေ၀င်းနဲ့ မဆလ အစိုးရကို ရွံရှာ..မုန်းတီး...နာကျည်း...ေ
ကျောင်းဆင်းခေါင်းလောင်းထိုးချိ
`မင်းတို့ ခေတ် ကျောင်းသားတွေ တို့ ခေတ်က ကောင်တွေလောက် သတ္တိ မရှိပါဘူးကွာ´တဲ့ ..။
ပြောလို့မှ စကားမဆုံးသေးဘူး... အ.
တခဲတနက်.... ကျယ်လောင်မြည်ဟီးတဲ့
အစပိုင်းမှာ ကျောင်းသားလေးတွေ.. အဓိကကြွေးကြော် ကြတာက လောလောလတ်လတ်... မတရား
သတ်ဖြတ် ဖမ်းဆီးခံခဲ့ရတဲ့.. သူတို
မြို့ နယ်ကောင်စီရုံးရှေ့ က အဖြတ်မှာ အဲဒီ အချိန်က မြို့ နယ်ကောင်စီဥက္ကဌ ဗိုလ်မှူးက..ထွက်လာပြီး..
ကျောင်းသားအုပ်ထဲက သူ့ သူငယ်ချင်
ဖြစ်ကုန်ကြပါတယ်..။ အခြေအနေကို စောင့်ကြည့်နေတဲ့  မြို့ လူထုကလည်းဝိုင်းအုံ လာပါ တယ်..။ အဲဒီအချိန်မှာ...မြို့ နယ်ကောင်စီဝင်...တရားသူကြီးဖြစ်နေတဲ့  အထက ကျောင်းအုပ်ဆရာကြီးဟောင်း
အဲဒီအချိန်မှာ..ကျောင်းသားတန်ြး
တယောက်ယောက်က..မြို့ လည် အာဇာနည် ကျောက်တိုင် ဆီကိုချီတက်ကြမယ် လို့ဆော်သြလိုက်
သံနဲ့ အတူ..ဆန္ဒပြ လူတန်းကြီးဟာ..ကြွေးကြော်သံတွေ
စက်ဘီးကြီး ကန့် လန့် ကန့် လန့် နဲ့  လိုက်နေတဲ့  ကျမကို..အသိဦးလေး တယောက်က လွတ်လွတ် ကျွတ်ကျွတ် လိုက်ပါစေတော
အာ ဇာနည် ကျောက်တိုင် ရှေ့ မှာ ကျောင်းသားလေးတွေ ရပ်လိုက်ကြပါတယ်..။ သူတို့ လေးတွေ ရဲ့  နဖူးနဲ့ မျက်နှာလေးတွေကို..ပုဝါနီလေးတွေ နဲ့  စည်းနှောင်ထားတဲ့  အထက ကျောင်းသားလေးတွေဟာ.. ရုတ်တရက် ဘာဆက်လုပ်ရမှန်း မသိသလိုပါဘဲ..။ ဒါပေမယ့် သူတို့အားလုံးရဲ့ မျက်နှာ လေး တွေဟာ သွေးမြေ ကျခဲ့တဲ့ သူတို့ အကိုအမ ကျောင်းသားတွေ အတွက် တခုခု လုပ်ပေးကြဖို့ ဆုံးဖြတ်ချက် ခိုင်ခိုင် ချ ထားဟန်အပြည့် နဲ့ ရဲရဲရင့်ရင့်ရှိလှပါတယ်.....။ သူတို့ မျက်နှာတွေကို ကြည့်ရင်း... ဘာလို့ လဲတော့မသိ... ကျမ ရုတ်တရက်..မျက်ရည်တွေဝိုင်းလာ မိပါတယ်..။ ဘာဘဲဖြစ်စေ..
အဲဒီအချိန်မှာ..ဆန္ဒပြ လူအုပ်ဆီကို ရဲအင်အားအပြည့် ကသေနတ်တွေ နဲ့  ချိန်ထားကြပါပြီ။
အာဏာပိုင်တွေကလည်း လူစုခွဲကြဖိ
အော်နေပါပြီ..။ ခုနကျောင်းအုပ်
ဒါပေမယ်..ငိုအားထက်ရီအားသန်ဆို
ဘယ်ဆရာကို တော့ အရက်သိပ်သောက်လို့ .. အိုပီလာမော့ .. လို့ ခေါ် တဲ့  အကြောင်းမျိုးတွေ
လျှောက်ပြောနေပါတယ်..။ ခုန ဆန္ဒပြ လူအုပ်ထဲ ၀င်လာတဲ့ ကျောင်းအုပ်ဆရာကြီးဟောင်းကဘဲ..
`ဟေ့ ကောင်တွေ ခုချိန်... အဲဒါတွေ လျှောက်မပြောရ ဘူးကွ´လို့တားတော့..ကျောင်းသား ထဲက တယောက်က..`ခင်ဗျားက..ကောင်စီ
နောက်တယောက်က..`ဟေ့..အဲဒါ..တို့ ကျောင်းက ဆရာကြီးကွ.. ရန်ကုန်မှာ ကျောင်းသားတွေ အသတ်ခံ ရတဲ့  အကြောင်း ပြောမယ် ´လို့ ..စတင်နှိုးဆော် လိုက်ပါတယ်.....။
နောက်.အင်းလျားကန်ဘောင်မှာ..ေ
ကျောင်းသူကျောင်းသားတွေရဲ့ သွေးတွေနဲ့... စွန်းထင်းခဲ့ ရတဲ့ တံတားနီအရေးအခင်း...အကြော
ကျောင်းသားတယောက်က..စပြီးပြောပါ
အဲဒီအချိန်မှာဘဲ... ဆန္ဒပြလူအုပ်
ဓါတ္ပံုဆိုင္ကို..အုတ္ခဲက်ိဳူးေ
ထိန်းလိုက်နိုင်ပြန်ပါတယ်..။
အားလုံး ရုတ်ရုတ်သဲသဲဖြစ်နေချိန်မှာ.. .ကျောင်းအုပ်
ခေါင်းဆောင်နေတဲ့ လူတချို့ကို.. တနေရာထဲမှာ...
