Thursday, October 15, 2015

ဒီအချိန်ဟာ

 
 ဒီ အချိန်ဟာ
ညီအကိုမသိတသိအချိန်မဟုတ်ဘူး
ညီအကိုမှန်းသိလျှက်နဲ့ အ..ပ မှီတဲ့ အချိန်။
ဒီအချိန်ဟာ
 ဖုတ်သဘက်တွေမြူးတဲ့  နွားရိုင်းသွင်းချိန်။
 ဒီအချိန်ဟာ
အကျည်းတန်တဲ့ သူတွေရုပ်ဖျက်
လှချင်ယောင်ဆောင်နေတဲ့  အချိန်။
 ဒီအချိန်ဟာ
 ဆည်းဆာတိမ်တောက် အလင်းပျောက်ကာနီး အချိန် အမှောင်ညတွေဟာ သွေးလေခြောက်ခြားစွာ ရောက်လာတော့မယ်...
 ဒီအချိန်ဟာ....
 ဒီအချိန်ဟာ...
. ဒီအချိန်ဟာ..
 အပမ္မာဒေန..သမ္မာဒေထ။ ။
 (နီဇူလိုင်)
၂၃.၃.၂၀၁၃

Tuesday, September 8, 2015

နိုင်ငံရေးဆည်ကြီးက ကျိုးလုကျိုးခင်

နိုင်ငံရေးရေကြီးတယ်.
.နိုင်ငံရေး.ချောင်းရေ...မြစ်ရေလျှံတယ် ဆိုတော့
နိုင်ငံရေးဒိုက်တွေ နိုင်ငံရေးအမှိုက်တွေ
နိင်ငံရေးရေပေါ်မှာ ပေါလောပေါလောပေါ့
နိုင်ငံရေးပလစ်စတစ်တွေစတွေ.
နိုင်ငံရေး.ကြွပ်ကြွပ်အိတ်စတွေ
 အနာဂတ်နိုင်ငံရေးကလေးငယ်တွေအတွက် .
.တကယ့်နိုင်ငံရေးကပ်ဆိုးပေါ့ ဘာပဲဖြစ်ဖြစ်.
.တို့တွေအဲဒီနိုင်ငံရေးရေဘေးထဲမှာ
 ရွေးချယ်စရာမရှိ..
နစ်နေတယ်
 နိုင်ငံရေးရေဘေးဒုက္ခသည်တွေပေါ့
နိုင်ငံရေးဆည်ကြီးကလည်း..
တာရိုးကျိုးလုခင်ခင်..

ကျောင်းသားတွေနိုင်တယ်

" ကျောင်းသားတွေနိုင်တယ်" သူတို့ဟာ ခေတ်ဝန်ကိုထမ်း ခေတ်လမ်းကို လျှောက်လဲလျှောက်တယ် ဖောက်လဲဖောက်တယ် မကြောက်တရားအမြုတေနဲ့ စစ်အာဏာပလ္လင်ကို ဆွဲလှုပ် ထောင်တံခါးတွေကို ဆွဲလှုပ် မတရားဥပဒေကို ဆွဲလှုပ် နောက်ဆုံး တပြည်လုံးရဲ့  နိုင်ငံရေး နိုးကြားမှုကို ဆွဲလှုပ် ကျောင်းသားတွေနိုင်တယ် ကျောင်းသားတွေ နိုင်တယ်

