နိုင်ငံရေးရေကြီးတယ်.
.နိုင်ငံရေး.ချောင်းရေ...မြစ်ရေလျှံတယ်
ဆိုတော့
နိုင်ငံရေးဒိုက်တွေ နိုင်ငံရေးအမှိုက်တွေ
နိင်ငံရေးရေပေါ်မှာ ပေါလောပေါလောပေါ့
နိုင်ငံရေးပလစ်စတစ်တွေစတွေ.
နိုင်ငံရေး.ကြွပ်ကြွပ်အိတ်စတွေ
အနာဂတ်နိုင်ငံရေးကလေးငယ်တွေအတွက် .
.တကယ့်နိုင်ငံရေးကပ်ဆိုးပေါ့
ဘာပဲဖြစ်ဖြစ်.
.တို့တွေအဲဒီနိုင်ငံရေးရေဘေးထဲမှာ
ရွေးချယ်စရာမရှိ..
နစ်နေတယ်
နိုင်ငံရေးရေဘေးဒုက္ခသည်တွေပေါ့
နိုင်ငံရေးဆည်ကြီးကလည်း..
တာရိုးကျိုးလုခင်ခင်..
Tuesday, September 8, 2015
ကျောင်းသားတွေနိုင်တယ်
" ကျောင်းသားတွေနိုင်တယ်"
သူတို့ဟာ ခေတ်ဝန်ကိုထမ်း
ခေတ်လမ်းကို လျှောက်လဲလျှောက်တယ်
ဖောက်လဲဖောက်တယ်
မကြောက်တရားအမြုတေနဲ့
စစ်အာဏာပလ္လင်ကို ဆွဲလှုပ်
ထောင်တံခါးတွေကို ဆွဲလှုပ်
မတရားဥပဒေကို ဆွဲလှုပ်
နောက်ဆုံး
တပြည်လုံးရဲ့  နိုင်ငံရေး နိုးကြားမှုကို ဆွဲလှုပ်
ကျောင်းသားတွေနိုင်တယ်
ကျောင်းသားတွေ နိုင်တယ်
ကြယ်မကြွေခင်
ကြယ်တွေလား.
.မိုးပေါ်ကိုမော့ရင်း သူ တွေးတယ်
မြေဇာမြက်တွေလား..
.မြေပြင်ကိုငုံ့ရင်းသူတွေးတယ်
သူလျှောက်နေတဲ့ လမ်းပေါ်မှာ. .
အစာဆာနေတဲ့...ခွေးအတသိုက်က...
အူလှိုက်သည်းလှိုက်အူတယ်
သူလျှောက်နေတဲ့ ပန်းတိုင်ဆီမှာ..
တရေးအိပ်ထားတဲ့ ယုန်က .
.နိုင်ပွဲသရဖူဆောင်းရင်းစောင့်နေတယ်
သူ...လျှောက်တော့ လျှောက်နေတာပဲ
ကြယ်တွေကို ပန်းလိုပန်လို့
မြက်တွေကတော့
သူ့ခြေလှမ်းတိုင်းမှာ
.ပန်းလိုပွင့်ရင်း ခင်းလို့
ကြယ်တွေမကြွေခင်..
.မြက်တွေကြေတယ်..။
.မိုးပေါ်ကိုမော့ရင်း သူ တွေးတယ်
မြေဇာမြက်တွေလား..
.မြေပြင်ကိုငုံ့ရင်းသူတွေးတယ်
သူလျှောက်နေတဲ့ လမ်းပေါ်မှာ. .
အစာဆာနေတဲ့...ခွေးအတသိုက်က...
အူလှိုက်သည်းလှိုက်အူတယ်
သူလျှောက်နေတဲ့ ပန်းတိုင်ဆီမှာ..
တရေးအိပ်ထားတဲ့ ယုန်က .
.နိုင်ပွဲသရဖူဆောင်းရင်းစောင့်နေတယ်
သူ...လျှောက်တော့ လျှောက်နေတာပဲ
ကြယ်တွေကို ပန်းလိုပန်လို့
မြက်တွေကတော့
သူ့ခြေလှမ်းတိုင်းမှာ
.ပန်းလိုပွင့်ရင်း ခင်းလို့
ကြယ်တွေမကြွေခင်..