ဒါပေမယ့်... အချိန်တိုလေး အတွင်းမှာ မြို့ ရဲ့နိုင်ငံရေးတက်ကြွသူ လူငယ် လူလတ် တချို့ ဟာ.. ဆန္ဒပြလူထုကို...စနစ်တကျထိန်
အဲဒီအချိန်မှာ..ခေါင်းစည်းအနီလေးပတ်ထားတဲ့ အ.ထ.က ကျောင်းသားလေး တယောက်က... လူအုပ်ကြီးထဲကို.. စားပွဲဝို
တယ်....။ ပါးစပ်ကလည်း..`ငြိမ်းချမ်းစြွာ
မြေဖြူ တချောင်းနဲ့...`ငြိမ်း
အဲဒီ ကျောင်းသားလေးကဘဲ၊ အဲဒီ... စားပွဲဝိုင်းဆို
`ဆန်တပြည်..၁၅ပြား ..အောင်ကြီးလာမှ..စား ´ ဆိုတဲ့ အခြေခံ လူထုရဲ့  မကျေနပ်ချက်တွေ လဲ ကြွေးကြော်သံတွေထဲမှာပါလာတယ်။ အဲဒီ နောက်မှာတော့ တတိုင်းပြည် လုံးအတွက်.. အဓိက လိုအပ်ချက်ဖြစ်နေတဲ့  `လူ့ အခွင့် အရေးနဲ့  ဒီမိုကရေစီ ရရှိရေး တို့ အရေး´ ဆိုတဲ့  ကြွေးကြော်သံတွေ အထိ ပါလာပါတော့ တယ်..။
ဆန္ဒပြလူအုပ်ကြီးဟာ....မြို့တော
ခြိမ်းထားတဲ့  မိုးကတော့..တကယ့်ကိုရွာချလိုက်
ပိုသွက်လာသလို... လမ်းဘေးကနေ.. ဆန
တီးလိုက်ကြတဲ့... လက်ခုပ်သံတွေ
မြို့ မြောက်ပိုင်းကို အရောက်မှာတော့ကျောင်းအုပ်ဆရာကြီးဆီက သတင်းစကားတခုပါးလာ ပါတယ်....။ အာဏာပိုင်တွေကို
မြို့လည် အာဇာနည်ကျောက်တိုင် ဆီ ပြန်ဝင်လာပါပြီ..။ မီးရထား လမ်း ကိုဖြတ်ကူး ခါနီး မှာတော့...
``ဒိုင်း...ဒိုင်း..ဒိုင်း ´´ ဆိုတဲ့  အသံတွေ ကိုကြားလိုက်ရပါတယ်..။ လူအုပ်ကြီးဟာ
အမျိုးသားကြီး တဦးက..အဖြူအစိမ်းဝတ်ထားတဲ့  ..ကျမကို ...
`ဆရာမ..ဆရာမ...ကလေးတွေ ကို ထိန်းပါဦး´ လို့ ပြောလိုက်တော့ မှ သတိဝင်ပြီး.. ကိုယ့် အနီးမှာ ရောက်နေတဲ့ ကျောင်းသူလေးတစုကို လက်ဆွဲထားပြီး.. မကြောက်ကြဖို့  အားပေးနေ ပေမယ့် ...ကိုယ်တိုင်ကတော့...ဒူးတွေကို..
တကယ်တော့ သေနတ်ပစ်တာမဟုတ်ဘဲ လမ်းက ဓါတ်ပုံဆိုင်တဆိုင်ကို လူအုပ်ထဲက တချို့ ကခဲတွေ နဲ့ ၀ိုင်းထုလိုက်တဲ့...အသံေ
အေးအေးချမ်းချမ်း...လူစုခွဲနို
အဲဒီနေ့ က... ပုဒ်မ.. ၁၄၄ ထုတ်ချင်တဲ့ ... အာဏာ ပိုင်တချို့ ခမျာ ပစ်မိန့် တောင်းခံဖို့  ခရိုင်မြို့ အနီးက စစ်တပ်ကိုလှမ်းအကြောင်းကြားပါသေးတယ် တဲ့.
လူစုခွဲကာနီးမှာ.. ဆန္ဒပြသူတွေထဲ
ကျောက်တိုင်.. အနားက.. တိုင်ငုတ်
.....၈.၈.၈၈. ညနေခင်းနေရောင် .. လဲ့ လဲ့ လေး. .အောက်မှာ..သပိတ် မှောက်ထားတဲ့ ကျမတို့ မြို့ လေးရဲ့ အာဇာနည် ကျောက်တိုင်မြင်ကွင်းကို..ဒီနေ့အထိ..မျက်စိထဲက..မထွက်ပါဘူး..။
Subscribe to:
Posts (Atom)




