Wednesday, May 5, 2010

မျက်လှည့်


မျက်လှည့်ပါဆိုမှ
ကြည့်ချင်သေးသပဆို
ကြွခဲ့
မျက်စိတွေကိုလှည့်ပစ်မယ်
မျက်လှည့်။
ယမ်းငွေ့တွေကြားထဲ
ဂျိုးဖြူလေးတွေလဲ
မျက်လှည့်။
ဓားပေါက်သူကလဲ
မျက်လှည့်။


ဓားပေါက်ခံသူကလဲ
မျက်လှည့်။
ပေါက်ဓားတွေကလဲ
မျက်လှည့်။
ရှေ့ ပိုင်း
နောက်ပိုင်း
အလယ်ပိုင်း
တယောက်ထဲတကိုယ်တော်ကြဲသွားတဲ့
မျက်လှည့်ဆရာကြီးကလဲ
မျက်လှည့်။
ပွဲမပြဖြစ်လဲ
ငွေပြန်အမ်းချင်မှအမ်းမယ်
ခင်ဗျားတို့ရုံဝင်ခတွေ
လေထဲမှာပြာမှုန်လေးတွေဖြစ်သွားပြီ
ယုံချင်ယုံမယုံချင်နေ
မျက်လှည့်။
ကိုယ့်ပိုက်ဆံနဲ့ကိုယ်
အလိမ်ခံချင်ရင်
ကြွခဲ့....မျက်လှည့်။ ။

2 comments:

  1. ဟိုက် အလိမ်မခံချင်ဘူး။
    ကိုယ့်ပိုက်ဆံနဲ့ ကိုယ်တော့ ဟိဟိ။


    မအယ်

    ReplyDelete
  2. လိမ်ချင်လို့ကို မျက်လှည့်သမား လုပ်နေတယ် ထင်ပါ့ မမနီ။ တချို့ကလဲ ၅သိန်း သွင်းပြီးတော့ကို အလိမ်ခံကြတာ ရှိသေးသကိုး။ :)

    ReplyDelete