.မြက်တွေကြေတယ်..။
ဖွါးဖွါးကြီးကို လွမ်းတယ်

ဖွါးဖွါးကြီးကို လွမ်းတယ်..။
မနက်စောစော…နေရောင်နွေးနွေးမှာ ဖွါးဖွါးကြီးကိုလွမ်းတယ်..။
နွားနို့ဆန်ပြုတ်ပူပူရနံ့ လေးကို လွမ်းတယ်..။
အုန်းဆီမွှေးမွှေးလေးကို လွမ်းတယ်..။
သူ့ဘေးက.. အငွေ့ တထောင်းထောင်းထနေတဲ့ နို့ဆန်ပြုတ်သောက်ဖို့ အရေး.. အုန်းဆီမွှေးမွေးလေးတွေနဲ့ ခေါင်းဖြီးခံရဦးမယ်တဲ့ .။
ဗုံကလေးတွေလို တန်းစီနေတဲ့ 
မြေးငါးယောက်ရဲ့ ခေါင်းထက်က
အဲဒီ…ဖွါးဖွါးကြီးရဲ့  လက်ကလေးတွေကို လွမ်းတယ်..။
ဒီနေ့…ဖွါးဖွါးကြီးဆုံးတာ အနှစ်နှစ်ဆယ်.. ။
သမီး အိမ်ထောင်ကျတာ..အနှစ်နှစ်ဆယ်.. ။
တနေ့တည်းမှာ…
တိုက်ဆိုင်စွာ လွမ်းစရာတွေအများမေ့ကြီးနဲ့ …
.ဖွါးဖွါးကြီးကို လွမ်းတယ်..။
နီဇူလိုင်
၂၅.၁၀.၁၄
လက်ပံတောင်းက မောင်းသံ
ချွတ်မနင်းသံ
မြို့ ကလေးနဲ့ တို့အရေး
မြို့ ကလေးမှာ
အဲဒီ နေ့က
ခြိမ်း၍့မရွာသော မိုး. ရုံတင်နေတယ်...။
တတိုင်းပြည်လုံးက မြို့ တွေလိုပဲ
ပြိုတော့မဲ့ မိုးတွေက ခြိမ်းလို့..။
ရွာစေချင်ပေမဲ့  ရွာမရွာ..ဘယ်သူမှ ကြို မသေချာခဲ့ ဘူး..။
မြို့ ကလေးဟာ
ကုမ္မာရီ ၀ံသာနုခေတ်ကစလို့
ခေတ်အဆက်ဆက် ရဲရဲလက်
သတ္တိ မီးခဲ တွေထွက်ခဲ့ တယ်..။
ဘိနပ်ချွတ် ဦးသိန်းမောင်လို
နယ်ချဲ့ ကို စစ်အာဏာရှင်ကို အရေခွံဆွဲခွါ မဲ့  ပွဲတိုင်းမှာ
မြို့ သမိုင်းဟာ မရိုင်း အာဇာနည်တွေ အပြိုင်းအရိုင်းပေါ်ခဲ့ တယ်..။
အဲဒီနေ့က
အထက ကျောင်းတော်ကြီးဆီက
ဒေါင်းတွန်သံတွေ.. စကြားရတယ်..။
အိုးဝေ..အိုးဝေ မိုးတွေ ရွာပြီဟေ့ ။
လမ်းမ လမ်းသွယ်တွေ ကြားမှာ
ခေတ်အဆက်ဆက်က
သီးခြားဖွဲ့ တည်ခဲ့ ကြ တဲ့ .. မိုးရေစီးကြောင်းတွေဟာ
မြို့ လည်က.. အာဇာနည်တို့ရဲ့  ရင်ပြင်မှာ ပေါင်းစုံတယ်
ဒေါင်းအကုန်က တဲ့  မိုးဟာ
ခြိမ်းလဲခြိမ်း ရွာလဲ ရွာတယ်..
အခု..အနှစ်နှစ်ဆယ်ကျော်ပြီ
မြို့ ကလေးမှာ တတိုင်းပြည်လုံးက မြို့ တွေလိုပဲ
ဒေါင်းတွန်သံ စစ်စစ် တွေ ပါးလို့
မိုးရေခါးခါးထဲမှာ ပျော်တဲ့ 
စားဖားအော်သံတွေပဲ..ကြားနေရတယ်..။ ။
(၂.၈.၂၀၁၃)
အဲဒီ နေ့က
ခြိမ်း၍့မရွာသော မိုး. ရုံတင်နေတယ်...။
တတိုင်းပြည်လုံးက မြို့ တွေလိုပဲ
ပြိုတော့မဲ့ မိုးတွေက ခြိမ်းလို့..။
ရွာစေချင်ပေမဲ့  ရွာမရွာ..ဘယ်သူမှ ကြို မသေချာခဲ့ ဘူး..။
မြို့ ကလေးဟာ
ကုမ္မာရီ ၀ံသာနုခေတ်ကစလို့
ခေတ်အဆက်ဆက် ရဲရဲလက်
သတ္တိ မီးခဲ တွေထွက်ခဲ့ တယ်..။
ဘိနပ်ချွတ် ဦးသိန်းမောင်လို
နယ်ချဲ့ ကို စစ်အာဏာရှင်ကို အရေခွံဆွဲခွါ မဲ့  ပွဲတိုင်းမှာ
မြို့ သမိုင်းဟာ မရိုင်း အာဇာနည်တွေ အပြိုင်းအရိုင်းပေါ်ခဲ့ တယ်..။
အဲဒီနေ့က
အထက ကျောင်းတော်ကြီးဆီက
ဒေါင်းတွန်သံတွေ.. စကြားရတယ်..။
အိုးဝေ..အိုးဝေ မိုးတွေ ရွာပြီဟေ့ ။
လမ်းမ လမ်းသွယ်တွေ ကြားမှာ
ခေတ်အဆက်ဆက်က
သီးခြားဖွဲ့ တည်ခဲ့ ကြ တဲ့ .. မိုးရေစီးကြောင်းတွေဟာ
မြို့ လည်က.. အာဇာနည်တို့ရဲ့  ရင်ပြင်မှာ ပေါင်းစုံတယ်
ဒေါင်းအကုန်က တဲ့  မိုးဟာ
ခြိမ်းလဲခြိမ်း ရွာလဲ ရွာတယ်..
အခု..အနှစ်နှစ်ဆယ်ကျော်ပြီ
မြို့ ကလေးမှာ တတိုင်းပြည်လုံးက မြို့ တွေလိုပဲ
ဒေါင်းတွန်သံ စစ်စစ် တွေ ပါးလို့
မိုးရေခါးခါးထဲမှာ ပျော်တဲ့ 
စားဖားအော်သံတွေပဲ..ကြားနေရတယ်..။ ။
(၂.၈.၂၀၁၃)
Subscribe to:
Posts (Atom)