ကြယ်မကြွေခင်

ကြယ်တွေလား.
.မိုးပေါ်ကိုမော့ရင်း သူ တွေးတယ်
 မြေဇာမြက်တွေလား..
.မြေပြင်ကိုငုံ့ရင်းသူတွေးတယ်
သူလျှောက်နေတဲ့ လမ်းပေါ်မှာ. .
အစာဆာနေတဲ့...ခွေးအတသိုက်က...
အူလှိုက်သည်းလှိုက်အူတယ်
သူလျှောက်နေတဲ့ ပန်းတိုင်ဆီမှာ..
တရေးအိပ်ထားတဲ့ ယုန်က .
.နိုင်ပွဲသရဖူဆောင်းရင်းစောင့်နေတယ်
 သူ...လျှောက်တော့ လျှောက်နေတာပဲ
 ကြယ်တွေကို ပန်းလိုပန်လို့
 မြက်တွေကတော့
သူ့ခြေလှမ်းတိုင်းမှာ
.ပန်းလိုပွင့်ရင်း ခင်းလို့
 ကြယ်တွေမကြွေခင်..
.မြက်တွေကြေတယ်..။

ဖွါးဖွါးကြီးကို လွမ်းတယ်


ဖွါးဖွါးကြီးကို လွမ်းတယ်..။
 မနက်စောစော…နေရောင်နွေးနွေးမှာ ဖွါးဖွါးကြီးကိုလွမ်းတယ်..။
 နွားနို့ဆန်ပြုတ်ပူပူရနံ့ လေးကို လွမ်းတယ်..။
အုန်းဆီမွှေးမွှေးလေးကို လွမ်းတယ်..။
 သူ့ဘေးက.. အငွေ့ တထောင်းထောင်းထနေတဲ့ နို့ဆန်ပြုတ်သောက်ဖို့ အရေး.. အုန်းဆီမွှေးမွေးလေးတွေနဲ့ ခေါင်းဖြီးခံရဦးမယ်တဲ့ .။
 ဗုံကလေးတွေလို တန်းစီနေတဲ့ 
 မြေးငါးယောက်ရဲ့ ခေါင်းထက်က
 အဲဒီ…ဖွါးဖွါးကြီးရဲ့  လက်ကလေးတွေကို လွမ်းတယ်..။
 ဒီနေ့…ဖွါးဖွါးကြီးဆုံးတာ အနှစ်နှစ်ဆယ်.. ။
 သမီး အိမ်ထောင်ကျတာ..အနှစ်နှစ်ဆယ်.. ။
တနေ့တည်းမှာ…
တိုက်ဆိုင်စွာ လွမ်းစရာတွေအများမေ့ကြီးနဲ့ …
.ဖွါးဖွါးကြီးကို လွမ်းတယ်..။
             နီဇူလိုင်
            ၂၅.၁၀.၁၄

လက်ပံတောင်းက မောင်းသံ


ထွန်ရေးငင်ဖို့ဝေး
 ကောက်စိုက်တေးမဆိုနိုင်
 ရိတ်သိမ်းဖို့ဝေး
 ကောက်သစ်စားတေးမဆိုနိုင်
 တော တောင် ရေ မြေ
 ငါတို့ အသွေးအသားတွေ တစစီအချွေခံနေရ
 ဘဝ
အသက်
 သွေး
 မတရားမှုတွေကိုသက်သေပြဖို့ အကြိမ်ကြိမ်စတေးခဲ့ ရ
လက်ပံတောင်းက..မောင်းသံ။
 လက်ပံတောင်းက …မောင်းသံ ။
လက်ပံတောင်းက….မောင်းသံ.။
. (နီဇူလိုင်)
 ၂၂.၁၂.၁၄

ချွတ်မနင်းသံ

တဘ၀စာ ပွတ်တိုက်မှုတွေက
 ထုလေမာလေ.. ။
 ရန်လား..ငါလား
 ဟန်လား..အဆံလား...
 အကြံများတဲ့ ..ဒလံသမားလား
အနှစ်လား..အကာလား
အစစ်လား..မာယာလား
 အပြုံးလား..အမုန်းလား
 အတုလား..အပြုလား
သိမှုမဲ့ တဲ့  အသိတွေနဲ့ 
 မုဆိုးနံ့ ရတဲ့ ..သားကောင်လို
 ချွတ်နင်းသံမကြားပဲ အလိုလို နိုးနေတယ်...။ ။
 (နီဇူလိုင်)
 ၆.၁.၁၄